Sunday 31 January 2010

ဆန္ဒလွန်နယ်ပယ်


မေ့ပစ်ဖို့သင့်တဲ့
မမေ့နိုင်စရာတွေ
မေ့နေတဲ့
မေ့ဖို့မသင့်တာတွေ
အချင်းချင်းစီးချင်းထိုးနေကြတယ်။


လုပ်သင့်တဲ့
မလုပ်ခဲ့တာတွေ
လုပ်နေတဲ့
မလုပ်သင့်တာတွေ
ငါ့အတွက် အဖြေမရှိဘူး။


ရပ်တည်ရမဲ့
မရပ်တည်မှုတွေ
မရပ်တည်ရမဲ့
ရပ်တည်မှုတွေ
ငါ့ခေါင်းတွေ အတော်ဝေနေတယ်။


အဖြေမရှိတဲ့
မွေးခွန်းတွေ လိုက်ရှာရင်း
မေးခွန်းမရှိတဲ့
အဖြေတွေ
ငါ့ကို နှိပ်စက်နေတာ ကြာရောပေါ့။


အဲဒါ...
ငါ့ ဆန္ဒလွန်နယ်ပယ်မှာ...။


...

8 comments:

မြစ်ကျိုးအင်း said...

လုပ်သင့်တာတွေမလုပ်ခဲ့မိ
မလုပ်သင့်တာတွေလုပ်ခဲ့မိတာကို ဆန္ဒလွန်နယ်ပယ်လို့ သတ်မှတ်ရင် လူတွေတော်တော်များများ အဖြစ်ချင်း တူနေမယ် ထင်မိတယ်...။
ကျနော်တို့လည်းအတူတူပါပဲ

နွေဆူးလင်္ကာ said...

တင်တာတွေ စိပ်နေပါလားဗျ။

မိုးလွင် said...

စာမေးပွဲတွေ assignment တွေပြီးသွားလို့ထင်တယ် တင်တာတွေစိပ်နေတယ်..ဒါမှမဟုတ်..ခံစားရတာတွေများလွန်လို့ရင်ထဲကဖေါက်ထွက်လာတဲ့ခံစားချက်များလားးးးကဗျာလေးက ကျွန်တော်ရဲ့ ခံစားချက်နဲ့ထပ်တူနေတယ်ဗျာ..

ဂျေဂျူဝိုင် said...

ကောင်းလိုက်တာဗျာ

ဇွန်မ said...

ကဗျာကောင်းလေးတွေ မစပ်တတ်တော့ ဒီလိုပဲ အပြေးအလွှား လိုက်ဖတ် အားပေးနေရတယ် :)

ခြေလှမ်းသစ် said...

အဲ့ ဆန္ဒလွန် နယ်ပယ်မှာ ဖြစ်တည်နေတဲ့ အတွေးလွန် ဆွဲပွဲတွေလား

flowerpoem said...

သယ်ရင်းရေ ဒီလိုဆိုတော်၂များ၂ကတော့ ဆန္ဒလွန်နယ်ပယ်မှာ အကုန်ရောက်နေတာပါပဲ
သယ်ရင်း အားလုံး အဆင်ပြေပါစေ

မိုးစက်အိမ် said...

စိတ်ကူးယဉ်တဲ့ ဝဲဂရက်ထဲရောက်သွားရင်ရော
ဆန္ဒလွန်နယ်ပယ်ထဲရောက်သွားတယ်ပြောမလား
အစ်ကို ? လာအုံးစားသွားပါတယ် :P