Saturday 9 January 2010

ဖြစ်ပျက်အမြင်


သိကြရဲ့ လား

ကျားတွေ
ဥပုသ်စောင့်နေချိန်
သမင်တွေ
သီလကျိုးကုန်ကြပြီ။


လမ်းပြတွေ
လမ်းပျောက်နေချိန်
လမ်းပျောက်သူတွေ
လမ်းပေါ်ရောက်နေကြပြီ။


တိမ်မဲတွေ
ကြီးစိုးနေတဲ့ခေတ်မှာ
နှင်းဖြူလေးတွေ
မ၀ံ့မရဲ ကျရောက်နေရရှာတယ်။


တောင်းဆုရကြစတမ်းဆိုရင်
ရှင်တော်မြတ်ဘုရား...
လူ့သက်တမ်းတွေကို တိုးမပေးပါနဲ့
သက်တမ်းတိုတိုလေးအတွင်းမှာတောင်။ ။

....

10 comments:

khun said...

ကောင်းတဲ့သူတွေ သက်တမ်းရှည်
ဆိုးတဲ့သူတွေ သက်တမ်းတိုလို့
ဆုတောင်းပေးပါ အစ်ကိုရဲ့...

ဇွန်မ said...

ဘယ်လို ကွန်မန့်ပေးရမလဲ ဆိုတာ စဉ်းစားပြီးရင် တစ်ခေါက်ပြန်လာမယ်နော် :)

သုခုမလေဒီ said...

ခုလည်းသက်တမ်းတွေတိုကုန်ပါပြီ မောင်လေးရ။
အမ သိသလောက်တော့ ငယ်ငယ်လေးတွေနဲ့ရောဂါဖြစ်ပြီး သေကြတာများလာတယ်။ နောက်ဆိုပိုဆိုးတော့မယ်၊ သီလမရှိကြတော့လို့ထင်တာပဲ။

ခြေလှမ်းသစ် said...

ကဗျာလေးကို မခွန်သဒ္ဒါပြောတဲ့အတိုင်း ထောက်ခံပါတယ်ဗျာ

ဂျစ်တူး ( မုံရွာ ) said...

ကျားတွေဥပုသ်စောင့်တာသေခြာရဲ့ လား-
ဂျစ်တူးတော့မယုံရဲဘူးဗျ-
ဘာဘဲဖြစ်ဖြစ် နှင်းပွင့်ကလေးတွေ ရဲရဲကျနိုင်ခွင့်ရှိပါစေ-

flowerpoem said...

ဖြစ်ပျက်.... က ဒုက္ခသစ္စာ :)

မြစ်ကျိုးအင်း said...

အခုလက်ရှိအတွေးကတော့ သက်တမ်းရှည်ရှည် နေချင်သေးတယ်ဗျ

မိုးစက်အိမ် said...

အင်းတကယ့်အပြင်မှာတော့ ကောင်းတဲ့ လူက
သက်တမ်းတိုပြီး ဆိုးတဲ့ လူကသက်တမ်းရှည်နေတာ
တော့တော်တော်ဆိုးတယ် အစ်ကိုရေ . . .

မိုးစက်အိမ် said...
This comment has been removed by the author.
လင်းကြယ်ဖြူ said...

ကျွန်တော်ကြားဖူးတာကတော့ မကောင်းမှုများနဲ့ နေတဲ့အသက်တစ်ရာထက်
ကောင်းမှုတွေနဲ့ နေတဲ့ ၁၀ ရက် လောက်က ပို မြတ် တယ် ဆိုလားပဲ.....
ဒါပေမယ့် မကောင်းမှုများ က တိုက်စားလွန်းလို့ ကောင်းမှုများလည်း တရားမသိ မှားမိတဲ့ အခါလည်းရှိပေမပေါ့လို့ ဆင်ခြေတွေ ပေးတတ်နေကြလေရဲ့ဗျာ....
ပျော်ပါစေ