မဟူရာညတွေ မီးတောက်ပြီး
လျပ်စစ်ပန်းတွေ ငုံ ဖူး ပွင့်လို့
နှင်းထုရဲ့  အင်အားကို
ကိုယ်ငွေ့များနဲ့ ချေဖျက်ရင်း
အချိန်မြှားတစ်စင်း စတင်ထွက်ခဲ့ပြီ။
ဖန်ခွက်တိုက်သံ
ဒစ္စကိုသံ
လက်ခုပ်သံ
အော်ဟစ်သံ
အိပ်ဟောက်သံ
မေတ္တာပို့သံ
တွတ်တိုးသံ
အသံများစွာ(အသံမျိုးစုံ)နဲ့ ချဉ်းကပ်
၂၀၁၀က မားမားရပ်လို့။
မွေးကင်းစ ၂၀၁၀ကို
အရောင်ညစ်တွေ မဆိုးမိစေဖို့
ဖြူစင်ဆန္ဒနဲ့
အဓိပတိတပ်ကြပါစို့။ ။
(၁၊၁၊၂၀၁၀ နံနက် ၁း၁၅)
လျပ်စစ်ပန်းတွေ ငုံ ဖူး ပွင့်လို့
နှင်းထုရဲ့  အင်အားကို
ကိုယ်ငွေ့များနဲ့ ချေဖျက်ရင်း
အချိန်မြှားတစ်စင်း စတင်ထွက်ခဲ့ပြီ။
ဖန်ခွက်တိုက်သံ
ဒစ္စကိုသံ
လက်ခုပ်သံ
အော်ဟစ်သံ
အိပ်ဟောက်သံ
မေတ္တာပို့သံ
တွတ်တိုးသံ
အသံများစွာ(အသံမျိုးစုံ)နဲ့ ချဉ်းကပ်
၂၀၁၀က မားမားရပ်လို့။
မွေးကင်းစ ၂၀၁၀ကို
အရောင်ညစ်တွေ မဆိုးမိစေဖို့
ဖြူစင်ဆန္ဒနဲ့
အဓိပတိတပ်ကြပါစို့။ ။
(၁၊၁၊၂၀၁၀ နံနက် ၁း၁၅)
8 comments:
ကောင်းသော နှစ်သစ်လေးပါ ရှင်...။
အသက် တစ်နှစ်ပိုကြီးလာပြီမို့ တရားဓမ္မလေးတွေ ဒီထက်မက ပိုဖတ်နိုင်ပါစေနော် :)
မှန်တာပေါ့ အစ်ကိုရာ နှစ်သစ်လေးကို
အရောင်မဆိုးဘဲ ဖြူစင်အောင် ကြိုးစားရမှာ
အသေ အချာ ပါဘဲ အစ်ကိုရေ . . .
နှစ်သစ်မှာ ပျော်ရွှင်လန်းဆန်းပါစေဗျာ
ဖန်ခွက်ချင်းထိသံတော့မကြားလိုက်ရဘူးဗျာ တယောက်ထဲပဲ ဆွဲလိုက်ရတာလေ
နှစ်သစ်မှာပျော်ရွှင်ပါစေ
ကိုမောင်ရေ မင်္ဂလာ နှစ်သစ်ပါဗျာ
ကျွန်တော်လည်း ဖန်ခွက် သံ မကြားလိုက်ရပါဘူး
ပလတ်စတစ်ခွက်လေးတွေနဲ့ ဆိုတော့လေ P:
မင်းအိမ်ဖြူ
မင်္ဂလာနှစ်သစ်လေးမှာ ပျော်ရွှင်ပါစေ ဦးဦးပန်းရနံ့ရေ...
Happy new Year !!
Post a Comment