Thursday 28 January 2010

စိန်မစီသင့်တဲ့ စက္ကန့်တွေ


ယေဘုယျအားဖြင့်
တစ်နှစ်မှာ ၁၂ လ
တစ်လမှာ ရက် ၃၀
တစ်ရက်မှာ ၂၄ နာရီ
တစ်နာရီမှာ မိနစ် ၆၀
တစ်မိနစ်မှာ စက္ကန့် ၆၀


ဒါဆိုရင်...
တစ်နှစ်မှာ
စက္ကန့်ပေါင်း.. ၃၁၁၀၄၀၀၀


တစ်နှစ်ခွဲဆိုတော့... ?


ဘာမှမဟုတ်ပါဘူး။
အိပ်ပျက်ရမဲ့အချိန်တွေကို ပွါးကြည့်နေတာ။


ဒါတောင်
၅ ရက်နှင့် ၆ နာရီကို ဘေးဖယ်ထားလို့။

....

12 comments:

ခြေလှမ်းသစ် said...

စက္ကန့်တိုင်းဟာ တန်ဖိုးရှိတဲ့ စိန်တုံးလေးတွေ ပါပဲဗျာ .... အသုံးချဖြစ်ရင်နော်

flowerpoem said...

အချိန်တွေ ကတော့ အကုန်မြန်လိုက်တာ....

နှင်းဟေမာ said...

စက္ကန့်တိုင်းမှာ စိန်မစီသင့်ပေမယ့် ... စိန်စီနိုင်တဲ့ စက္ကန့်တွေ များလာဖို့တော့ ကြိုးစားကြရမှာပေါ့နော်...း)
ခင်မင်စွာဖြင့်

ကြယ်ပြာ said...

၅ ရက်နဲ့ ၆ နာရီဆိုတာဘာလဲဟင် ...

နှင်းနဲ့မာယာ said...

တော်နေပြန်ပီနော်...
စက္ကန့်တွေကို ခွဲခြမ်းစိတ်ဖြာပြီး ဘယ်သူ့အတွက် အချိန်တွေပိုပေးခဲ့လဲလို့ တွေးနေသေးလား။

နှင်း

ရွှေရတုမှတ်တမ်း said...

အပေါင်း၊အနှုတ်၊အမြှောက်အစားတွေ..တော်လှချည့်လား

ဇွန်မ said...

ဂဏန်းပေါင်းစက် ယူလိုက်အုံးမယ် သင်္ချာမှာ ညံ့လို့ :P

သူကြီးမင်း (တုံးဖလား) said...

ကြယ်ပြာရေ...
တစ်နှစ်မှာ ၃၆၅ ရက်နှင့် ၆ နာရီ ရှိတယ်တဲ့။
ဒါကြောင့် လေးနှစ်ပြည့်တိုင်း ၆လေးလီ ၂၄ နာရီ= တစ်ရက်ဖြစ်သွားပြီး ဖေဖော်ဝါရီလမှာ လေးနှစ်တစ်ကြိမ် ရက်ထပ်ပါတယ်(၂၉)ရက်ဖြစ်သွားတာပေါ့။

အဲဒီမူလေးအတိုင်း... လက်ရှိရောက်ဆဲနှစ်ကို ၄ နှင့်စားပါ။ ပြတ်ရင် အဲဒီနှစ်ဟာ ဖေဖော်ဝါရီ ၂၉ ရက်(ရက်ထပ်တဲ့နှစ်ပေါ့)။

မြန်မာလနှင့်ရက်တွက်ရတာ အဆင်သိပ်မပြေဘူး။ ရက်စုံရက်မစုံကပါသေး။ မယုံရင် တွက်ကြည့် အဆင်မပြေဘူး။ လတွေတာကုန်သွားတာ တစ်နှစ်မပြည့်ဘူး။ ဒါကြောင့် မြန်မာနှစ်ဆန်းတစ်ရက်နေ့ဟာ မြန်မာရက်နဲ့ဆို ဟိုရောက်ဒီရောက်ပေါ့။

အင်္ဂလိပ်(ရိုမန်)လနှင့်တွက်ကြည့်မှ အဆင်ပြေတယ်လေ။
ရက်သုံးဆယ်မှာ စက်တင်ဘာ၊ ဧပြီ ဇွန်နှင့် နိုဝင်ဘာ..ဆိုတဲ့ ဆောင်ပုဒ်ကလေးနဲ့ တွက်ကြည့်ပေါ့။ တစ်နှစ်မှာ ၃၆၅ ရက်ရှိလိမ့်မယ်။
အမှန်က.. ကမ္ဘာက နေကိုပတ်ပြီးတစ်ပတ်ပြည့်တဲ့အခါကို တစ်နှစ်လို့ခေါ်ပါတယ်။ အဲဒီတစ်ပတ်ဟာ ၃၆၅ ရက်နှင့်၆နာရီကြာပါသတဲ့။
အဲဒီ ၆ နာရီကို အသာလေးထိန်းသိမ်းထားလိုက်တယ်။ လေးနှစ်ပြည့်မှ 6+6+6+6= 24 hrs (one day)ထပ်ပေါင်းပြီး ဖေဖော်ဝါရီမှာ တစ်ရက်တိုးလိုက်တာလေ။

ဟဲ ဟဲ ရှင်းပြတာ နဲနဲများသွားပြီ။ လူတတ်ကြီးလုပ်တာဟုတ်ဘူးနော်။ :D။

ပျော်ရွှင်ပါစေ ညီမ။

သူကြီးမင်း (တုံးဖလား) said...

စာကြွင်း...
ပို့စ်မှာ
တစ်နှစ်မှာ ၁၂ လ
တစ်လမှာ ရက် ၃၀ လို့ ရေးထားတော့
၁၂ အမြှောက် ၃၀= ၃၆၀ ဘဲရတယ်။
အမှန်က တစ်နှစ်မှာ (၃၆၅ရက်နှင့်၆နာရီလေ)။

ဒါကြောင့်...

ဒါတောင်
၅ ရက်နှင့် ၆ နာရီကို ဘေးဖယ်ထားလို့.. လို့ ရေးလိုက်တာပါ။

အဆင်ပြေပျော်ရွှင်ကြပါစေ။

Anonymous said...

အော် ခုတော့ ကျွန်မ သိပြီ...
မြတ်မွန်

ကြယ်ပြာ said...

အော ... ဂလိုလား ... သိသွားပြီ ... ကြယ်ပြာက သင်္ချာညံ့တယ် ... တွက်ကို တွက်မကြည့်တာ ဟီး ဟီး ...

မိုးစက်အိမ် said...

ကျွန်တော်ကတော့ စက္ကန့် တွေကုန်နာရီဖြစ်
ရက်လနှစ်ပြောင်းလို့  မြန်မြန် လန်းချင်ပြီအစ်ကိုရာ :)