ပုဆိုးကြမ်း နွမ်းပြီမို့
ခပ်လှန်းလှန်းမှာ နေရစ်ခဲ့ပေတော့
ဒီနေ့ဟာ
လွှမ်းခြုံမှု ခပ်နွေးနွေးကို အစွမ်းကုန် အပ်နှင်းရမဲ့
မင်းရဲ့  နောက်ဆုံး ခရီးလေ။
ဝတ်ရုံသူရဲ့  ခပ်ကြွကြွ မော်လုံးတွေ
မှော်ဆန်ဆန် ပြက်လုံးတွေ
ကလိန်ကကျစ် လွန်ဆွဲမှုတွေ
ကမ္ဘာကြီးကို ကိုက်ဝါးစားချင်သူတွေ
မော်ဒန်မမြောက်တဲ့ ခပ်ဝါးဝါး အိုင်ဒီယာတွေ
ဇာတ်ကွက်မရှိတဲ့ တီးလုံးတွေ
စတဲ့.. စတဲ့..
ကလံကလား ခြေဖျားထောက်သံတွေကို
မျက်စိနှင့် နားထောင်ခဲ့ဖူးမယ်ထင်ပါတယ်။
ရသကင်းမဲ့တဲ့ လောကဓံတွေကို
အံကြိတ်ဝါးမျိုမနေပါနဲ့တော့
ထွေးပစ်ပြီး တံတွေးလို
ဒီနေ့ကို အပိုင်စားသာ ပေးခဲ့ပါ။
ဘစ်ဘင်ရဲ့  နောက်ဆုံးတီးချက်ဟာ
မင်းရဲ့  ထာဝရသေခြင်းပါဘဲ
အနာဂါတ်ပျိုးခင်းအတွက်
ပျော်ရွှင်မှုတွေ ထုတ်ပိုးသွားပါ
မနက်ဖန်တွေ ထွန်းလင်းတောက်ပစေဖို့။
ခပ်လှန်းလှန်းမှာ နေရစ်ခဲ့ပေတော့
ဒီနေ့ဟာ
လွှမ်းခြုံမှု ခပ်နွေးနွေးကို အစွမ်းကုန် အပ်နှင်းရမဲ့
မင်းရဲ့  နောက်ဆုံး ခရီးလေ။
ဝတ်ရုံသူရဲ့  ခပ်ကြွကြွ မော်လုံးတွေ
မှော်ဆန်ဆန် ပြက်လုံးတွေ
ကလိန်ကကျစ် လွန်ဆွဲမှုတွေ
ကမ္ဘာကြီးကို ကိုက်ဝါးစားချင်သူတွေ
မော်ဒန်မမြောက်တဲ့ ခပ်ဝါးဝါး အိုင်ဒီယာတွေ
ဇာတ်ကွက်မရှိတဲ့ တီးလုံးတွေ
စတဲ့.. စတဲ့..
ကလံကလား ခြေဖျားထောက်သံတွေကို
မျက်စိနှင့် နားထောင်ခဲ့ဖူးမယ်ထင်ပါတယ်။
ရသကင်းမဲ့တဲ့ လောကဓံတွေကို
အံကြိတ်ဝါးမျိုမနေပါနဲ့တော့
ထွေးပစ်ပြီး တံတွေးလို
ဒီနေ့ကို အပိုင်စားသာ ပေးခဲ့ပါ။
ဘစ်ဘင်ရဲ့  နောက်ဆုံးတီးချက်ဟာ
မင်းရဲ့  ထာဝရသေခြင်းပါဘဲ
အနာဂါတ်ပျိုးခင်းအတွက်
ပျော်ရွှင်မှုတွေ ထုတ်ပိုးသွားပါ
မနက်ဖန်တွေ ထွန်းလင်းတောက်ပစေဖို့။
....
6 comments:
နှစ်ဟောင်းကို နှုတ်ဆက် ကဗျာလေးက ခံစားမှု
အပြည့်ပါဘဲ . . . နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ ပါစေဗျာ ... :)
နှစ်ဟောင်းဆိုတဲ့ လူတွေရဲ့ စွန်ပစ်မှုကို ခံရတော့မယ် ထင်တယ် ဒါပေမယ့် လိုအပ်ရင်တော့ သူတို့ ပြန်ယူသုံး တတ်ကြပါတယ်ဗျာ
သူငယ်ချင်းရေ နှစ်သစ်မင်္ဂလာပါဗျာ
2009 ကိုနှုတ်ဆက်ကဗျာလေး လာဖတ်ပါတယ်...
Hola! I was interested to know if setting up a web
site such your own: http://www.blogger.com/comment.g?blogID=7609397484304819032&postID=8458973897376017863 is hard to do for inexperienced people?
I have been hoping to create my own blog for
a while now but have been turned off mainly because I've always assumed it required tons of work. What do you think? Thanks!
Stop by my webpage ... video
Hi! I realize this is sort of off-topic but I had to ask.
Does building a well-established website like yours require a large amount of work?
I am brand new to running a blog however I do write in my journal daily.
I'd like to start a blog so I will be able to share my own experience and views online. Please let me know if you have any kind of recommendations or tips for brand new aspiring bloggers. Appreciate it!
Here is my weblog; video
Post a Comment