Monday, 25 January 2010

ကြောက်စရာ


ဗျိုင်းဥ ၀မ်းဘဲဥ ကျီးကန်းဥ
ဖွတ်ဥ လိပ်ဥ.. စတဲ့... စတဲ့
ဥလိုက်မုဆိုးတစ်ဖွဲ့ ထပ်တိုးဖွဲ့လိုက်တယ်
ထုံးစံအတိုင်း
တွတ်ပီနှင့်ဗိုက်ကလေးဘဲပေါ့။


တွတ်ပီတို့ဆရာတပည့်
သင်ပုန်းကြီးစာဖတ်ရင်း
ခပ်ပေါပေါသီအိုရီတစ်ခု ထုတ်ကြလေရဲ့ 
ကျီးကန်းဥက ရွှေဖြစ်လေ့မရှိဘူးတဲ့။


ကျန်ဥတွေ ပြတ်နေခိုက်
ဥအတွေ့အကြုံရင့်ပြီမို့
ကျီးကန်းသိုက်မြုံဝင်စီးဖို့
ဆရာတပည့်နှစ်ယောက် ၀န်လေးနေစဉ်။


တော်... ကတွပ်ပီ...
သေးမျှင်ရဲ့  မျက်နှာတော်ကြောင့်
အပျင်းပြေ ကျီးကန်းအိမ်ကို ၀င်တိုက်
အမိုက်သားကလား။


ကျီးကန်းဥက
ထီးနန်းစံရကိန်းဆိုက်ပြီ
ဝါ၀ါဝင်းဝင်း အမြုတေတွေပြည့်နေတဲ့
ရွှေဥတွေဗျ။


ဆရာဆွေမင်းရယ်
သေမင်းနှင့်ဘာလို့ မိတ်ဖွဲ့လိုက်ရတာလဲ
ဆရာသာ သက်ရှိထင်ရှားရှိရင်လေ
တွတ်ပီတို့ ဇာတ်ထုတ်
ကျုပ်ဆီမှာ
အများကြီး(အများကြီး)ရှိနေသေးတယ်။


...

3 comments:

အနမ်း said...

ဆရာဆွေမင်းမရှိတော့ နောက်ဆို တွတ်ပီတို့လည်း မရှင်သန်နိုင်တော့ဘူးပေါ့။
တွတ်ပီ၊ ဗိုက်ကလေး၊ မသေးမျှင်တို့က ဆရာ့ရဲ့ကိုယ်ပွား တွေပါပဲ။

flowerpoem said...

သယ်ရင်း ရဲ့ ကဗျာလေးလာဖတ်ပါတယ်..

ခြေလှမ်းသစ် said...

ဘာမှမရတဲ့ နောက်ဆုံး ရတာကိုပဲ တွတ်ပီတို့ တင်းတိမ်သွားတယ် ထင်တယ်နော် .....