Saturday 30 January 2010

နိယာမ ဖောက်ပြန်ခြင်း


ထန်ပြင်းတဲ့လေအဟုန်တွေ
လျို့ ဝှက် ကမ္ဘာမှာ
တိုးညှင်းသံစဉ်ဖွဲ့နေတာ
ပုရောဟိတ်မလိုဘူး
ရောဂါတစ်ခုရဲ့ လက္ခဏာမှန်းထင်ရှားတယ်။


တီးသူမဲ့တဲ့
တယောအိုတစ်လက်ရဲ့ 
ရယ်ရွှင်ဖွယ် ငိုချင်းရှည်ကို
တယောကင်းမဲ့တဲ့
တီးခတ်သူက သပြေပန်းဆက်တယ်။


တောင်တွေရယ်
ငိုကြွေးမနေပါနဲ့
သပြေညိုတွေ လှိုင်လှိုင်မပေါပေမဲ့
ခတ္တာရနံ့နှင့်အတူ
မိုးသောက်ကြယ်တွေ ထွန်းတောက်လာဦးမှာပါ။

..

5 comments:

ဇွန်မ said...

ပို့စ်အသစ်လေး မြင်လိုက်လို့ လာရောက် အားပေးသွားပါတယ်

may16 said...

နိယာမတွေ အမြဲဖောက်ပြန်နေတာကြာပြီ ကိုကိုမောင်ရေ.

လင်းကြယ်ဖြူ said...

ဖောက်ပြန်နေတဲ့ နိယာမတွေ အောက်မှာ
ကြယ်တွေ အရောင်တောက် ချိန်လေးကတော့
သာသာယာယာ ရှိနေကောင်းရှိနေဦးမှာပါ...
ဒါပေမယ့်..သပြေညို တွေ ပွင့်လန်း..ကမ်းလင့်စရာ.
ခြေရာတွေ အစအန ကောက်ချိန်မရတော့ဘူး...
နှစ်ပေါင်းများစွာရဲ့ နေ၀င်ချိန်တစ်ခုမှာ..ရက်ရက်စက်စက် အပြုအမူတွေကြောင့်.... ကွယ်ပျောက်သွားခဲ့ပြီးပြီ..

ပျော်ပါစေ ခင်ဗျာ
*.*.*

နွေဆူးလင်္ကာ said...

မောင်ဆွေရယ် ငိုကြွေးမနေပါနဲ့
သပြေညိုတွေ လှိုင်လှိုင်မပေါရင်လည်း
ကန်စွန်းရွက် ခူးရောင်းကြတာပေါ့။

ဖျက်သလိုဖြစ်သွားရင် ဆောတီး :-)

မိုးစက်အိမ် said...

နိယာမဖောက်ပြန်မှု အဆုံးသတ်လေးကတော့
တကယ်သဘောကျတယ် အစ်ကိုရေ အဓိပာယ်
လေးက တကယ်လေးနက်တယ်ဗျာ . . .