(အစာစားရင်း မဖတ်ရ)
ပွင့်လင်းရာသီရောက်ပြီမို့ တုံးဖလားရွာသူရွာသားများ တက်ကြွနေကြ၏။ စိုက်ပျိုးထားသည့် ကောက်စပါးသီးနှံများ ရိတ်သိမ်းပြီးချိန်ဖြစ်သောကြောင့် စားဝတ်နေရေးအတွက် သက်တောင့်သက်သာ ရှိကြလေ၏။ အချို့မိသားစုများကမူ ကောက်ပဲသီးနှံတို့မှ ဖြစ်ထွန်းလာသည့် ငွေစငွေနလေးဖြင့် သားတော်မောင်လေးများကို ကိုရင်ဘ၀သို့ တက်ပေးဖို့ စိုင်းပြင်းနေကြလေ၏။ ဤသို့ဖြင့် ရှင်ပြုပွဲတစ်ခုပေါ်ပေါက်လာ၏။ မိသားစု ဆယ်စု စပ်တူပြုလုပ်သည့် စုပေါင်းရှင်ပြုပွဲပင်ဖြစ်၏။
ရှင်ပြုပွဲကျင်းပဖို့အတွက် ဘုန်းတော်ကြီးကျောင်းအရှေ့ဘက်ရှိ ကွင်းပြင်၌ တစ်ရွာလုံး စုပေါင်းပြီး မြက်နှုတ်ပေါင်းရှင်းကာ သန့်ရှင်းရေးလုပ်ကြ၏။ တစ်ဧကခန့်ရှိ ကွက်လပ်ကလေးသည် မြက်ပင်များ မရှိလောက်အောင် သန့်သန့်ရှင်းရှင်းလေးဖြစ်သွား၏။ ထိုကွက်လပ်ကလေးပေါ်၌ ယာယီမဏ္ဍပ်ဆောက်လုပ်၍ ထိုမဏ္ဍပ်အတွင်း၌ပင် အနယ်နယ်အရပ်ရပ်မှ ရောက်လာကြမည့် သူများကို ဧည့်ခံမည်ဖြစ်၏။ သန့်ရှင်းရေးလုပ်ငန်းပြီးစီးသွား၍ ထိုနေ့အဖို့ အနားယူလိုက်ကြ၏။ နောက်တစ်နေ့မနက်ပိုင်းမှ စပြီး မဏ္ဍပ်ထိုးကြမည်ဖြစ်၏။
နောက်တစ်နေ့၌ ရွာသူရွာသားများသည် မဏ္ဍပ်ထိုး(ဆောက်လုပ်)ရန်အတွက် ထိုကွက်လပ်ကလေးသို့ ချီတက်ရောက်ရှိလာကြလေ၏။ ညတုန်းက မိုးဖွဲဖွဲလေးရွာထားသဖြင့်လည်း ထိုကွက်လပ်ကလေးမှာ စိုထိုင်းထိုင်းဖြစ်နေလေ၏။ ရွာသူရွာသားများအားလုံး ထိုနေရာသို့ ရောက်ရှိပြီး အရာဝတ္ထုတစ်ခုကို မြင်လိုက်ရသည့်အတွက် စိတ်ဆိုးဒေါသထွက်ကာ တစ်ယောက်တစ်ပေါက် ကျိန်ဆဲနေကြလေတော့၏။
"ဒါ သက်သက်မဲ့ စော်ကားတာာ"
"ဒါ တမင်သကာကို ညစ်ပတ်တာ"
"လူမဆန်ဘူး။ တိရစ္ဆာန်တောင်မှ အခုလို မလုပ်ဘူး"
"ဒီကောင် ငရဲအိုးဇောက်ထိုးကျမဲ့ အကုသိုလ်ကောင်"
"ဒီကိစ္စကို သူကြီးကိုကိုမောင်နဲ့ တိုင်ပြောမှ ဖြစ်မယ်"
မည်သူမည်ဝါ ပြုလုပ်သည်မသိသော၊ လက်သည်မပေါ်သော ပြစ်မှုကြီးသည် ထုံးစံအတိုင်း သူကြီးကိုကိုမောင် ခေါင်းပေါ်သို့ ကျရောက်လာလေတော့၏။ ကိုးလုံးစိပ်ပုတီးကို အဓိဋ္ဌာန်ဖြင့် စိပ်နေစဉ် ရွာသားတစ်ယောက် သူကြီးကိုကိုမောင်အိမ်သို့ အပြေးရောက်လာပြီး ထိုပြစ်မှုကို တိုင်ကြားလေတော့၏။
"ရွာသူရွာသားတွေ အားလုံးကိုယ်စား သူကြီးမင်းကို အမှုအပ်ပါတယ်"
"ဟေ.. ဘာအမှုဖြစ်ပြန်ပြီလဲ"
"ဒီအမှုက သက်သက်မဲ့ အကြံအစည်နဲ့ ယုတ်မာပက်စက်တဲ့ ပြစ်မှုပါ"
"ကဲပါ.. ပြစ်မှုကိုသာ တင်ပြပါလေ။ ဘာတွေ ဖြစ်ပြန်ကြပြီတုန်း၊ ခင်များတို့က လုပ်လိုက်ရင် သေရေးရှင်ရေးတွေချည်းဘဲ"
"အခုကိစ္စက တစ်ရွာသားလုံးကို စော်ကားထားတာဗျ"
"ပြောမှာသာပြောပါလေ။ ဘာအမှုလဲ"
"မနေ့တုန်းက ကျနော်တို့ ရွာသူရွာသားအားလုံး ဘုန်းတော်ကြီးကျောင်းရှေ့ မှာ စုပေါင်းသန့်ရှင်းရေး လုပ်ထားတဲ့ ကွက်လပ်ကို သူကြီးမင်း သိတယ်မဟုတ်လား"
"သိတယ်လေ။ မဏ္ဍပ်ဆောက်ဖို့ ပေါင်းမြက်သုတ်သင်ပြီး သန့်ရှင်းရေး လုပ်ထားတဲ့ ကွက်လပ်ကို ပြောတာမဟုတ်လား"
"ဟုတ်ပါတယ် သူကြီးမင်း"
"အင်း... ဆိုစမ်းပါဦး။ အဲဒီကွက်လပ်ကြီး အခု ဘာဖြစ်သွားလို့လဲ"
"ဘာဖြစ်ရမှာလဲ သူကြီးမင်း။ အဲဒီကွက်လပ်ထဲမှာ လူတစ်ယောက် ချီးပါချထားတယ်ဗျ။ အခုမှ လပ်လပ်ဆတ်ဆတ်ကြီး ရှိနေသေးတယ်။ ညသန်းခေါင်ယာမ်လောက်က လာပါထားတာထင်တယ်"
"ဟေ.. ဟုတ်လား"
"ဟုတ်ပါတယ် သူကြီးမင်း။ အဲဒါ သူကြီးမင်း ကူညီပြီး အဲဒီ ချီးပါတဲ့သူကို ဖော်ထုတ်ပေးပါ။ ကျနော်တို့ ရွာသူရွာသားတွေ အားလုံး သူကြီးမင်းကို ဒီအမှု အပ်ပါတယ်။ ဆက်လက်ဆောင်ရွက်တော်မူပါ"
ဤသို့ဤနှယ်ဖြင့် သူကြီးမင်းတစ်ယောက် ထိုအမှုကို ၀လုံးကွက် လက်ခံလိုက်ရလေတော့၏။ သူကြီးမင်းသည် အချိန်ဆိုင်းမနေဘဲ ထိုလာရောက်တိုင်တန်းသူနှင့်အတူ အမှုဖြစ်ပွါးရာ နေရာသို့ ချီတက်လေတော့၏။ ချီးပုံကြီးမှာ ယင်တထောင်းထောင်းဖြစ်နေလေ၏။ ထိုနေရာသို့ရောက်ရှိပြီးနောက် အမှုသွားအမှုလာကို ခေတ္တခဏမျှကြည့်ပြီး သူကြီးမျက်နှာ၌ ပြုံးယောင်သန်းလာလေ၏။ ထို့နောက်...
"ကိုင်းဗျာ... တစ်နာရီအတွင်း ရွာသူရွာသားတွေ အားလုံး (တစ်ယောက်မကျန်) ဒီကွက်လပ်ထဲမှာ စုပါ။ ပြီးရင် ချက်ချင်း အမှုစစ်ဆေးဖော်ထုတ်မယ်။ အချိန်မကုန်သင့်ဘဲ မကုန်စေချင်ဘူး။ ခပ်မြန်မြန်ဖော်ထုတ်လိုက်မယ်။ အမှုတွဲကို ခြေရာလက်ရာမပျက်အောင် ထိန်းသိမ်းထားပါ။ အထူးသဖြင့် ရွာခွေးများ ကွက်လပ်အတွင်းသို့ မလာရောက်နိုင်ရန် ကာကွယ်ထားပါ။ ထူးကဲဖြစ်စဉ်ရှိရင် ရက်ကော့ဒ်လုပ်ထားပါ။ ကဲ လောလောဆယ်တော့ အိမ်ပြန်ပြီး လက်ကျန် ပုတီးတစ်ပတ် ထပ်စိပ်လိုက်ဦးမယ်။ လူစုံရင် လာအကြောင်းကြားပါ"
ဟူ၍ ပြောဆိုမှာကြားကာ သူကြီးကိုကိုမောင်တစ်ယောက် သူ၏နေအိမ်သို့ ပြန်သွားလေတော့၏။ ရွာသူ ရွာသားများသည် ခဏလေးနှင့်အဖြေသိပုံပေါ်သွားသည့် သူကြီးကိုကိုမောင်ကို ပါးစပ်အဟောင်းသားဖြင့် ကြည့်ပြီး ထိုကွက်လပ်အတွင်း၌ ကျန်ရစ်နေကြလေတော့၏။
...
တစ်နာရီခန့်အကြာ၌ ရွာသူရွာသားများ အားလုံး ထိုကွက်လပ်(စုရပ်)နေရာ၌ အသင့်ရောက်ရှိနေကြလေ၏။ အိမ်ခြေသုံးဆယ်မျှရှိသော ရွာမို့လို့ လူစုရသည်မှာ လွန်စွာမှ လွယ်ကူလှ၏။ ရွာသားတစ်ယောက် လူစုံပြီဖြစ်ကြောင်း အကြောင်းလာကြားသဖြင့် သူကြီးကိုကိုမောင်လည်း အဆင်သင့်လိုက်ပါသွားလေ၏။ စုရပ်၌ ညီညာစွာ တန်းစီထိုင်နေကြသည့် ရွာသူရွာသားများကို ကြည့်ကာ သူကြီးကိုကိုမောင် အကျေနပ်ကြီးကျေနပ်နေလေတော့၏။ တစ်ရံတစ်ခါ၌ ယခုကဲ့သို့ အထက်စီးကနေပြီး လူတွေကို ဆက်ဆံရသည်မှာ လွန်စွာမှ အရသာရှိလှပေ၏။ သူကြီးကိုကိုမောင်သည် ရောက်မဆိုက်ပင် ချက်ချင်း အမှုစတင်စစ်ဆေးဖို့ ပြင်ဆင်လေတော့၏။
"ကဲ.. အမှု စတင် စစ်ဆေးမယ်။ ဦးမောင်ကြည်သမီး စန်းမြင့် ရှေ့ ကို လာခဲ့ပါ။ မေးမြန်းစရာရှိတယ်"
လူအုပ်အတွင်းမှ စန်းမြင့်လေးခမျာ ဘာမသိညာမသိဖြင့် ရှေ့သို့ ခပ်ကျို့ကျို့လေးရောက်လာလေ၏။ ရွာသူရွာသားများမှာလည်း ထိုချီးပုံကို စန်းမြင့် ပါထားခဲ့သည်ဟု အထင်ဖြင့် နှာခေါင်းရှုံ့နေကြလေ၏။ ခပ်ရိုးရိုး ခပ်အေးအေး နေတတ်သည့် စန်းမြင့်တစ်ယောက် ယခုအမှုတွဲနှင့် ဆက်စပ်နေသည်ကို အားလုံးက အံ့သြနေကြလေ၏။
"စန်းမြင့်။ မှန်မှန်ဖြေနော်"
"ဟုတ်ကဲ့ပါ သူကြီးမင်း"
"မနေ့ညတုန်းက နင့်အိမ်ကို ယောက်ျားလေးသူငယ်ချင်းတစ်ယောက် အလည်မလာဘူးလား"
"မလာပါဘူး သူကြီးမင်း"
"သေချာရဲ့လား"
"ဘယ်သူမှ မလာတာ သေချာပါတယ် သူကြီးမင်း။ မယုံရင် ကျမ မိဘနှစ်ပါးလုံးကို အခု မေးမြန်းနိုင်ပါတယ်"
"သေချာလဲ စဉ်းစားပါဦး။ ယောက်ျားလေး သူငယ်ချင်းမဟုတ်ရင်တောင် ယောက်ျားလေးတစ်ယောက်ယောက်ပေါ့။ အလည်လာတယ်မဟုတ်လား"
အတန်ငယ် စဉ်းစားပြီးနောက်..
"အော်... သတိရပြီ သူကြီးမင်း။ ယောက်ျားလေး သူငယ်ချင်းတော့ မဟုတ်ဘူး။ နှစ်ဝမ်းကွဲ မောင်တစ်ယောက် ညတုန်းက အိမ်ကို ခဏအလည်လာပါတယ်။ မောင်အောင်ပုပါ။ သူက နေ့တိုင်း လာနေကြပါ။ ညတုန်းက သူနှစ်ခေါက်လာပါတယ်။ ကိုးနာရီလောက်က တစ်ခေါက်။ ပြီးတော့ ဆယ်နာရီလောက်က တစ်ခေါက်ပါ"
"ကဲ.. ဒါဆို အမှုစစ်ဆေးခြင်း လုပ်ငန်းပြီးသွားပြီ။ မောင်အောင်ပု ရှေ့ထွက်ခဲ့ပါ"
အောင်ပုတစ်ယောက် ခေါင်းငိုက်စိုက်ဖြင့် သူကြီးမင်းရှေ့သို့ရောက်လာလေ၏။
"မင်း.. ညတုန်းက ဒီကွက်လပ်ကို လာပြီး ချီးလာပါတယ် မဟုတ်လား"
အသံတိတ်နေလေ၏။ ဘာသံမှ ထွက်ပေါ်မလာပေ။ အသားတဆတ်ဆတ်တုန်နေပြီး ရှက်နေ၏။
"ကဲပါ.. အောင်ပု ၀န်ခံလိုက်ပါတော့။ ဒီချီးပုံကို မင်းပါထားခဲ့တာ မဟုတ်လား"
အောင်ပု မလိမ်ရဲတော့ပေ။ အမှန်အတိုင်း ၀န်ခံလေတော့၏။
"ဟုတ်ပါတယ်။ သူကြီးမင်း။ ကျနော် ပါမိပါတယ်"
"မင်းကွာ... ဘာဖြစ်လို့ ကြံကြံဖန်ဖန် သူများတွေ ကုသိုလ်လုပ်ဖို့ သန့်ရှင်းရေးလုပ်ထားတဲ့ နေရာမှာ လာပြီး ချီးလာပါရတာလဲ"
"ကျနော်လဲ ကိုရင်ဝတ်ချင်လို့ပါ သူကြီးမင်း"
"ဟေ.. ဘယ်လို.. ဘယ်လို.."
"ဒီလိုပါ သူကြီးမင်း။ အခုလို စုပေါင်း ရှင်ပြုပွဲကြီးမှာ ကျနော်လဲ သင်္ကန်းဝတ်ချင်ပါတယ်။ ဒါပေမဲ့ အိမ်က ဆင်းရဲလွန်းတော့ သင်္ကန်းမ၀ယ်နိုင်ပါဘူး။ ဒါကြောင့် ဘိလပ်ပြန် ဦးတိုးမောင်ဆီသွားပြီ အကူအညီသွားတောင်းပါတယ်။ သူက ပြောပါတယ်။ ဗေဒင်ကိန်းခန်းအရ ကိုရင် တကယ်ဝတ်ချင်ရင် ယတြာတစ်ခုလုပ်ရမယ်တဲ့။ ကျနော်လဲ လုပ်မယ် ကိုရင်ဝတ်ရပြီးရော၊ ဘာလုပ်ရမလဲလို့ မေးပါတယ်။ သူကပြောတယ် ဘုန်းတော်ကြီးကျောင်းရှေ့က သန့်ရှင်းရေးလုပ်ထားတဲ့ ကွက်လပ်ထဲမှာ ညကိုးနာရီ ကိုးမိနစ်အချိန်မှာ ကိုးန၀င်းကြေအောင် မိချောင်းကြယ် (၅+၂+၂=၉) တံဆိပ် ဖိနပ်ကို စီးပြီး ချီးသွားပါပါတဲ့။ မနက်မိုးလင်းတဲ့အခါ အဲဒီချေးပုံကို ခွေးစားသွားပြီဆိုရင် မင်းရည်ရွယ်ချက်အောင်ပြီ၊ သေချာပေါက် သင်္ကန်းဝတ်ရမယ်တဲ့။ ပစ္စည်းလေးပါးဒကာ နေ့ချင်းပေါ်ပေါက်မယ်တဲ့။ အဲဒါနဲ့ ကျနော်လဲ ကိုရင်ဝတ်ချင်စိတ်နဲ့ တစ်နေ့လုံးချီးမပါဘဲ အောင့်ထားခဲ့ပါတယ်။ ညရောက်မှ အမစန်းမြင့်ရဲ့ မိကျောင်းကြယ်ဖိနပ်ကို တိတ်တိတ်ကလေး ခဏယူစီးပြီး ဒီမှာ ချီးလာပါမိပါတယ် သူကြီးမင်း"
ရွာသူရွာသားများထံမှ ရယ်မောသံ အချို့ထွက်ပေါ်လာ၏။ သူကြီးကိုကိုမောင်က မျက်နှာရိပ်ပြကာ တိတ်တိတ်နေကြရန် သတိပေးလိုက်၏။
"ကဲ... ဦးတိုးမောင် ရှေ့ကို ကြွပါဦးခင်မျာ"
"ဟုတ်ကဲ့ပါ"
ရှေ့သို့ရောက်လာသည့် ဦးတိုးမောင်အား မေးမြန်းလေ၏။
"ခင်များ.. တကယ်ကို အဲဒီလို ကလေးကို ပြောလိုက်ရလား"
ကျနော်က သူ့ကို စလိုက် နောက်လိုက်တာပါ။ သူတကယ်လုပ်မယ်လို့လဲ မထင်မိလို့ပါ
"ဟာ.. ဒါ စ စရာ နောက်စရာမှ မဟုတ်တာ။ ဒီကလေးက တကယ်ကို သင်္ကန်းဝတ်ချင်နေတဲ့ဟာ။ ခင်များဗျာ ကလေးကို မဟုတ်က ဟုတ်က လုပ်ရက်တယ်"
ထိုကဲ့သို့ မြည်တွန်ပြီး သူကြီးကိုကိုမောင်သည် ဆက်လက်၍...
"ကဲ.. အမှုပေါ်ပေါက်ပြီ။ အမှုသွားအမှုလာ ထင်ရှားပြီးဖြစ်တဲ့အတွက် ပြစ်ဒဏ်အမိန့်ချမှတ်မယ်"
ရွာသူရွာသားများ စိတ်ဝင်စားစွာဖြင့် အမိန့်ကို နားစွင့်နေကြလေ၏။
"ဒီချီးပုံကို ဦးတိုးမောင်မှ တာဝန်ယူကြီးကြပ်ပြီး အောင်ပုနှင့်အတူတူ သေချာကျနစွာ တစ်နေရာသို့ ယူပြီး စွန့်ပစ်ပါ။ ချီးပါထားတဲ့နေရာကို သန့်ရှင်းရေးထပ်လုပ်ပါ။ အောင်ပုသည် သင်္ကန်းဝတ်ချင်၍ ယခုကဲ့သို့ ပြုလုပ်သည်ဟု သိရသောကြောင့် ဦးတိုးမောင်မှ ပစ္စည်းလေးပါး ဒကာခံပြီး ယခုစုပေါင်းရှင်ပြုပွဲ၌ ပါဝင်ပြီး အောင်ပုကို သင်္ကန်းစည်းပေးပါ။ အမိန့်"
ဦးတိုးမောင်သည် သူစီမံပေးသော ယတြာဖြင့် သူ့ကိုပြန်ထိလေတော့၏။ ချီးပုံကို ခွေးမစားသွားသော်လည်း အောင်ပုတစ်ယောက် ပစ္စည်းလေးပါး ဒကာပေါ်ပေါက်သွားလေ၏။ ထိုဒကာမှာ ဦးတိုးမောင်ကိုယ်တိုင်ပင်ဖြစ်တော့၏။ (မိန်းခလေးတစ်ယောက်အား တစ်လအတွင်း အိမ်ထောင်ကျကိန်းရှိသည်ဟု ဟောကိန်းထုတ်သော ဗေဒင်ဆရာသည် တစ်လအတွင်း ထိုမိန်းခလေး အိမ်ထောင်မကျသဖြင့် ကိုယ်တိုင်လက်ထပ်ယူလိုက်ရသကဲ့သို့ပင်ဖြစ်၏။ စကားချပ်)
တုံးဖလားရွာသူကြီး ကိုကိုမောင်၏ ဆုံးဖြတ်ချက် အမိန့်ကို ဦးတိုးမောင်ကိုယ်တိုင် ကျေကျေနပ်နပ်ဖြင့် ပြုံးရွှင်စွာ လက်ခံလေ၏။ ဦးတိုးမောင်သည် သူကြီးကိုကိုမောင်ကို မချီးကျူးဘဲ မနေနိုင်တော့ပေ။ ထို့ကြောင့် သူကြီးကိုကိုမောင်အား အထင်ကြီးစွာဖြင့်...
"သူကြီးမင်း.. အခုလို ဒက်ထိ ကွက်တိ အမှုတရားခံကို ဘယ်လို ပညာတွေနဲ့ ဖော်ထုတ်လိုက်တာပါလဲ ခင်မျာ"
ဟူ၍ လူထုဗိုလ်ပါ ပရိသတ်ရှေ့မှောက်၌ မေးမြန်းလေတော့၏။
"ဒါက ဒီလို ရှိပါတယ်။ ကျနော်က ဒီတုံးဖလားရွာရဲ့ သူကြီးဖြစ်တဲ့အတွက် ရွာသူရွာသားတိုင်းကို အမြဲတမ်းအကဲခတ် စောင့်ကြည့်နေလေ့ရှိပါတယ်။ အခုလို အိမ်ခြေသုံးဆယ် လူဦးရေ နှစ်ရာ လောက်သာ ရှိတဲ့ တုံးဖလားရွာမှာ ဘယ်သူတွေ ဘယ်လိုအခြေအနေရှိတယ်၊ ဘယ်သူတွေ ဘာအ၀တ်အစား ၀တ်ဆင်တတ်တယ်၊ ဘယ်လိုဖိနပ်မျိုးစီးတတ်တယ်၊ ဘယ်လိုထီးမျိုးဆောင်းတတ်တယ်ဆိုတာကစပြီး လေ့လာထားရပါတယ်။ ကျနော်သိသလောက် တုံးဖလားရွာမှာ ဖိနပ်အသစ်စက်စက် လက်ရှိစီးနေတဲ့သူ တစ်ယောက်မှမရှိပါဘူး။ စန်းမြင့်ကလွဲရင်ပေါ့။ မနေ့တနေ့တုန်းက စန်းမြင့်ရဲ့အဖေက ကျနော့်ကို သူ့အိမ်ဖိတ်ပါတယ်။ မြို့က ပြန်လာလို့ စားစရာလေးနဲ့ ဧည့်ခံချင်လို့တဲ့။ ကျနော်လဲ စကားစမြည်ပြောရင်း သူ့အိမ်ကို သွားခဲ့ပါတယ်။ အဲဒီမှာ သူမြို့က၀ယ်လာတဲ့ ပစ္စည်းတွေကို တွေ့ခဲ့ပါတယ်။ မိချောင်းကြယ် ဖိနပ်တစ်ရံအပါအ၀င်ပေါ့။ မှတ်မှတ်ရရ အဲဒီ မိချောင်းကြယ်ဖိနပ်က စန်းမြင့်အတွက်လို့ ပြောတယ်။ စန်းမြင့်လဲ သူ့ဖိနပ်ဟောင်း သဲကြိုးပြတ်ခါနီးဖြစ်နေတော့ အဲဒီမိချောင်းကြယ်ဖိနပ်ကို ချက်ချင်းထုတ်စီးပါတယ်။ ဖိနပ်က မိန်းခလေးစီးဖို့ ၀ယ်ခဲ့တာဆိုတော့ ဆိုက်နဲနဲသေးပါတယ်။ အခု မှုခင်းမှာ ကျနော်ချက်ချင်းတော့ မျက်စိလည်သွားခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုချီးပုံဘေးနှစ်ဖက်မှာ ခြေရာ ထင်ကျန်ခဲ့တာက မိချောင်းကြယ်ဖိနပ်အသစ်စက်စက်ခြေရာ ဖြစ်နေပြီး ချီးပါတဲ့သူက ယောက်ျားလေးဖြစ်နေလို့ပါ။ အမှန်ဆို ဒီဖိနပ်က စန်းမြင့်ဖိနပ်မဟုတ်လား"
ရွာသူရွာသားများသည် သူကြီးကိုကိုမောင်၏ ရှင်းပြချက်တို့ကို စိတ်ဝင်စားစွာဖြင့် မျက်တောင်မခတ်တမ်း နားထောင်နေကြလေ၏။ သူကြီးကိုကိုမောင်လုပ်လိုက်ရင် စိတ်ဝင်စားစရာတွေချည်း ဖြစ်နေ၏။ ထို့ကြောင့်လည်း သူကြီးကိုကိုမောင် ဆက်လက်ရှင်းပြမည့် အကြောင်းအရာတို့ကို နားရွက်မလှုပ်ဘဲ ငုတ်တုတ်တုတ်ဖြင့် စိတ်ဝင်စားစွာ ထိုင်စောင့်နေကြလေ၏။
"ဖိနပ်ပိုင်ရှင်က မိန်းခလေး။ တကယ်တမ်း ချီးလာပါတာက ယောက်ျားလေးဆိုတော့ ကျနော်တွေဝေမိတာတော့ အမှန်ဘဲ။ ဒါပေမဲ့ ချက်ချင်းသေချာစဉ်းစားကြည့်လိုက်တော့ အဖြေကို သိနိုင်မဲ့နည်းလမ်းကို စဉ်းစားမိလိုက်တယ်။ ဒါကြောင့် စန်းမြင့်ကို ရှေ့ခေါ်ထုတ်ပြီး စစ်ဆေးမေးမြန်းခြင်းဘဲ ဖြစ်ပါတယ်။ ကျနော့်အထင် ကွက်တိပါဘဲ။ ခင်များတို့ မြင်တွေ့တဲ့အတိုင်းပါဘဲ"
"ဒါဖြင့်.. သူကြီးမင်းက ဘယ်လိုလုပ်ပြီး အဲဒီချီးပုံကို ယောက်ျားတစ်ယောက်ရဲ့ ချီးပုံလို့ သိရတာလဲ။ ကျနော်တို့ သိပ်မရှင်းဘူး"
မေးမည်ဆိုလဲ မေးမြန်းချင်စရာပင်။ မည်သူမှ ချီးပုံ သုတေသနလုပ်ထားလေ့မရှိကြလေတော့ ယောက်ျားချီး မိန်းမချီး ခွဲခြားဝေဖန်ဖို့ ခပ်ခက်ခက်ပင်ဖြစ်၏။ သို့သော် သူကြီးကိုကိုမောင်အဖို့မူ ထိုကိစ္စမှာ ငှက်ပျောသီး အခွံနွှာရတာလောက်ပင် ခက်ခဲမှုမရှိချေ။ လွယ်ရေးချ လွယ်မှလွယ်ပင်ဖြစ်၏။
"ကဲ... ခင်များတို့ကို လက်တွေ့ပြမယ်။ အားလုံး ချီးပုံနား လာခဲ့ကြ။ သေချာရှင်းပြမယ်"
ရွာသူရွာသားအားလုံး ချီးပုံနားသို့ ချဉ်းကပ်လာကြ၏။ အောင်ပု၏ ချီးပုံသည် အချိန်တိုလေးအတွင်း၌ တုံးဖလားရွာအတွင်း စီလီဘရတီ ဖြစ်သွားလေတော့၏။ သူကြီးကိုကိုမောင်က ချီးပုံနားသို့ ရောက်ရှိနေကြသည့် ရွာသူရွာသားများကို သေချာစွာ ရှင်းပြလေ၏။
"ကဲ.. ဒီမှာကြည့်။ အောင်ပုဟာ အရှေ့ဘက်ကို မျက်နှာမူပြီး ဒီချီးကို ပါထားခဲ့တယ်။ သေးကွက်က ချီးပုံရဲ့ အရှေ့ဘက်အရပ်မှာ ရှိနေတယ်။ လူအားလုံးဟာ ချီးပါတဲ့အခါတိုင်း သေးပါ ထွက်လေ့ရှိတယ်။ ဒါကြောင့် အဲဒီသေးကို ယောက်ျားပေါက်တဲ့သေးလား မိန်းမပေါက်တဲ့သေးလားဆိုတာ အရင်စစ်ဆေးကြည့်လိုက်တယ်။ ဒီ သေးလမ်းကြောင်းက ယောက်ျားပေါက်တဲ့သေးဆိုတာကို ဖော်ပြတဲ့ သက်သေဘဲ။ သူဟာ ယောက်ျားလေး ဖြစ်တဲ့အတွက် သေးပေါက်တဲ့အခါမှာ သူ့ရဲ့ သေးကွက်က ချီးပုံနဲ့ တစ်ထွာအကွာလောက်မှာ ရှိနေတယ်။ စပေါက်ပေါက်ချင်း သေးကျတဲ့နေရာမှာ အခေါင်းလေးဖြစ်နေတယ်"
"ဒါဖြင့် မိန်းခလေးပေါက်တဲ့ သေးကိုရော ဘယ်လိုလုပ်သိနိုင်ပါသလဲ သူကြီးမင်း"
"ဒါက လွယ်လွယ်လေးပါ။ မိန်းခလေးတွေ ချီးပါရင်း သေးပေါက်ရင် သေးက ရှေ့ကို သိပ်မပြေးပါဘူး။ ချီးပုံနားတစ်ဝှိုက် သို့မဟုတ် ချီးပုံပေါ်တည့်ကျပါတယ်။ ချီးပုံပေါ်ကို ရေဖျန်းပေးသလို ပုံစံမျိုးပါ။ ဒီလောက်ဆိုရင် ခင်များတို့ အားလုံး ရှင်းသွားလောက်ပြီထင်ပါတယ်"
"ဟုတ်ကဲ့ပါ သူကြီးမင်း။ ရှင်းသွားပါပြီ။ သူကြီးမင်းရဲ့ ဥာဏ်ပညာကို မချီးကျူးဘဲ မနေနိုင်တော့ပါဘူး"
"ကဲ.. ကဲ.. အချိန်လဲ မစောတော့ဘူး။ ဦးတိုးမောင်နှင့်မောင်အောင်ပုတို့လဲ ခင်များတို့ဇာတ်လမ်းကို ပြီးအောင်ကကြပါ။ ဆိုလိုတာကတော့ ဒီချေးပုံကို သေချာသန့်ရှင်းရေးလုပ်ပါ။ ပြီးရင် ရွာသူရွာသားတွေ အားလုံး မဏ္ဍပ်ဆောက်လုပ်ဖို့ ပြင်ဆင်ကြပါ"
တုံးဖလားရွာသူကြီးကိုကိုမောင်သည် ထိုကဲ့သို့ ချီးဋီကာ သေးဋီကာတို့ကို ကျကျနနရှင်းပြပေးပြီး တာဝန်ကိုယ်စီပေးထားခဲ့ကာ သူ၏နေအိမ်သို့ ပြန်လာခဲ့လေတော့၏။
မဏ္ဍပ်ဆောက်လုပ်ခြင်းလုပ်ငန်းများ ပြီးစီးသွားပြီဖြစ်တဲ့အတွက် ထိုတစ်ပတ်အတွင်း တုံးဖလားရွာ၌ စုပေါင်းရှင်ပြုပွဲကြီးကို ခြိမ့်ခြိမ့်သဲ ကျင်းပကြလေ၏။ နဂိုပထမက မိသားစုဆယ်စုမှ ကိုရင်လောင်း ဆယ်ယောက်ထဲရှိသော်လဲ ဦးတိုးမောင်၏ ကိုရင်လောင်း မောင်အောင်ပုကိုပါ ထည့်သွင်းလိုက်သောကြောင့် ကိုရင် ၁၁ ပါး ရှင်ပြုပွဲဖြစ်သွားလေတော့၏။ ထိုရှင်ပြုပွဲ၌ ဦးတိုးမောင်၏ မျက်နှာကြီးမှာ ပြုံးဖြီးဖြီးကြီး ဖြစ်နေပြီး မောင်အောင်ပုလေးမှာလဲ အရမ်းအရမ်း ပျော်ရွှင်နေလေတော့၏။
...
သူကြီးမင်းကိုကိုမောင်သည် ဘိလပ်ကနေပြီး လွန်ခဲ့သည့်အပတ်က လက်ထောက်သူကြီးထံ ဖုန်းလှမ်းဆက်ကာ တုံးဖလားရပ်ရေး ရွာရေးဆွေးနွေးရင်း ကိုရင်အောင်ပုခေါ် ရှင်ဣန္ဒလေး အကြောင်း စကားစပ်မိ၍ မေးမြန်းလိုက်သောအခါ ကိုရင်အောင်ပုမှာ ရွာဦးကျောင်း၌ စာအတော်ဆုံးကိုရင်လေးတစ်ပါးဖြစ်နေပြီဖြစ်ကြောင်း၊ သဂြိင်္ုဟ် ကိုးပိုင်းလုံးကို ထုံးလိုချေ ရေလိုနှောက် ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်နေပြီဖြစ်ကြောင်း၊ မြို့သို့တက်ပြီး စာသင်ထွက်ရန် တာစူနေပြီဖြစ်ကြောင်း သိရှိရလေ၏။ ချုံပီး(ချီးပုံ)က စခဲ့သည့် မှုခင်းပြစ်မှုမှတစ်ဆင့် စာတတ်မြှောက်သည့် ကိုရင်လေးတစ်ပါး မွေးထုတ်ပေးခဲ့နိုင်ကြောင်း သိရှိလိုက်ရသည့်အတွက် တုံးဖလားရွာသူကြီးကိုကိုမောင်သည် ဖရဏာပီတိ ဂွမ်းဆီထိသကဲ့သို့ တအိအိကြီးဖြစ်နေလေတော့၏။
..

24 comments:
မှတ်ချက်။ ။ လူဇိုး..အခုပဲ ထမင်းစားပြီးတယ်။ မထင်းစားပြီး မဖတ်ရလို့လည်း မရေးဘူး။
သြဟော်..ဒါကြောင့် သဂျီးမင်း ကိုကိုမောင်ရယ်လို့ နာမည်ကျော်ကြား လူကြိုက်များလှတာကိုး။ ချေးယို ၊ သေးပေါက် သုတေသနကတော့ အတော်ကို ပြုထားပုံ ရတယ်နော်။ အရင်က ကျောင်းအိမ်သာတွေမှာ ချောင်းနေကြပဲ ထင်ပါတယ်။ အံ့ပါ့...အံ့ပါ့။
ချေးဋီကာ သေးဋီကာ
တောင်သေချာရှင်းသွားသေး
ငါ့အစ်ကိုတော်ချက်ကတော့အေ.......
အသိပါဘူး အနော်က ကမ်မတ် စ ထရီ နဲ့ ဒေါက်တာဘွဲ့ ယူထားလို့ ဒီလောက် သိတယ်မှတ်တာ ။ သူက လေ့လာအား ကောင်း တာကိုး။ တဂျီး မင်း အိ ရွှေညန် တော်အား လေးစားမိပါဂျောင်း။ ဘာတဲ့ ရေဖြန်းသလို ဖျစ်တယ် ဆိုလား။ ဂြီ
တော်သေး ထမင်းစားပြီးမှလာဖတ်လို့
တော်ပါပေတယ်သွားကြီးအတိုမှောင်ရယ် …
အားပေးလျက်
swe
တော်သေးရဲ့...ချီးပုံနဲ့ သေးအကွာအဝေး အရ အတိုအရှည်တိုင်းပြမသွားလို့..
အိုင်ဆေး ကိုကိုမောင်
ဒါအမှုကြီးပဲဗျ ဒါပေမယ့် တွေးလုံးလေးတော့ သဘောကျသဗျာ
သူကြီးကနေ
ဆားပုလင်း ဖြစ်သွားပါရောလား။
ဒီလို အမှုတွေလဲ နိုင်နင်းတယ်ပေါ့
ဒါကြောင့်လဲ ကိုကိုမောင်ရယ်လို့ ကမ္ဘာတစ်လွှား နံမည်ကျော်ကြားနေတာကိုးးးးးးး
သြော် သူဂျီးမင်း ရယ် ဒီရွာသားတွေ အားမနာရှာမကျိုး
ဘိလိပ်ပြန်သူကြီး ကို များ ချေးပုံ အမှု့ ရှင်းခိုင်းရတယ်လို့ နော်။
ကြည့်ရတာ သူကြီး လဲ ရွာမယ် ချေးယို စဉ်တုန်းက
သေသေချာချာ သုတေသနလုပ်ထားခဲ့ ပုံရတယ်။
ကျန်ခဲ့ တာလေး တစ်ခု က ချေးကုန်းတဲ့  တုတ် သို့ 
မဟုတ် စက္ကူ ကိုပါ ထည့်စဉ်းစားရမယ်။
သူဂျီး ထည့်မရေးထားတော့ ကြည့်ရတာ အောင်ဘု ချေးမကုန်းသွားဘူးထင်တယ်။ :)
အင်း သဂျီးရေ မျှဝေပေးတာ ကျေးဇူးပါ။
ဟုတ်တယ်ဗျို့။ ကိုမောင်ပြောမှ သတိရသွားတယ်။ ဒီကောင် အောင်ပု ချီးများမကုန်ခဲ့လေရော့သလားမသိ။ အနားမှာ တုတ် စက္ကူမတွေ့မိခဲ့ဘူး။ ဒါမှမဟုတ် ချီးပါပြီး အနီးနားက မြောင်းထဲဆင်းလို့ ဖင်ရေးဆေးခဲ့တာများလားမသိ။ အတွေးတော့ပွါးစရာနော်။းဝ))
ကိုဇော် မိခွန် မိုးယံ မဆွေ ဘကျောက် ဆရာမြစ် မကြီးချောတို့ကိုလဲ လာအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ ဘကျောက်ပြောတဲ့ အတိုအရှည်ကိစ္စကလဲ စဉ်းစားစရာပေဘဲ။ ဟာ ဟ။
အားလုံးကို ခင်မင်လေးစားလျက်
ကိုကိုမောင်(ပန်းရနံ့)
း)))).... သဂျီးမင်းကတော့ ဥာဏ်စွမ်းထက်လှချည်ရဲ့......
တော်ပါပေတယ် တဂျီးမင်း.....။အတော်ကို လေ့လာထားပုံ
ပဲ..။နောက်ဆို ငံပြာရည်ပုလင်း တဂျီးကိုကိုမောင်လို့ ပဲခေါ်
တော့မယ်..။းD
ထမင်းမစားခင်ဖတ်ဖြစ်လိုက်တော့..
မဟော်သဓာတောင် အရှုံးပေးရမယ်နော်..
သူကြီးရဲ့ အံ့မခန်းပညာတွေကတော့...
ခင်မင်စွာ
သဒ္ဓါ
ချေးဋီကာ
တွေးသီကာ စာကိုချဲ့ပါတဲ့
အိုဘယ့်သူကြီး။
တုံးဖလားမှာ
အမုန်းမပွါးအောင် ကြံဆောင်ရတယ်
အာဂ ချုံပီး။
ဟီး ဟီး ဟီးးးးးးးး :D
တော်လိုက်တဲ့ သကြီးကိုကိုမောင် ပါလား ဒါမျိုးလေးတွေ ဖတ်ချင်နေတာ
ကျေးဇူး
ရွှေစင်ဦး
သဂျီးကတော့
အရမ်းမြင်တတ်လွန်းပါတယ်။
စာရေးတာနဲ့ ဖြတ်ထုံးကို စီရင်ချက်ချပုံတွေက၊
အနုလုံ ပဋိလုံ ဆိုတော့။
သဘောပေါက်လွယ်တယ်လေ။
နောက်ထပ်အမှုတွဲများကိုလည်း ဖတ်ချင်ပါသေးတယ်။
ဖတ်လို့ကောင်းလိုက်တာ..တဂျီးရာ...
ချုံပီးဖြတ်ထုံး
ဤ အသုံးကို
ဘယ်လိုစီကာကုံးသနည်း။
မြတ်နိုး
ဆားပုလင်းကိုကိုမောင်ဆိုပါတော့လေ..
အမှု့လေးဖော်ထုတ်ပုံကတော့တကယ့်ပညာခန်း
တွေပါနေတယ်...တော်လိုက်တဲ့သူကြီးမင်း
ဒါကြောင့်လည်းနာမည်ကြီးပါပေတယ်..
ဝမ့်စွေ့..ဝမ့်စွေ့...ဝမ့်ဝမ့်စွေ့
ဇွန်မ အကိုကလည်း မဟောသဓာနဲ့ အပြိုင်ပါလား (အစာစားရင်း မဖတ်ရ) ဆိုပေမဲ့ Breakfast စားနေရင်းဖတ်နေတာ။ "ရာဝတ္ထုတစ်ခုကို မြင်လိုက်ရသည့်အတွက် စိတ်ဆိုးဒေါသ ထွက်ကာ" ဆိုတော့ မစားဘဲရပ်ထားလိုက်တယ် အဆုံးအထိ ဖတ်လည်းပြီးရော မစားဖြစ်တော့ဘူးး)
အိုး..အို တချီးတိုတိုမှောင်ရဲ့ အမူစစ်တော် ချက်ကတော့ဗျာ အထီးမလဲ တခါတည်းခွဲခြားပြ သွားတယ်
း)
း)
တော်တော် လေ့လာထားတာပဲ ကိုကိုမောင် တော်ပါပေတယ် :P
ကျန်ခဲ့လို့ တဂျီးက ချေးပုံ စပယါယ်ရှယ်လစ်နော်..
ဒါနဲ့ ဦးစံရှားလို မှန်ဘီလူးတလက်နဲ့ ချေးပုံကို အပေါ်အောက်ဘေးတိုက် အနီးကပ်ကြည့်နေတဲ့ အခါမှာ နှာခေါင်းကို ကာဗာလုပ်ထားသလား သိချင်ပါတယ် ဆင့်။
မြတ်နိုး
ကြံကြံဖန်ဖန် တွေးတတ်ရေးတတ်ပါပေ့။
သာယာချမ်းမြေ့ပါစေရှင်း
မိုး
ဖတ်ရင်း ရီရပါတယ် ရေးလဲရေးတတ်တယ်
စုံထောက်ကြီး ဦးစံရှားတို့တော့ နေခဲ့တော့ အဲဒီလိုဖြစ်စဉ်မျိုး တွေ့ခဲ့ရင် ပြောမယ်နော်
တရားခံ ရှာပေးဦး အရမ်းလေးစားတယ်
ငါးတော့မစားဘူး အရိုးစူးမှာဆိုးလို့ ဟိဟိ
တုံးဖလားက ကိုကိုမောင်
ကဗျာစပ်တာ အလွန်ကြောင်
ရတုရကန် စပ်ဖို့အရေး
အိမ်နောက်ဖေးကိုပြေး
ပြေးပီးပြန်လာ ရေးပြန်တာ
အီးဋီကာတွေပါ
ဒါကိုပင် အဟုတ်မှတ်
ချာပီးဖြတ်ထှတ် ထပ်။
myatnoe
Post a Comment