Thursday 28 January 2010

ဖြစ်နိုင်ရင်...


ပညာရှာဖွေရင်း
အိပ်ပျက်ညတွေချမ်းသာလာတယ်
ဒါပေမဲ့
အကြောက်ဆုံးက အဲဒီအိပ်ပျက်ညတွေလေ။


ဖြစ်နိုင်ရင်
ကြယ်စုံညတွေမလိုဘူး
လပြည့်ဝန်းကြီးကို ငေးမကြည့်ချင်ဘူး
ညရောက်မှာ ကြောက်လွန်းလို့။


ငါ့နားတွေအတွက်
စက္ကန့်သံတွေ ကျယ်လောင်လွန်းတယ်
အသက်ရှူသံတွေ ပြင်းလွန်းတယ်
ပုရစ်အော်သံဆို ကမ္ဘာပျက်မတတ်ပါဘဲ။


ဘာမှမလိုချင်ဘူး
အိပ်ပျက်ညတွေအစား
အိပ်စက်ရစေတဲ့ နည်းလမ်းရှိရင်
ဘုရင်မကိုတောင် ကျုပ်ဥပေက္ခာပြုရဲတယ်။

မှတ်ချက်။
ဘုရင်မဆိုတာ မြန်မာနိုင်ငံမှာတော့ ခြင်္သေ့ပါဘဲ။

...

6 comments:

flowerpoem said...

ကဗျာလေး ကောင်းတယ် သယ်ရင်း အိပ်ပျက်တာတွေ များနေပြီထင်ပါရဲ့ :)

ကြယ်ပြာ said...

အိပ်ပျက်ညတွေကို အိပ်စက်ရတဲ့ညတွေနဲ့အမြန်ဆုံး အစားထိုးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ် ...

မိုးခါး said...

အိပ်ရေးပျက်တာတော့ ဆိုးတယ်
အိပ်ရေး ၀၀ အိပ်ရပါစေ ..း))

နွေဆူးလင်္ကာ said...

အဲ တစ်ညလုံး ငုတ်တုပ် ထိုင်တတ်ပြီး မိုးလင်းမှ အိပ်တဲ့ ကျနော်က ဘယ်လို ပြန်ပြောရမတုန်း။

ဇွန်မ said...

အိပ်ပျက်ညများ အမြန် ကုန်ဆုံးပါစေ အကိုရေ...

မိုးစက်အိမ် said...

ဘာမှမလိုချင်ဘူး
အိပ်ပျက်ညတွေအစား
အိပ်စက်ရစေတဲ့ နည်းလမ်းရှိရင်
ဘုရင်မကိုတောင် ကျုပ်ဥပေက္ခာပြုရဲတယ်။

လန်ထွက်နေတာပါလားအစ်ကိုရေ ဘုရင်မတောင်
ရင်မခုန်ဘူးပေါ့ အလိုလား :)