Tuesday 12 April 2016

"အထူးအောင်ပန်းဆင်" တေးထပ်

ပွဲသင်္ကြန် နွှဲပြန်ကြ
ဇွဲသန်ပြ ခါခါ။
ကဲသံက ဆူဆူညံတယ်
တူတူကြံ ပျော်ပွဲ။
နိုင်ငံသစ် တည်လစ်စဉ်လျှင်
ပြည်ရှစ်ခွင် မြူးလို့ဆင်နွှဲ။
ပိတောက်ခက်နဲ့ ရေပက်ပါကွယ်
ဆွေသက်လျာ စိုရွှဲ။
နွေရက်ကြာ ပျိုအသဲမှာဖြင့်
ငိုမစဲ ရင်မှာ။
လောင်းကွဲ့လေ စမ်းရေစက်တွေနဲ့
မှန်းနေလျက် လွမ်းတော့သည်သာ။
ရှေ့တလျောက် ပြည်သာယာကို
ဆွေသဟာ လက်တွဲလို့။
ခက်ခဲစွာ့ ထိုဌာနေ၊ သွားကြစို့လေ။
အတာကြူးတဲ့ တန်ခူးမြေမှာ
အထူးသေချာ အောင်ပန်းဆင်ကြလေး။
(သူကြီးမင်း ၁၂ အေပရယ် ၂၀၁၆)

No comments: