Monday 11 April 2016

မျက်စိတဆုံး ကြည့်ပေဦး

အို သူကြီး
အို သူကြီး။
ဘယ်သွားသနည်း
အို သူကြီး။
သိမ်းမြစ်တလွှား
ခြေလျင်သွား။
ဘာတွေ့ခဲ့နည်း
အို သူကြီး။
လန်ဒန်အိုင်းကို
မြင်ခဲ့ဆို။
ဘယ်ရောက်သေးနည်း
အို သူကြီး။
ပါလီမန်နား
ဘစ်ဘင်သွား။
ဘာလုပ်သနည်း
အို သူကြီး။
စိတ်ပြေလက်ပျောက်
လမ်းတွေလျှောက်။
ဘာသွားလုပ်နည်း
အို သူကြီး။
ကောလိပ်ကျောင်းတွင်း
ခက်ခဲရှင်း။
ဘာလုပ်ခဲ့နည်း
အို သူကြီး။
ဓါတ်ပုံများစွာ
ရိုက်လို့လာ။
ဘာဓါတ်ပုံနည်း
အို သူကြီး။
မျက်စိတဆုံး
ကြည့်ပေဦး။း)

(၃၀ မတ်ခ်ျ ၂၀၁၆)

No comments: