Monday 11 April 2016

ပြုံးကာပျော်ရွှင် ကုသိုလ်ရှင်

ရာသီပွင့်လင်း၊ ရှုခင်းမြူစင်
စေတီတည်ခြင်း၊ မယွင်းစတင်
ကိုယ်အားဥာဏ်အား၊ စိတ်အားရွှင်ရွှင်
တူတူပြု၊ ကောင်းမှုကုသိုလ်ဆင်။

စေတီရှစ်ရပ်၊ ထိုရပ်မှာပင်
စေတီရံများ၊ တည်ထားစတင်
တံတိုင်းများလဲ၊ မလွှဲအစဉ်
ဖြစ်တည်ပြု၊ ကောင်းမှုကုသိုလ်ဆင်။

အောင်မြင်ရာလမ်း၊ မျှော်မှန်းကာပင်
အောင်ြမင်ကာနီး၊ ပြုံြး့ပီးပျော်ရွှင်
အောင်မြင်စေခြင်း၊ စိတ်တွင်းကြည်လင်
အောင်မြင်မှု၊ ကောင်းမှုကုသိုလ်ဆင်။

ရပ်နီးရပ်ဝေး၊ ကူပေးလှူရှင်
ထိုကုသိုလ်ထူး၊ ကျေးဇူးလွန်တင်
သူကြီးမင်းက၊ မှတ်ရအစဉ်
ပြုံးကာပြု၊ ကောင်းမှုကုသိုလ်ဆင်။

သာဓု သာဓု သာဓု။

(၂၅ ဖေဖော်ဝါရီ ၂၀၁၆)

No comments: