ဧကံ သ
မယံ။
တစ်နေ့သောအခါ၌
မကြီး
မငယ်အရွယ်ရှိ မိန်း
မတစ်ယောက်သည် လမ်း
မတစ်ခုပေါ်၌ အထုပ်တစ်ထုပ်ကို ဘယ်ဘက်လက်ဖြင့်
မထားပြီး ညာဘက်လက်ဖြင့် ထမီကို
မတင်ကာ အခြား မိန်း
မတစ်ယောက်နဲ့အတူ သ
မ၀ါယ
မဆိုင်ရှိရာသို့ တက်ကြွစွာ ချီတက်သွားလေ၏။ ထိုစဉ်
မထသ ဘတ်စ်ကားတစ်စီး အနား၌ထိုးရပ်ကာ
"မမ ဘယ်သွား
မလို့လဲ"ဟု မေးလေ၏။ "တပ်
မ ၁၁၁၁၁ ရဲ့ တပ်
မတော်အကြီးအကဲတစ်ယောက်ဖြစ်တဲ့ တပ်
မမှူးအိမ်ကို
မနေ့က သွားခဲ့တယ်။ အဲဒီတပ်
မမှူးက ဒီနေ့မနက် မင်းဓ
မ္မ္မလမ်းထိပ် မင်း
မဟော်ရပ်ကွက်က သ
မ၀ါယ
မဆိုင်တစ်ခုမှာ ရှင်
မတောင်သနပ်ခါး ထုတ်ပေးတယ်လို့ ပြောခဲ့တဲ့အတွက် အဲဒီလို သွား
မလို့ပါ" ဟူ၍ ပြန်ပြောပြလေ၏။ "ဒါဖြင့် ဒီဘတ်စ်ကား အဲဒီကို ရောက်တယ် တက်ခဲ့
မမ" ဟု ပြောကာ စပယ်ယာက ထိုမိန်း
မတို့အား ဘတ်စ်ကားပေါ်သို့ အတင်းဆွဲ
မကာ ခေါ်ဆောင်သွားလေတော့၏။
ထိုမိန်း
မတို့သည် သ
မ၀ါယ
မဆိုင်သို့ရောက်သောအခါ ပစ္စည်းလိုချင်ဇောဖြင့် တံခါး
မကြီးကို ဇတ်ကနဲ တွန်းဖွင့်ပြီး ဆိုင်ထဲသို့ ခပ်သွက်သွက်ဝင်သွားရာ မိန်း
မတစ်ယောက်သည် ကြမ်းပြင်မှ ကြွတက်နေသည့် နှစ်လက်
မသံတစ်ချောင်းအား ခလုပ်တိုက်မိလိုက်ရာ ခြေ
မမှ သွေးများစီးကျလာလေ၏။ အခြားမိန်း
မတစ်ယောက်သည် ကူညီဖေး
မဖို့ အနားသို့လာရောက်ပြီး သွေးထွက်များနေသည်ကို မြင်တွေ့ကာ ပလာစတာနဲ့ ကပ်မှ အဆင်ပြေမယ်ဟု စဉ်းစားပြီး မျက်စိဝေ့၀ဲ ရှာကြည့်ရာ သ
မ၀ါယ
မဆိုင်အပေါ်ထပ်ရှိ ယက်
မကြား၌ ထိုးသိမ်းထားသည့် ပလာစတာ အထုပ်အား လှမ်းမြင်လိုက်ပြီး သွားယူဖို့ ပြင်လိုက်ရာ ယက်
မမှာ အတော်လေး မြှင့်နေသဖြင့် ကုလားထိုင်အလွတ် တစ်လုံးအား
မယူကာ ကုလားထိုင်ပေါ်တက်ပြီး
မမီလက်လမ်းဖြင့် လှမ်းယူလိုက်ရာ ယက်
မ၌ရိုက်ထားသည့် ငါးလက်
မသံမှိုဖူးဖြင့် ထိုမိန်း
မ၏ လက်
မအား ပြတ်ရှမိလေတော့၏။
ထိုမိန်း
မနှစ်ယောက်တို့သည် ဒဏ်ရာကိုယ်စီရထားကြသော်လည်း ရှင်
မတောင်သနပ်ခါးထုပ်များကို ဈေးသက်သာစွာဖြင့် ရရှိလာကြသည့်အတွက် ပျော်
မဆုံးမော်
မဆုံး ရှိကြလေ၏။ အိမ်ပြန်ရောက်ရင် ယောက္ခ
မ ယောင်း
မ တူ
မလေးများအား ဒီသ
မ၀ါယ
မဆိုင်သို့ လာရောက်ဖို့ အကြံပေးရရင် ကောင်းမယ် ဟူသော အတွေးဖြင့် ပြုံးရွှင်စွာ နေအိမ်သို့ လမ်း
မကြီးအတိုင်း ပြန်လာခဲ့ကြလေ၏။
လမ်းတစ်ဝက်၌ မိန်း
မတစ်ယောက်သည် "ငါဗိုက်ဆာလိုက်တာဟာ၊ ဆာလွန်းလို့အူ
မကြီးတောင် နာလာသလိုဘဲ။ မျိုး
မမဆိုင်ကိုသွားပြီး
ဆုရှီ သွားစားကြရအောင်" ဟု ပြောလေ၏။ အခြားမိန်း
မတစ်ယောက်က "ဟာ.. အဲဒီဆိုင်က ဈေးအဓ
မ္မတင်ရောင်းတာ၊ သွား
မစားပါနဲ့။ ငါတို့ ဒီလိုလုပ်ကြရအောင်။ ဒီလမ်း
မကြီးကနေ ရှေ့ဆက်လျောက်သွားရင် သဒ္ဓ
မ္မလမ်းသွယ်လေးရှိတယ်။ အဲဒီလမ်းသွယ်လေးအတိုင်း ဆက်သွားရင် သုတသော
မဆိုတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းရှိတယ်။ ကျောင်းထိုင်ဘုန်းကြီးနာမည်က ဦးဝါယ
မတဲ့။ ငါနဲ့ အတော်လေး ရင်းနှီးတယ်။ အဲဒီဘုန်းကြီးကျောင်းသွားပြီး ဆွမ်းကျန်ကွမ်းကျန်လေး သွားတောင်းစားကြမယ်လေ " ဟု အကြံပြုလေ၏။ အခြားမိန်း
မတစ်ယောက်ကလဲ "ဟုတ်တယ်
မမရဲ့အကြံ
မတရားကောင်းတယ် သွားကြမယ်" ဟု ဆိုကာ ဘုန်းကြီးကျောင်းသို့ ရင်တ
မမဖြင့် အတူတူချီတက်သွားကြလေ၏။
ကျောင်းဝင်းတွင်းသို့ရောက်သွားသည့်အခါ ဦးဝါယ
မသည် သိမ်ကျောင်းအတွင်း၌ တံမြက်စည်းလှဲနေလေ၏။ သိမ်ကျောင်းဝင်းထဲသို့ ထိုမိန်း
မနှစ်ယောက်ဝင်ရောက်သွားရာ ကျောင်းထိုင်ဘုန်းကြီး ဦးဝါယ
မက "ဟိတ်.. ဟိတ်.. သိမ်ကျောင်းနှင့်မာတုဂါ
မနှင့်
မအပ်စပ်ဘူး
မ၀င်ခဲ့ကြနဲ့၊ ကိစ္စရှိရင် ကျောင်း
မကြီးကစောင့်နေ၊ အဲဒီကို လာခဲ့မယ်" ဟု ပြောလေ၏။
ကျောင်း
မကြီး၌ ထိုမိန်း
မတို့အား ကျောင်းထိုင်ဆရာတော်ဦးဝါယ
မက.. "ကဲ.. လာရင်းကိစ္စကိုပြောပါ" ဟု မေးလေ၏။ မိန်း
မတစ်ယောက်က "တပည့်တော်
မတို့ ဗိုက်ဆာလို့ လာခဲ့ကြတာပါဘုရား၊ ဆွမ်းကျန်ကွမ်းကျန်လေးများရှိရင်
မစတော်မူပါဘုရား" ဟု ကွေ့ကောက်မနေဘဲ တဲ့တိုးကြီး လျောက်ထားလေတော့၏။ ဘုန်းကြီးလည်း... "အိမ်း.. အိမ်း.. ဒကာ
မတို့ ဗိုက်ဆာလာရင်
မနက်ဆွမ်းစားပြီး ကျန်ထားတဲ့ ငါးပြေ
မကို
မဆလာနိုင်နိုင်နဲ့ ချက်တားတဲ့ ငါးဟင်းရှိတယ်။ စားသွားကြလေ" ဟုပြောကာ စားပွဲပေါ်ရှိ အုပ်ဆောင်းကို
မတင်ကာ ငါးပြေ
မဟင်းဖြင့် ဧည့်ခံကျွေးမွေးလေတော့၏။
ထမင်းစားပြီးသောအခါ မည်သည့်စိတ်ကူးပေါက်သည်
မသိ မိန်း
မတစ်ယောက်က ကျောင်းထိုင်ဘုန်းကြီး ဦးဝါယ
မအား "အရှင်ဘုရား တပည့်တော်မတို့ ဘုရားက ယောက်ျားလား မိန်း
မလားဘုရား" ဟု ကောက်ခါငင်ခါ မေးလေ၏။ "ဟ.. ဘုရားဆိုမှတော့ယောက်ျားပေါ့ဟ။ မိန်း
မက ဘယ်တော့မှ ဘုရား
မဖြစ်နိုင်ဘူး။ မှတ်ထား။ ဘုရားဖြစ်ချင်ရင် ယောက်ျားဖြစ်အောင် အရင်ဆုတောင်းရတယ်" ဟု ရှင်းပြလေ၏။ "တပည့်တော်
မတို့က မိန်း
မလို့ ထင်နေတာဘုရား၊ ဘာဖြစ်လို့လဲဆိုတော့ ဘုရားနာမည်က ဂေါတ
မဆိုလို့ပါဘုရား။ ယောက်ျားဆိုရင် ဂေါတကျားလို့ ဒါမှမဟုတ် ဂေါတထီးလို့ နာမည်ရှိသင့်တယ်မဟုတ်လားဘုရား" ဟု ထပ်တွန့်လိုက်လေ၏။ ဦးဝါယ
မသည် လွန်စွာမှ စိတ်ဆိုးသွားကာ "ဟာ ဒီမိန်း
မတွေမဟုတ်တာပြောပြီ။ ငါကြိမ်လုံးနဲ့ သ
မလိုက်ရရင် ဒုက္ခကောင်းကောင်းတွေ့ရော့မယ်။
မ ပါတိုင်းမိန်း
မဖြစ်ရရင် ငါ့နာမည်လဲ ဦးဝါယ
မ ဟ။ ငါ့ကိုကော မိန်း
မလို့ ထင်နေသလား။ ငါပြလိုက်ရ။ သွားသွား ထွက်သွား..." ဟု ပါးစပ်ကလဲပြော ကြိမ်လုံးကိုလဲ လက်တစ်ဖြင့် ကိုင်ထားကာ ထိုမိန်း
မနှစ်ယောက်တို့အား ဘုန်းကြီးကျောင်းမှ နှင်ထုတ်လေတော့၏။
ထိုမိန်းမနှစ်ယောက်တို့သည် ကြောက်အားလန့်အားဖြင့် ဘုန်းကြီးကျောင်းဝင်းအတွင်းမှ ထွက်ပြေးလာကြပြီး လမ်းတစ်ဝက်ခန့်ရောက်သောအခါ ကြောက်လွန်း၍ လမ်းဘေးတစ်နေရာ၌ ကြောက်သေးပန်းကြလေရာ တ
ရှီ ရှီ ရှီ ဟူသော အသံတို့ဖြင့် ညံနေလေတော့၏။
(ထို ရှီ ရှီ ရှီ ဟူသော အသံတို့ကို အစွဲပြု၍ ကလေးများအား ရှူးရှူးတည်ပေးသောအခါ ပါးစပ်မှ ရှီ ရှီ ရှီ ဟု ဆိုပေးက ကလေးများ သေးထွက်အား ပိုမြန်စေတတ်သည်ဟူသတတ်။)ထိုမိန်း
မတို့ ကိုယ့်အိမ်ကိုယ်ပြန်ရောက်သွားကြသည့်အခါ မိန်း
မတစ်ယောက်သည် သ
မ၀ါယ
မဆိုင်မှ ဈေးချိုချိုဖြင့် ၀ယ်ယူခဲ့သည့် အထုပ်အားဖြေကာ ပစ္စည်းများကို သေချာစစ်ဆေးနေလေ၏။ ထိုအခိုက် လင်ယောက်ျားသည် အပြင်မှ ပြန်ရောက်လာကာ "မိန်း
မရေ.. ထမင်းဆာလာပြီ၊ ထမင်းပွဲပြင်တော့၊ ဟို မောင်း
မကန်ကလာတဲ့ ငါးပိကိုလဲ သုပ်လိုက်ဦးနော်၊ ပြီးတော့ ဆရာမြို့
မငြိမ်းသီချင်းအေးအေးလေးဖွင့်ပြီး ရိုမန်တစ်ဆန်ဆန် တို့လင်မယားနှစ်ယောက်အတူတူလက်ဆုံစားကြတာပေါ့" ဟု ပြောလေ၏။ ထိုအခါ မိန်း
မက "ရှင့်ဖာသာ ပြင်စားတော့တော်ရေ.. ကျုပ်ကတော့ ဘုန်းကြီးကျောင်းဝင်ပြီး ဦးဝါယ
မစွန့်တဲ့ ဆွမ်းကျန်ကွမ်းကျန်လေးတွေ ၀အောင် တီးခဲ့ပြီးပြီ" ဟု အစချီကာ ဖြစ်ကြောင်းရယ် ကုန်စင် ရှင်းပြလေ၏။
မိန်း
မစကားကို ကြားရသည့်အခါ လင်ယောက်ျားသည် ပြုံးတုံ့တုံ့ဖြစ်သွားကာ "နင်တို့ မိန်း
မတွေကတော့ ဘုန်းကြီးလဲ
မနေရ လူလဲ
မနေရ၊ အတော်ဒုက္ခပေးကြတယ်၊ သေရင် ယ
မမင်းနဲ့တွေ့ပြီး ငရဲပင်
မဌာနချုပ်ဖြစ်တဲ့ အ၀ီစိအထိ သွားရမဲ့အထဲနင်တို့မိန်း
မတွေပါတယ်" ဟု ပက်ပက်စက်စက် တွယ်နှက်လေတော့၏။ "အံမယ် အံမယ် ရှင်ကကော ဘာထူးလို့လဲ ဟိုက ပစ္စည်း
မ ယူလာ ဒီက ပစ္စည်း
မ ယူလာနဲ့၊ ပြီးတော့ အိမ်ပြန်ရောက်တော့လဲ မိန်း
မအနားကကို ခွါတယ်
မရှိဘူး။ နောက်ပြီး ရွာထဲက ကလေးကျန်းမာရေးအတွက်
မ တည်ငွေတွေကိုလဲ ရှင် အလွဲသုံးစားလုပ်တယ်။ ရှင်ကမှ သေပြီးရင် ယ
မမင်းနဲ့တွေ့ပြီး အ၀ီစိထက်ဆိုးတဲ့ငရဲရှိရင် အဲဒီကို သွားရမှာ" ဟူ၍ မျက်လုံးလေး
မကာ ၀င့်ကာဖြင့် ယောက်ျားအား ကက်ကက်လန်လန်ဟန်မူယာလေးဖြင့် ပြန်ချေပလေတော့၏။
ယောက်ျားလည်း မိန်း
မ၏ မျက်စောင်းလှလှလေးအား တွေ့မြင်ရပြီးနောက် ထမင်းစားချင်စိတ်ပျောက်သွားပြီး ဘာစိတ်ပေါက်သွားသည်
မသိ ပစ္စည်းပုံအားစစ်ဆေးနေသည့် မိန်း
မကို စွေ့ကနဲ
မ ယူကာ မင်္ဂလာအိပ်ခန်း
မကြီး အတွင်းသို့ သယ်ယူပြီး နှစ်ယောက်အိပ်ကုတင်ပေါ်သို့ ပစ်ချလိုက်လေ၏။ ပါးစပ်ကလည်း "မိန်း
မရေ.. နေ့လေး ညခြောက် ထမင်းစားပြီးတစ် ဟစ် ဟစ် ဟစ်" ဟူသော အူမြူးသံကြီး ထွက်ပေါ်နေလေတော့၏။ ထိုမှ နောက်တွင်တော့ "ဟင်း.. ရှင် ဒါ ဘာအချိုးချိုးတာလဲ၊ မိန်း
မကို ကျွန်
မများမှတ်နေလား၊ လုပ်လိုက်ရ ပုဒ်
မ ၃၀၄ ထိရော့မယ်။ ကဲ ရှင်ရေ... ဒါတော့
မရဘူး၊ ဒါဘဲရမယ်.. ၀ုန်း ဒိုင်း ဂွမ်း ခွပ် အင့်" ဟူသော အသံများ ထွက်ပေါ်လာပြီးနောက် ယောက်ျားလုပ်သူသည် ပုဆိုးအလည်သားလေးကို
မကာ ဆုပ်ကာဖြင့် အခန်းတွင်းထဲမှ ပြေးထွက်လာလေ၏။
ထို့နောက် ထိုယောက်ျားသည် ငိုကြီးချက်
မဖြင့်..
"အ
မလေး...
မိန်းမ.. မိန်းမ.. ဘယ်မိန်းမမှ မကောင်းပါလား။ လိုတစ်မျိုး မလိုတစ်မျိုးနဲ့။ ဟို ရှေးရှေးတုန်းက ကြားဖူးသည်မှာ မိန်း
မဆိုတာ မိန်းပြီး
မ စတတ်လို့ မိန်း
မလို့ ခေါ်သတဲ့။ မိန်းကိစ္စအတွက်
မ မ ပြီး ကြည်နူးခွင့်ရလို့ မိန်း
မလို့ခေါ်သတဲ့။ ဒါ့ပြင် ကဗျာလေးတစ်ပုဒ်ကလဲ "ယားသည့်အခါ၊ ဖြေဖျောက်သာအောင်၊ အပါးမြှောင်၍၊ သုံးဆောင်ရန်ထား၊ မိန်း
မများကို၊
မယားဟူ၍ ခေါ်သတည်း" တဲ့။ အခုတော့ အဲဒီမိန်း
မတွေ အဲဒီစည်းကမ်းကို
မသိလေရော့သလား
မသိ။ ဘာမှ သုံးလို့
မရတော့ပါလား။ အေးလေ... ခေတ်ကြီးကိုက သူတို့ခေတ်၊ သူတို့အားသာတဲ့ခေတ်ကြီးထဲ ရောက်နေပြီကိုး။ ဘာတဲ့။ ခြေ
မ တဲ့။ လက်
မ တဲ့။ ယက်
မ တဲ့။ အူ
မ တဲ့။ တံခါး
မ တဲ့။ သ
မ၀ါယ
မ တဲ့။ သဒ္ဓ
မ္မ တဲ့။ သုတသော
မ တဲ့။ ဦးဝါယ
မ တဲ့။ ယ
မမင်း တဲ့။ တပ်
မမှူး တဲ့။ အ
မတွေချည်းသက်သက်ဘဲ။ ဘာတစ်ခုမှ အထီး
မပါပါလား။ နောက်ပြီး နိုင်ငံတော်က ပေးတဲ့ ဘွဲ့နာမည်တွေကို ကြည့်ဦး
မလား။ သဒ္ဓ
မ္မဇောတိက တဲ့။ သိရီသုဓ
မ္မသိင်္ဂီ တဲ့။ အဂ္ဂ
မဟာပဏ္ဍိတ တဲ့။ အဘိဓဇ
မဟာရဋ္ဌဂုရု တဲ့။ နိုင်ငံတော်ကို အုပ်ချုပ်နေတာကလဲ တပ်
မတော်အစိုးရတဲ့။ နိုင်ငံတော်ကကိုးကွယ်တဲ့ ဗုဒ္ဓဘာသာဘုရားရှင်ရဲ့ နာမည်ကလဲ ဂေါတ
မ တဲ့။ ဘာများကျန်သေးလို့လဲ။ အ
မတွေချည်းပါလား။ ယုတ်စွအဆုံး ငါတို့ကျက်စားနေထိုင်တဲ့ နိုင်ငံတော်ကြီးတောင်မှ
မနှစ်လုံး (
မမ) နဲ့ တည်ဆောက်ထားတဲ့ မြန်မာနိုင်ငံကြီးဖြစ်နေပါပေါ့လား။ အ
မလေး... အ
မလေး... အ
မဓါတ်တွေ အားသာနေတဲ့ သတ္တလောကကြီးထဲမှာ ငါလူဖြစ်လာရတာ မျက်နှာသိပ်ငယ်ပါပေါ့လား........"
ဟူ၍ ငိုချည်းရှည်ကြီးအား အော်ဟစ်ငိုကြွေးနေလေတော့၏။ ။
သူကြီးကိုကိုမောင်သည် ထိုအချင်းအရာတို့ကို တွေ့မြင်ပြီး အ
မဓါတ်တွေ အားသာနေသည့် လောကကြီးအား စိတ်ကုန်ချင်သယောင်ရှိနေလေ၏။ ထို့နောက် တကယ်ပင် အ
မဓါတ်အားသာတာ သေချာရဲ့လားဟု သံသယ အနည်းငယ်မျှ
မဖြစ်စေရန် အဖိုဓါတ်နှင့်အ
မဓါတ်တို့ကို သမာဓိချိန်ခွင်လျှာပေါ်တင်ပြီး ထပ်ဆန်းစစ်ကြည့်မိပြန်လေ၏။ အမှန်ပင် အ
မဓါတ်က အားသာနေသည်ကို မျက်ဝါးထင်ထင်မြင်တွေ့ရလေ၏။ ထို့မှနောက်တွင်တော့ သူကြီးကိုကိုမောင်သည် စိတ်အတွင်းမှ အောက်ပါတို့ကို တီးတိုးရေရွတ်နေလေတော့၏။
"အ
မဓါတ်ပါရင် ဘာမှအဆင်
မပြေပါလား။ ကြည့်လေ။ အဆင်
မပြေပါလားဆိုတဲ့ စကားလုံးမှာတောင်
မ က ပါနေပြန်ပြီ။
မ ပါရင် အရာအားလုံး ဆန့်ကျင်ဘက်တွေ ဖြစ်ကြကုန်ရောပေါ့။ ဘာတဲ့။
မကောင်းဘူး တဲ့။
မမှန်ဘူး တဲ့။
မချစ်ဖူး တဲ့။
မလုပ်ဘူး တဲ့။
မသွားဘူး တဲ့။ နောက်ပြီး အ
မဓါတ်ပါရင် တားမြစ်တဲ့အမိန့်ပေးသံတွေလဲ ပါလာပြန်ရော။ ကြည့်ပါဦး။
မလုပ်နဲ့ တဲ့။
မသွားနဲ့ တဲ့။
မစားနဲ့ တဲ့။
မကြည့်နဲ့ တဲ့။
မချစ်နဲ့ တဲ့။ ကောင်းရော။ ပြီးတော့ ဘယ်လောက် အစွမ်းထက်ပြီးဘုန်းကြီးတဲ့ သူဖြစ်ပါစေ မိန်း
မထမီနဲ့ ခြုံအုပ်လိုက်ရင် ဘုန်းကံတွေ နိမ့်သွားရော တဲ့။ ဘုရား ဘုရား။ အ
မဓါတ်က တယ်လဲ ကြောက်စရာကောင်းပါလား။ ရှိသေးတယ်။ သစ်ပင်တွေကိစ္စ။ တုံးဖလားရွာထဲက ငှက်ပျောပင် သင်္ဘောပင် အုန်းသီးပင်တွေ
မနှစ်က အသီး
မသီးကြဘူး။ အဲဒါနဲ့ ဒီနှစ်တော့ အဲဒီ အပင်တွေကို မိန်း
မထမီပတ်ပေးလိုက်ကြတယ်။ သီးလိုက်တာမှ လွန်ရော။ ငှက်ပျောသီး သင်္ဘောသီး အုန်းသီးတွေ တုံးဖလားရွာထဲမှာ ပေါမှပေါဘဲ။ အင်း... အခုမှ စဉ်းစားမိတယ်။ ရွာထဲက ယောက်ျားတွေအတွက် ကြေငြာချက်တစ်စောင်ကြိုတင်ထုတ်ထားဦးမှ။
မတော်လို့ ညအိပ်ရာဝင်ပြီး ကိစ္စ၀ိစ္စပြီးကြတဲ့အခါ အမျိုးသားများက
မမြင်မကန်း မိန်း
မထမီကောက်ဝတ်မိရင် ဖုန်းကညာတစ်ပါး လုံးရာက ပြားပြီး ယောက်ျားတန်မဲ့ ကိုယ်ဝန်ဆောင်ကုန်ကြရင် ငါ သူကြီး နာမည်ပျက်ရချည်သေးရဲ့။
မဖြစ်ချေဘူး
မဖြစ်ချေဘူး အမိန့်တော်ပြန်တမ်းကို အမြန်ထုတ်မှ တော်ကာကျတော့မယ်"
သူကြီးကိုကိုမောင်သည် အထက်ပါကဲ့သို့ အနုလုံပဋိလုံစဉ်းစားခန်းဖွင့်ပြီး အ
မဓါတ်အားသာတဲ့ ဘုံဘ၀ကြီးအား ကြောက်လန့်တုန်လှုပ်ကာ တရားသံဝေ အရကြီး ရနေလေတော့သတည်း။
(ကိုကိုမောင့်အပြောမယုံလျှင် အပေါ်က ခရမ်းရောင်စာလုံးတွေပါတဲ့ လင့်ခ်ကလေးကို ကလစ်ကြည့်ကြကုန်လော့။)စိတ္တံ န ကမ္ပတု
စိတ်တုန်လှုပ်မှု ကင်းပျောက်ပါစေသတည်း။
မှတ်ချက်။အထက်ပါ မိန်း
မနှစ်ယောက်တို့၏ နာမည်မှာ ဒေါ်နွေ
မနှင့် ဒေါ်ညို
မတို့ဖြစ်လေ၏။ ယောက်ျားအား ၀ုန်း ဒိုင်း ဂွမ်း လုပ်လိုက်သူမှာ ဒေါ်နွေ
မပင်ဖြစ်၏။ ဒေါ်နွေ
မ၏ ယောက်ျားနာမည်မှာ ကို
မဆလာပင် ဖြစ်ပေတော့၏။
.