Friday 23 July 2010

ကျနော်အမြင်ကပ်ဆုံး ဘလော့ဂါတစ်ယောက်အကြောင်း


ပြောမယ်ပြောမယ်နဲ့ ခင်မင်ခဲ့တဲ့ လက်ကျန်သံယောဇဉ်လေးတွေကို ငဲ့ပြီး ပြောမထွက်ခဲ့တာ။ ပြောချင်နေခဲ့တာ အတော်လေးကြာခဲ့ပြီ။ ဘယ့်နှယ်ဗျာ၊ ဘလော့ဂါတစ်ယောက်လုပ်နေပြီး ဘလော့စည်းကမ်းလဲမသိ၊ ဟိုဟာလဲ မသိ၊ ဒီဟာလဲမသိနဲ့။ သူထင်ရာ သူစိုင်းနေတာ။ သူလုပ်ရင် သူပြောရင် သူရေးရင် အားလုံးတင့်တယ်မယ်ထင်ခဲ့တာ။ အဲဒါ သူ့အမှားပေါ့။ ဘလော့ရေးပြီဆိုရင် ကမ္ဘာနဲ့အ၀ှမ်း စာဖတ်သူတွေ အနည်းနဲ့အများတော့ ရှိလာမှာဘဲ။ စာဖတ်သူတွေကို မစော်ကားသင့်ပါဘူး။ ပြီးတော့ နာမည်က လိုချင်လိုက်သေးတယ်။ စာရေးကောင်းတယ် အတွေးအခေါ်ကောင်းတယ် ရေးဟန်အဆင့်မြင့်တယ်စတဲ့ သူများမြှောက်ပြောတာကိုလဲ အရှက်မရှိခံယူချင်လိုက်သေးတယ်။ သူလို ဘလော့ဂါ ရှာမှရှားဘဲ။

သူစာရေးတဲ့ပုံစံကိုလဲ ကြည့်လိုက်ကြပါဦး။ ဘာသာရေးနှင့်ပတ်သက်ရင် ပိဋကတ်သုံးပုံလုံး နှုတ်တက်အာဂုံဆောင်ထားတာကျနေတာဘဲ။ ဟိုကျမ်းညွန်းထည့် ဒီကျမ်းညွန်းထည့်နဲ့။ အမှန်တကယ်က သူဘာမှသိတာမဟုတ်ဘူး။ စာဖတ်တဲ့သူတွေ အထင်ကြီးအောင်လုပ်နေတာ။ လေကြီးလေကျယ်နဲ့။ အချစ်ရေးဘက်ဆိုရင်လဲ အချစ်ပါရဂူကြီးကျနေတာဘဲ။ ကဗျာဖွဲ့လား ဖွဲ့ရဲ့၊ စာဖွဲ့လား ဖွဲ့ရဲ့။ ရာရာစစ အင်္ဂလိပ်လို ကဗျာလေးတွေတောင် ရေးလိုက်သေးတယ်။ အေ ဘီ စီ ဒီ အဆင့်လောက်နဲ့ အင်္ဂလိပ်ကဗျာရေးတယ်တဲ့။ မကြားဘူးပေါင်ဗျာ။ သူ့ကဗျာ သူ့စာတွေဖတ်ကြည့်ရင် အရည်အချင်းမရှိဘူးဆိုတာ အသိသာကြီးပါ။

သူလိုဘလော့ဂါတွေ ဘလော့လောကကြီးထဲမှာ များများမဟုတ်ပါဘူးဗျာ။ ဆယ်ယောက်လောက်သာရှိကြည့်။ မြန်မာဘလော့လောကကတော့ သွားပါပြီ။ သုံးစားလို့ရတော့မှာ မဟုတ်ပါဘူး။ အရေးထဲ ဗေဒင်သုံးပုံလုံး နှံ့စပ်ကျွမ်းကျင်တဲ့ ဗေဒင်ဆရာယောင်ယောင်၊ ဓါတ်ဆရာယောင်ယောင်၊ နတ်ဆရာယောင်ယောင်က လုပ်လိုက်သေးတယ်။ ကြုံဖူးပေါင် ဂုဏ်ထူးဆောင်ပါဘဲ။ သူ့အကြောင်းမသိတဲ့သူတွေကတော့ သူဘာလဲ ဘယ်လဲဆိုတာ အတွေးပွါးစရာပေါ့လေ။ ကျနော်ကတော့ လူရင်းဆိုတော့ အတွင်းသိ အစင်းသိ အားလုံး(အားလုံး) သိပါတယ်။ ဟိုရမ်း ဒီရမ်းပြီး ယုတ္တိမရှိတာတွေ လျောက်ရေးနေတာ။ ရှင်းရှင်းပြောရရင်တော့ ဖြီးနေတာပေါ့ဗျာ။

သူ့ဘလော့ကလေး လူစည်ကားဖို့အရေးကို နေ့စဉ်ဘဲ သူများတွေရဲ့ ဘလော့တွေထဲ လျောက်လည်ပြီး အရမ်းကောင်းးတာဘဲ ဘာညာသာရကာ မြှောက်ပင့် ကွန်မင့်ပေးနေလေရဲ့။ စာတွေကိုတော့ သေချာဖတ်မဲ့ပုံ မပေါ်ပါဘူး။ သူရောက်လာတယ်ဆိုတာ အသိပေးရုံအဆင့်လောက်ဘဲ ရှိမှာပါ။ ဟိုဘက်က အိမ်ရှင်တွေကလဲ ကိုယ့်အိမ်လာမှတော့ ပြန်လိုက်မလည်ရင် လူမှုရေးညံ့ဖျင်းရာရောက်ပါတယ်လေ ဆိုပြီး အားနာလို့ ပြန်လိုက်လည်ပြီး သူ့ကို မြှောက်ပင့် ကွန်မင့်တွေ ပေးကြတာပေါ့။ ဒါကို သူက အဟုတ်ကြီးထင်နေတာဗျ။ မြှောက်ပြောတာကို မြှောက်ပြောမှန်းလဲ သိမှာမဟုတ်ပါဘူး။ ဘ၀င်ရူးပုံစံမျိုးပေါ့။ ပြီးတော့ သူ့ရဲ့ ဘလော့ဂါလက်သုံး သီအိုရီကိုဘဲ ကြည့်ဦး။ ဘလော့ဂါတွေ စာရေးဘယ်လောက်ကောင်းကောင်း သူသွားလည်ပြီး ကွန်မင့်သုံးခါတိတိပေးပြီးလို့မှ သူ့ရဲ့ဘလော့ကို ထပ်မလိုက်လာရင် အဲဒီဘလော့ကို ဘယ်တော့မှ မသွားတော့ဘူးတဲ့။ အဲဒါဘဲ ကြည့်တော့ဗျာ။ မစပ်မဆိုင်ကြီး။ ဒါနဲ့များ ဘလော့ဂါလုပ်နေသေးတယ်။

ပြီးတော့ သူကပြောလိုက်သေးတယ်၊ လူတိုင်းကို အထင်မကြီးဘူးတဲ့။ အထူးသဖြင့် မိန်းခလေးတွေကို အထင်မကြီးဘူးတဲ့။ ဘာဝါဒကို ကိုင်စွဲထားမှန်းလဲ မသိပါဘူး။ လူဘဲဥစ္စာဗျာ။ လူ့ယဉ်ကျေးမှုတော့ ရှိသင့်တာပေါ့။ လောကကြီးမှာ မကောင်းတဲ့သူတွေရှိသလို ကောင်းတဲ့သူတွေလဲ ဒုနဲ့ဒေးပါ။ သူက အဲဒါတွေကိုလဲ သိပုံမရပါဘူး။ သူကြုံဖူးခဲ့တဲ့ လူတစ်ချို့ နှင့် မိန်းခလေးအနည်းစုလေးတွေကို ကြည့်ပြီး အထင်မကြီးဘူးဆိုတဲ့ စကားပြောတာ ထင်ပါတယ်။ သူငယ်ချင်းအချင်းချင်းမို့ သူ့ကို ခဏခဏနားချတော့လဲ ကျွဲပါးစောင်းတီးပါဘဲ။ ကျနော့်စကားတွေကို သူ ခံယူနိုင်စွမ်းမရှိဘူးလေ။ ပြီးတော့ သူကပြောသေးတယ်။ မင်းက ဘယ်လောက်သိလို့ ငါ့ကို လာနားချတာလဲတဲ့။ ရေးရင်းနဲ့ကို ဒေါသထွက်တယ်ဗျာ။

သူ့ရဲ့ကြွားလုံး ငွါးလုံးတွေနှင့်ရေးတဲ့ စာကိုဖတ်ပြီး သူငယ်ချင်းတော်ချင်လို့ သူ့အကောင့်မှာ လာအက်တဲ့သူတွေကိုလဲ စိတ်ပါမှ အဆက်လုပ်တာတဲ့။ စိတ်မပါရင် ဒီနိုင်းဘဲတဲ့။ အဆက်လုပ်ပြီးသား သူတွေကိုလဲ သူစိတ်ပါမှ လှမ်းနှုတ်ဆက်တာတဲ့။ တစ်ခါတစ်ခါဆို တစ်ဘက်လူက အရေးတစ်ယူစကားလာပြောရင်တောင် သူက အရေးမလုပ်ဖူးတဲ့။ ကျနော်နဲ့ခင်မင်စဉ်တုန်းက သူပြောခဲ့စကားတစ်ချို့ ပါ။ သူ့သီအိုရီကိုလဲ ကြည့်လိုက်ပါဦး။ မိန်းမနှင့်နွား မသနားနဲ့တဲ့။ တကယ့်ကို လက်ပေါက်ကပ်တဲ့သူဘဲ။ ကြာလာတော့ ကျနော့်စိတ်နဲ့ မကိုက်ဘူး။ သူတစ်လမ်း ကိုယ်တစ်လမ်းဘဲကောင်းတယ်။

သူ့ဘလော့ပေါ်မှာတော့ အကြံဥာဏ်တွေကို ကြိုဆိုပါတယ်၊ သူအမှားရေးမိရင် ဝေဖန်ထောက်ပြပေးကြပါ လို့ စာဖတ်ပရိသတ်တွေကို ဖိတ်ခေါ်ထားတယ်။ ဒါပေမဲ့ ဟိုဘက်နှစ်တုန်းက သူစာရေးတာကို ထောက်ပြဝေဖန်လဲ ပြလိုက်ရော။ သူ့မျက်နှာကြီး ပြေးမြင်ယောင်လိုက်သေးတယ်။ နီတက်နေတာဘဲ။ သူစာရေးတာကို ဝေဖန်ရမလားတဲ့။ ဟာ ဟ။ ရယ်စရာကောင်းလိုက်တာ။ ဒါများ ဘလော့ဂါလုပ်ဦးမယ်တဲ့။ နဲနဲလေး ဝေဖန်တာကိုတောင်မှ မခံနိုင်တာ။ ဘယ်လိုလုပ်ပြီး ဘလော့ဂါကောင်းတစ်ယောက်ဖြစ်နိုင်ဦးမှာတဲ့လဲ။ စာရေးတဲ့သူနှင့်စာဖတ်တဲ့သူ၊ စာဖတ်တဲ့သူက အမှားအမှန်ပိုမြင်တာပေါ့။ အကြောင်းအရာကို အသာထားဦး။ စာလုံးပေါင်း သတ်ပုံ ၀ါကျဖွဲ့ပုံတွေကိုတောင် အားလုံးအမှန်တွေချည်း ဘယ်သူရေးနိုင်ပါ့မလဲ။ သူက အဲဒါတွေကို နားလည်ပုံမပေါက်ဘူး။ လာပြီးဝေဖန်ထောက်ပြတဲ့သူတွေကို ကက်ကက်လန်အောင် ရန်တွေ့နေလိုက်သေးတယ်။

တကယ်စိတ်ကုန်စရာကောင်းပါတယ်။ ကျနော်ပြောတာတောင် နဲနေသေးတယ်။ သူ့ဆိုးချက်ကတော့ မိုးမီးလောင်မတတ်ပါဘဲ။ ရေမပြည့်တဲ့အိုး ဘောင်ဘင်ခပ်တယ်ဆိုတာ သူ့ကို ပြောတာရှိမယ်။ သူစိတ်တိုရင်လဲ မတတ်နိုင်ဘူး။ ကျနော်က ရေးချင်နေတာ အတော်လေးကြာခဲ့ပြီ။ အကြောင်းကြောင်းကြောင့် မရေးခဲ့နိုင်ဘူး။ ဒီနေ့တော့ စိတ်ကူးပေါက်ပေါက်နဲ့ ထရေးလိုက်တာ။ သူလဲ ကျနော့်အကြောင်းရေးချင်ရေးပေါ့လေ။ ဘာဖြစ်သေးလဲ။ စိန်ခေါ်ရဲပါတယ်။ သူမှ စာရေးတတ်တာ မဟုတ်တာ။ ကျနော်လဲ ကကြီးခခွေးတော့ကောင်းကောင်းကျေပါတယ်။းဝ) ။

ကျနော်ပြောတာမယုံရင် သူ့ဘလော့ထဲကို ၀င်ပြီး တစ်ပုဒ်လောက်ဖတ်ကြည့်ပါ။ သူဘယ်လိုလူလဲဆိုတာ ချက်ချင်း သိသွားစေရမယ်။ သူ့ဘလော့နာမည်က ကောင်းကင်မိုက် ရဲ့ ပျင်းရောင်နွဲ့ တဲ့။ ဧကန္တတော့ သူလဲ ငပျင်းတစ်ကောင်ဖြစ်မယ်။ အဲ.. အဲ.. ပြောရဦးမယ်။ သူ့ရုပ်ကိုမှ အားမနာ။ ဗီဒီယိုဖိုင်တောင် တင်ထားလိုက်သေးတယ်။ ဟဲ ဟဲ။ သူ့ဗီဒီယိုဖိုင်ကိုတော့ စိတ်ခိုင်မှ ကြည့်ကြနော်။ မဟုတ်ရင် မေ့လဲသွားနိုင်တယ်။ သံဗုဒ္ဓေ ဂါထာရွတ်ဖတ်ပြီး ကြည့်ရမဲ့ပုံ။ ဘီလူးချော ချောနေလို့။

"ဟေ့ရောင်... သယ်ရင်း... မင့်အချိုးတွေ ပြင်ရင်ပြင်။ မပြင်ရင်တော့ ငါ့ အဆိုးမဆိုနဲ့။ ငါကတော့ ဆက်ရေးရဦးမှာဘဲ။ မင့်အကြောင်း ငါအသိဆုံး။ ရှင်းပြီလား။ ဒါဘဲ"

....

29 comments:

နေ၀သန် said...

:D.. လုပ်ပြီ.. သူကြီးကတော့.. ဟိုတစ်ခေါက်ကပြောသလိုပေါ့... နောက်တစ်ပုဒ်ဆို သူကြီးမင်းတို့ အရိုက်ခံရတော့မယ်ဆိုလို့ အပုဒ်ရှောင်တာမလား.. ဒါတွေနှပ်ပါ့... :D


ခင်မင်တဲ့
နေ၀သန်

khun said...

ဟမ်း....အလိမ်ခံလိုက်ရပြန်ပြီ
တကယ်အောင့်မေ့လို့ ကလစ်လိုက်ပါတယ်
ဟွန်း.....

Anonymous said...

ဟားဟားးး ကိုကိုမောင် သူကြီးမင်း ရေ

ရွှေစင်ဦး ကိုတော့ လာမရွှီး နဲ့ မရဘူး ကိုကိုမောင် ပြောတဲ့ အရည်အချင်း နဲ့ ပြည့်စုံတာ သူ တယောက် ဘဲ ရှိမယ်ဆိုတာ သိတယ်နော်

ဘယ်သူတွေကို ဘယ်တုန်းက ဘယ်လောက်များ ပြောချင်နေလို့ ပွင့်ထွက် သွားတာလည်း ဟင် သူ့ခမျာ သနားစရာ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒီပိုစ့်ဖတ်ပြီး ဘလော်ဂါတစ်ယောက်ယောက် အကြောင်းရေးထားမှန်းသိလိုက်တယ်.
သိပ်တူတာဘဲ.. အချက်အလက်တွေ အမူအကျင့်တွေက...
နောက်ဆုံးတော့လည်း ထင်တဲ့သူဖြစ်နေတာကိုးး)

သုခုမလေဒီ said...

အင်းး ဖတ်ကတည်းက ကိုကိုမောင်တစ်ယောက် ဒီလောက်သတ္တိရှိရှိနဲ့ ဘလော့ဂါတစ်ယောက်ကို ဝေဖန် ရဲမယ်လို့ မထင်ပါဘူးလို့...။

မြစ်ကျိုးအင်း said...

ထင်ပါတယ်
ဒါမျိုးက သင်း (ဒင်း) ပဲ လုပ်တတ်တာ :)

khin oo may said...

ခေါင်းစဉ်စိတ်ဝင်စားလို့လိုက်လာတယ်။ ထင်သားဘဲ သူဘဲဖြစ်လိမ့်မယ်ဆိုတာ ဘွီဒို ဖိုင်ကတော့အတော်ဆိုးတာဘဲ ညလဲ ၁၂ နာရီထိုးတော့မယ်ဆိုတော့သွေးပျက်မတတ်ဖြစ်သွားတယ။် ဒီကလည်း မီးနိုပေါ့စ် ဖြစ်နေတာဆိုတော့သွေးနုသားနုရယ်။

Anonymous said...

အဟုတ်မှတ်လို့ကြည့်လိုက်ပါတယ် တော်တော်ကိုလှတဲ့သူပါလား :P

Anonymous said...

အော် မေ့သွားလို့ အသံပါကောင်းတယ်ဗျို့ :P

swe

blackroze said...

အကိုမောင်ကြီးကတော့..
တကယ်နောက်တာဘဲနော်...
အဟုတ်မှတ်လို့click လိုက်ပါတယ်....
တခါထဲနဲ့ကိုရင်တုန်သွားတာဘဲ
လူကနဂိုကထဲက..သွေးအားနည်းရောဂါနဲ့နော်
ယဲ့ယဲ့လေးဘဲရှိတာ...ဒီကြားထဲအသံလေးပါ
ထည့်ထားပေးသေးတာ..ဟွန့်

မိုးစက်အိမ် said...

ထင်ပါတယ် စိတ်သဘောကောင်းတဲ့ဒို့ အစ်ကို
လားဒဲ့ ဖဲ့မှာ တွတ်လောက်ဆိုရင်တောင်ယုံနိုင်
သေးတယ် ခုက ဒဲ့  ဆိုတော့ထင်တဲ့အတိုင်း
တူ့ ကိုတူ့ ပြန်ဖဲ့ ထားတာဘဲ အဲပြောလိုပြောတာ
နော်သေချာဖတ်ရင်တော့ ပါးပါးလေးတွေတော့
တွေ့ ရတယ်အစ်ကိုရေ ... ကျွန်တော့်ခန့် မန်း
ချက်လေးမှားကောင်းမှားနိုင်ပါတယ် ဒါပေမဲ့
မြင်တာလေးပြောတာပါ :)

khin oo may said...

လန့်တော့လန့်သွားတာပေါ့။ဒါပေမဲ့အသက်တော့ထွက်မသွားဘူး တော်သေးတယ်။ ။ ရပါတယ် ရပါတယ်။ အသံပါပါသေးတယ်။ အဟုတ်ဘဲ့ လန့်ထှာ။

ခိုင်နုငယ် said...

ဟေ့ရောင်..သူဂျီး...ဒါမျိုးတွေလုပ်တော့မယ်လို့
ထင်တော့ထင်သား..နေမှာပါလို့..:):):)
ဟဟ..:):):)
သူကြီးနှယ်သူ့ပုံမှတ်လို့..တကယ်ကလစ်လိုက်တာ
ဘယ်ဟုတ်မတုန်း..ကိုကိုမောင်ပုံကိုး..:):):)


ခင်မင်စွာဖြင့်
ခိုင်နုငယ်

လသာည said...

ဝါး....
ထင်သားပဲ သူပဲလို့.. သိပြီးသား ။ အရည်ချင်းတိုက်ဆိုင်တာသူပဲ..ရှိတာကို..း))))
ပြီးတော့
သူကြီးပြောရဲတာလည်း သူပဲဆိုတာ သိနေတယ်လေ..
သူကြီးတောင် မကြောက်ပဲ ပြောရဲတာဆိုတော့ တို့လည်း ကြောက်ဖူး..။ သေချာကို ကလစ်လုပ်ကြည့်သွားတာပဲး))

ဟာဟား တော်တော် နောက်တာပဲ.

flowerpoem said...

သိတယ် သူ့ကိုယ်သူပဲ ဖွတော့မယ် ဆိုတာ :P

knsl said...

အီး
ကိုမောင်ရေ
အဆုံးထိ အလိမ်လိုက်ခံလိုက်တယ်
သူရဲပုံကြီးရုတ်တရတ် ကြောက်တယ်နော်
:(

နွေဆူးလင်္ကာ said...

မဆိုးဘူးဗျ .. idea လေး

အင်ကြင်းသန့် said...

သူ့ကိုသူ ပြန်ညွှန်းထားပေမယ် ဒီပိုစ့်က တစ်ခြားဘလော့ဂါတစ်ယောက်ရဲ့ အမူအကျင့်တွေနဲ့ တော်တော်တူနေတယ်။ ထင်တာမမှားဘူးဆိုရင်ပေါ့လေ။ :))

သြော်....ဒါနဲ့ ကိုကိုမောင်ဆိုတဲ့ဘလော့ဂါက တကယ်ကိုရုပ်ချောအသံကောင်းကိုးးးးးး။ :))

ယွန်း said...

ဟွန်း ...တကယ်မှတ်လို့ ...
ကလစ်လိုက်တာ ရုပ်ကြီးက လန့် သွားတာပဲ
အသံကလဲ ကြောက်စ၇ာ..

JulyDream said...

ခြေဆင်းပျိုးကတည်းက သဘောပေါက်လိုက်တယ်။ သူပဲ ဖြစ်လိမ့်မယ်လို့။ ထင်တဲ့အတိုင်းပါပဲလေ။ သူပါပဲ... ဟဟ...

Anonymous said...

ရေးတတ်လိုက်တာ အရမ်းဘဲ
အဲဒါကတော. တကယ်ပြောတာ

အဲဒီထဲက ဘလောက်ဂါလို
ဖောရှောဟုတ်ဘူး
တကယ်တော်တာ..

မမ

အဖြူရောင်နတ်သမီး said...

အန်...
ရေးထားတဲ့ comment 21 ခုလုံးက အဲဒီလူကို သိနေကြတယ်ဆိုပါလား..။
နတ်သမီးပဲ မသိသေးတာ..
ဟိုတယောက်ကို မေးကြည့်လိုက်အုံးမယ်...
ကိုယ့်ကိုယ်ကို ခေတ်နောက်ကျနေတာ အခုမှပဲ သိတော့တယ်...(အလုပ်တွေအရမ်းရှုပ်နေလို့)..။
လင့်ထားလိုက်တယ်နော်...အလင့်နောက်ကျတာလည်း ခွင့်လွှတ်ပါနော်..။

ဂျစ်တူး ( မုံရွာ ) said...

သူကြီး - - -ခင်ဗျားဗျာ-အားမနာပါးမနာ-
မျက်လုံးညောင်းတာလေးမှထည့်မတွက်-
လုပ်ရက်လိုက်တာဗျာ-ဆားချက်တာကောင်းကောင်းမချက်
ဘူး-
အကြံပိုင်သော သူကြီးပါဘဲ ဗျာ-
ပြုံးရွှင်စွာရယ်(ရီ) သွားတယ်ဗျို့ 
ဟား - - - ဟား - - -ဟား - - - -

Myanmar Good Knowledg Co., Ltd said...

ဇတ်လမ်းစကတည်းက
သတ္တိရှိတဲ့ လူစွမ်းကောင်းမင်းသားကို ကော
ရန်စတဲ့ လူကြမ်းမင်းသားကိုကော တစ်ယောက်ထဲနဲ့ နှစ်ကိုယ်ခွဲရိုက်ထားတယ် ဆိုတာသိတာပေါ့။
ဒါပေမယ့်
အရုပ်ဆိုး ပေမယ့် သဘောကောင်းလေးဆိုတော့ အားပေးပါတယ်။

ဧပရယ်လ်ပူး@ပူးတေ said...

သူများကို အမြင်ကပ်တာတော့ ပေါ်တင်ကြီး မဆော်ရဲဘူးလို့ ထင်တယ်လေ... ဘာပဲပြောပြော ဘာများထူးဆန်းမလဲလို့ သွားကြည့်တာပေါ့... ဘယ်ရမလဲ ဒါမှ ခေတ်မှီမှာလေ... :)

အိမ့်ချမ်းမြေ့ said...

မင်္ဂလာပါရှင်..

ပိုစ်လေးရယ်.. တီထွင်မှုကလေးရယ်.. တော်တော်လေး သဘောကျသွားပါတယ်း))

မောင်သီဟ said...

လူဆိုးကြီး ဟင့်ဟင့်
ဒီလူဆိုးကြီးကို အနော်လည်းသိတယ်
း)း)

နှင်းဟေမာ said...

အတော်ဆိုးတဲ့ ငါ့အစ်ကိုကြီး ကိုကိုမောင်ပဲ
အဟုတ်မှတ်လို့ ကျမဖြင့် ဖတ်လိုက်ရတာ ... ဟောဟဲကိုဆိုက်လို့း( လင့်ပေးထားတာကို အူတိအူကြောင် သွားနှိပ်လိုက်မိမှပဲ ခေါင်းစဉ်ကို သေသေချာချာမဖတ်မိတဲ့ ကိုယ့်လုပ်ရပ်ကို ရယ်ချင်သွားတယ် .... နှင်းဟေမာတို့ တုံးလိက်ပုံများ

ခင်မင်လေးစားလျှက်ပါ
နှင်း

မြတ်မွန် said...

တကယ် ဟီးရိုးပဲ..ကိုကိုမောင်ရေ..။

ဒါမျိုးတွေလည်း ဖြစ်တက်ပါတယ်။