လူသည် အခက်အခဲ ရှိချင်သူမဟုတ်။ သို့သော် အခက်အခဲနဲ့ ကြုံရမြဲဖြစ်၏။ လူသည် အမြဲ ပျော်ရွှင်ချင်သူ ဖြစ်၏။ သို့သော် စိတ်ဆင်းရဲရသည်က ပိုများလေ၏။ လူသည် သူများ အပြစ်ကို ရွေးမြင်တတ်၏။ သို့သော် ကိုယ်တိုင် ကျူးလွန်သည့် အပြစ်က ပိုများလေ၏။ လူသည် ချမ်းသာစွာ အသက်မွေးလို၏။ သို့သော် ပင်ပန်းကြီးစွာ ရုန်းကန်နေရ၏။ လူသည် အချိန်တိုင်း လိုအင်ဆန္ဒ ပြည့်ချင်ကြ၏။ သို့သော် မလိုချင်သည်များ ဖြစ်သည်က ပိုများ၏။
ဤသို့ ဤနှယ် ဖြစ်ချင်တိုင်း မဖြစ်၊ မဖြစ်ချင်တိုင်း ဖြစ်နေရသည့် လူ့ဘောင် လောကကြီးထဲ၌ ကျွန်ုပ်သည်လည်း ကျင်လည်ကျက်စားနေရ၏။ ထိုကဲ့သို့ ကျင်လည် ကျက်စားနေရသည့် ကျွန်ုပ်အား စိတ်ချမ်းသာမှု ပေးသော သူတို့အားလည်းကောင်း၊ စိတ်ဆင်းရဲမှု ပေးသော သူတို့အားလည်းကောင်း၊ နှစ်မျိုးလုံး ပေးသော သူတို့အားလည်းကောင်း၊ နှစ်မျိုးလုံး မပေးသော သူတို့အားလည်းကောင်း ကျွန်ုပ်၏ရင်တွင်းမှ လှိုက်လှိုက်လှဲလှဲ အထူးကျေးဇူး တင်မိပေ၏။
အကြောင်းမှာ။
ကျွန်ုပ်သည် ရံခါ ပျော်၏။ ရံခါ ပျင်း၏။ ရံခါ စိတ်ချမ်းသာ၏။ ရံခါ စိတ်ဆင်းရဲ၏။ ရံခါ စိတ်ဓါတ် တက်ကြွ၏။ ရံခါ စိတ်ဓါတ် ကျ၏။ ရံခါ ဒေါသစိတ်ဖြစ်၏။ ရံခါ မေတ္တာစိတ်ဖြစ်၏။ ရံခါ လောဘဖြစ်၏။ ရံခါ စေတနာ ဖြစ်၏။ ထိုကဲ့သို့ ဖြုတ်ကနဲ ဖျက်ကနဲ ပြောင်းလဲ ဖြစ်ပေါ်နေသာ ခဏငယ်ပေါင်းများစွာ၌ လုံးဝမပြောင်းလွှဲသော အရာတစ်ခုသည် ကျွန်ုပ်ထံပါး၌ အမြဲ ရှိနေလေ၏။ ထိုသည်မှာ ဘလော့ပေါ်၌ စာရေးခြင်းပင်ဖြစ်၏။
ခံစားချက်စုံလေ စာရေးအား ကောင်းလေပင်ဖြစ်၏။ ကျွန်ုပ် သိပ်ပျော်ရင်လည်း စာရေး၏။ သိပ်ပျင်းရင်လည်း စာရေး၏။ စိတ်ညစ်ရင်လည်း စာရေး၏။ စိတ်ချမ်းသာရင်လည်း စာရေး၏။ စိတ်ဓါတ်တက်ကြွရင်လည်း စာရေး၏။ စိတ်ဓါတ်ဘုံးဘုံးကျရင်လည်း စာရေး၏။ ဒေါသဖြစ်ရင်လည်း စာရေး၏။ မေတ္တာစိတ်ဖြစ်ရင်လည်း စာရေး၏။ လောဘဖြစ်ရင်လည်း စာရေး၏။ စေတနာဖြစ်ရင်လည်း စာရေး၏။ ထို့ကြောင့် ထိုကဲ့သို့ ရသမျိုးစုံကို ကျွန်ုပ်အား ပေးသနားကြသော ကျွန်ုပ်ကို မုန်းသူ၊ ကျွန်ုပ်က မုန်းသူ၊ ကျွန်ုပ်ကို ချစ်သူ၊ ကျွန်ုပ်က ချစ်သူ။ အားလုံးသော သူတို့အား ကျေးဇူးဥပကာ အထူးတင်ရှိပေ၏။
ကျွန်ုပ်၏ စိတ်ကို အစဉ်အားဆေး တိုက်ကျွေးသူတို့မှာ ကျွန်ုပ်၏ ဘလော့အိမ်လေးအား အလည်လာရောက်ပြီး အားပေးစကား ပြောကြားကြသည့် ဘလော့ဂါများ စာဖတ်သူများပင် ဖြစ်၏။ ထိုသူတို့၏ ဖြူစင်သည့် စေတနာတို့ကြောင့် ကျွန်ုပ်သည် ကလောင်ကို ပိုသွေးဖြစ်ခဲ့လေ၏။ ၀ါကျအထားအသို ပို သတိထားလာ၏။ စကားလုံး ရွေးချယ်မှု ပို ဂရုစိုက်လာ၏။ သို့သော် အမှားကင်းသည့် အဖြစ်သို့မူ မရောက်သေးပေ။ အမှားတွေ့လျှင် ပြင်ပေးကြပါကုန်။
ကျွန်ုပ်စာရေးသောအခါ၌ ကျွန်ုပ်၏ နာမ်စားကို "ကျနော်"ဟုလည်းကောင်း "ကျွန်ုပ်"ဟုလည်းကောင်း "သူ"ဟုလည်းကောင်း အမျိုးမျိုး သုံးစွဲခဲ့လေ၏။ သို့သော် နောက်ပိုင်း၌ "(တုံးဖလား) သူကြီးမင်း"ဟူသော အသုံးအနှုန်းကို ပို အသုံးများလာ၏။ အဘယ့်ကြောင့်ဆိုသော် သူကြီးမင်းဖြတ်ထုံးများအား ရေးပြီး နောက်တွင်မှ ကျွန်ုပ်အား လူသိများလာခြင်းကြောင့် ဖြစ်၏။ နောက်ပြီး "တုံးဖလား"ဟူသော ကျွန်ုပ်၏ ရွာငယ်ဇနပုဒ်ကလေးအား အွန်လိုင်း အင်တာနက်ပေါ်၌ အမြဲတမ်း သမိုင်းတင် ကျန်ရစ်စေချင်သောကြောင့်လည်း "(တုံးဖလား)သူကြီးမင်း"ဟူသော အမည်ကို သုံးဖြစ်ခြင်း ဖြစ်၏။
ကျောင်းစာထက် ဘလော့ကို ပို၍စိတ်ဝင်စားသော ကျွန်ုပ်သည် ၂၀၀၉ ခုနှစ် နိုဝင်ဘာလ၌ အပိုင်း ၁၅ ပိုင်းပါရှိသည့် "မောင်နတ်ကြီး" အမည်ရှိ အခန်းဆက် ပို့စ်များအား တစ်ပတ်အတွင်း အပြီးတင်ခဲ့ဖူးလေ၏။ သမိုင်းတွင် လူအများ သတိမထားမိကြသည့် တုန်လှုပ်ထိတ်လန့်ဖွယ် သွေးပျောက်ချောက်ခြားဖွယ်ကောင်းလှသည့် သမိုင်းအစစ်အမှန်ကို စကားလုံးအဖွဲ့အနွဲ့ တန်ဆာဆင်ပြီး ဇာတ်အိမ်ဖွဲ့ ရေးသားခဲ့လေ၏။
ထိုပို့စ်များအား တင်သော အခါကာလက ကျွန်ုပ်အား လူသိနည်းသေး၏။ ဘလော့ဂါများလည်း ယခုလောက် မပေါ်ပေါက်လာသေးပေ။ စာဖတ်အားပေးသူများလည်း ယခုလောက် အရေအတွက် မရှိခဲ့ပေ။ ထို့ကြောင့် ထိုပို့စ်များကို မဖတ်ရသေးသူများအား အပျင်းပြေ သမိုင်းကျေ ဖတ်မိစေရန် ထိုမောင်နတ်ကြီးပို့စ်အား ပီဒီအက်ဖ်ဖိုင် ပြုလုပ်ကာ ဤနေရာ၌ ပြန်လည် ဖော်ပြပေးလိုက်ပေ၏။ ပီဒီအက်ဖ်ဖိုင် ပြုလုပ်စဉ်က စာလုံးများ မှန်ကန်နေသော်လည်း နည်းပညာအားနည်းသည့်အတွက် ဤနေရာ၌ တင်လိုက်သောအခါတွင်မူ အချို့စာလုံးများ အချင်းချင်းထပ်နေလေ၏။ ထို့ကြောင့် ဒေါင်းလုပ်ဆွဲပြီး ဖတ်လျှင် ပိုကောင်းမည်ထင်၏။ အကယ်၍ စာဖတ်သူများ ဤနေရာ၌ ဖတ်၍ အဆင်မပြေလျှင် ဤနေရာ၌လည်းကောင်း Sidebar ရှိ "မောင်နတ်ကြီး PDF ဖိုင်"အောက်က လင့်ခ်လေးပေါ်၌လည်းကောင်း ကလစ်လုပ်ပြီး Adobe Reader ဖြင့် ဖတ်ကြပါလေကုန်။
မောင်နတ်ကြီး
အပျင်းပြေ ဖြစ်ဖြစ်၊ လှိုက်လှိုက်လှဲလှဲ ဖြစ်ဖြစ်၊ အားနာလို့ ဖြစ်ဖြစ်၊ လာရောက်ဖတ်ရှုပြီး အားပေးစကား မြွက်ကြား ပေးလျှင်ဖြင့် ကျွန်ုပ်အဖို့ ကျေးဇူးအထူးတင်ပြီး ဖရဏာပီတိ ဂွမ်းဆီထိသကဲ့သို့ တအိအိဖြစ်နေမည်မှာ အသေချာကြီး သေချာလှပေတော့၏။ ။း))
ကျေးဇူးတင်စွာဖြင့်
ကိုကိုမောင်(ပန်းရနံ့)
..

22 comments:
ဒေါင်းသွား၏ ( စာအုပ်ပြောပါဒယ် )
တအိအိ ဖြစ်နေတယ်ဆိုတော့ အဆီတွေစားထားတာများလို့ဖြစ်မယ် ။
လေးစာလျှက်
မောင်မျိုး၏ (ယောင်ကုန်ပြီ )
အခုလာဖတ်နေတယ် တဂျီး..
ဘယ်နှယ့်တဂျီးရယ်..
စာဖတ်လို့ရတဲ့အကွက်လေးကိုနဲနဲပါးပါးကြီးကြီးလေး
လုပ်ပေးထားတာမဟုတ်ဘူး
ခုတော့
3ကြောင်းလောက်ဖတ်လိုက်
တခါဆွဲလိုက်နဲ့အေ..
အလုပ်ရှုပ်ပ
ပြီးမှကောမက်ထပ်ရေးပေးမယ်..
မိမဲလေး
ခုပဲ မောင်နတ်ကြီး ဖတ်ပြီးသွားပြီ။ အရင်ကဖတ်ခဲ့ဖူးပါတယ်။ ခုနောက်တခေါက်ထပ်ဖတ်တယ်။ အရမ်းလည်း စိတ်ဝင်စားဖို့ကောင်းတယ်။ လူတယောက်ရဲ့သမိုင်းက ဖျောက်ဖျက်ပစ်လို့မရပါဘူး။
ခင်မင်လျက်
သဒ္ဓါ
ဖတ်ပြီးပြီ တဂျီး
ကြောက်စရာကြီးနော်..
အဲလောက်ဆိုးသွမ်းလို့လည်း
ခုခေတ်ထိအောင် သမိုင်းတွင်ကျန်နေတာထင်တယ်
ခင်တဲ့ blackroze
သကြီးမင်း ရေ
လက်ရာလေး ကိုဖတ်သွားပါတယ်.. စေတနာ အပြည့်အဝ နဲ့ တင်ပြထားတဲ့ အတွက် ဖတ်ရတာ ကောင်းလှပါပေတယ်..သမိုင်း ကို ရှင်းရှင်းလင်းလင်း သိသွားပါတယ်
ဂျပန် မှာတော့ မဟာယာန အယူဝါဒ က ဖျက်သိမ်းလိုက်ပြီဆို
ဒါနဲ့ ဒီတခါ ပိုစ့်ထဲမှာ အိမ်သာနက် မပါဘူးနော် တော်သေး
ခင်မင်စွာဖြင့်
အပြစ်အနာအဆာတွေ လိုက်ရှာနေတာ ကြာပြီ။ မတွေ့ဘူးဗျို့။ ဒါကြောင့် "လူသည် သူများအပြစ်ကို ရွေးမြင်တတ်၏။ သို့သော် ကိုယ်တိုင် ကျူးလွန်သည့် အပြစ်က ပိုများလေ၏"ဆိုပြီး တုံးဖလားသူကြီးမင်းကိုကိုမောင်(ပန်းရနံ့)ဆိုထားဟန်တူ၏။ ကျန်းမာပျော်ရွှင်ပါစေ...
(မောင်နတ်ကြီးကိုတော့ မဖတ်ရသေးဘူး။ အရင်မန့်လိုက်တာ။ ခုဖတ်လိုက်ဦးမယ်။ ပြီးရင် တစ်ခါပြန်မန့်မယ်။ ဒါပဲ မန့်တာ ၀ါသနာပါလို့)
စေတနာ အပြည့်အဝ နဲ့ တင်ပြထားတဲ့ အတွက် ဖတ်ရတာစိတ်ဝင်စာဖို့အလွန်ကောင်းပါတယ်
အားနာပြီးလာဖတ်တာလဲမဟုတ်ပါဘူး
ဝါသနာပါလို့လာဖတ်တာပါ....ဒေါင်းသွားပါတယ်
စာအုပ်ကိုပြောတာနော်....
ခင်မင်စွာဖြင့် jas
တခါတလေများ သူကြီးကိုလူဆိုတာတောင်နည်းနည်းသံသယ ၀င်ဝင်လာတယ် ..ဟဲဟဲ
ဘုန်းကြီးထင်တာပြောပါတယ်း)
အိမ်ကျမှဒေါင်းမယ်
ရုံးမှာဒေါင်းရင်တော့အလုပ်ပါပြုတ်သွားနိုင်တယ်
ဒါဘဲ
လစ်ပီ
'မောင်နတ်ကြီး'ကို ဘလော့ဂ်ဂါမဖြစ်ခင်က ဖတ်ခဲ့ဘူးတဲ့ နောက်ပိုင်း ပို့စ်အသစ်တင်တိုင်း အန်တီရောက်ဖြစ်ခဲ့တယ်။ လောကနိယာမတရားကို မြင်တတ်ပြီး ကိုယ့်အပေါ်ဆိုးဆိုး ကောင်းကောင်း ကျေးဇူးတင်တတ်တဲ့ ကိုကိုမောင်ကို လေးစားပါတယ်။ ဆိုးသူကောင်းသူစာဖတ်သူတို့နဲ့ ဘော်ဒါဘလော့ဂ်ဂါတို့အတွက် စာကောင်းပေကောင်းတွေ များများရေးပြီး မျှဝေနိုင်ပါစေလို့ ဆန္ဒပြုပါတယ်း)
စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဖတ်လို့ကောင်းပါပေ့.... တစ်ခါမှ မဖတ်ဖူးတဲ့အတွက် အသေအချာကို စိတ်ဝင်တစားဖတ်မိတယ်..း)))..
ခင်မင်လျက်
်နေ၀သန်
ဟွန့် စာမြည်းလေး ပေးတာတောင် တော်တော်လေး ကပ်စည်းနည်းပ ဒီအကိုကတော့လေ....:)
ဒေါင်းသွားပြီအကို ကျေးဇူးပါလို့..
ကောင်းသောနေ့လေး ဖြစ်ပါစေလို့..
ဒေါင်းသွားတယ်...ဖတ်ပြီးမှ တစ်ခေါက်ပြန်လာတော့မယ် သူကြီးရေ...အရေးအသားကို ဖတ်ရင်း မင်းသိင်္ခ၀ထ္ထုနဲ့များ မှားရော့သလား ပြန်စဉ်းစားယူရတယ်...“၏” ပစ္စည်းတွေ ဖောဖောသီသီသုံးပြီး ၀ါကျတိုတွေနဲ့ ခပ်သွက်သွက်ရေးထားတော့ ဖတ်ရတာ မြူးပြီးရွှင်နေလို့...
ဒေါင်းသွားမယ်....အေးဆေးမှဖတ်မယ်....အေးဆေးမှပြန်
လာမန့်မယ်....တဂျီးရေ......
အေးဆေးမှဖတ်ပြီး အေးဆေးမှမန့်မလို့ပဲ တဂျီးရေ...၊
အစလေးမြည်းလိုက်တာ အဆုံးထိပါသွားပါရောလား...။
မဟာယာနဖြစ်လာပုံကို ဖတ်ဖူးပေမယ့် မဟာဒေဝရဲ့
အကြောင်းစုံကိုတော့ မသိမိဘူး...၊အံစရာပဲဗျာ...သူ့အဖြစ်
က...၊သူ့အကြောင်းကိုဖတ်နေချိန်မှာယောင်ပြီးတောင်
လက်သီးဆုပ်ထားမိရဲ့....၊စပ်ဆုပ်စရာကောင်းလွန်းလို့၊
သို့ပေမယ့် မဟာယာနရဲ့ ကနဦးအစပုဂ္ဂိုလ်ကြီးရဲ့ ဇာတ်
လို့တောင်မယုံနိုင်တာကတော့အမှန်....၊နောက်ပြီး..သူ့
အကြောင်းကိုဇာတ်တစ်လျှောက်မှာပေါ်ပေါက်ခဲ့ဟန်မတူ
ဘူး....၊သို့ပေမယ့်နှောင်းလူတို့က ဘယ်သို့ဘယ်ပုံ သိခဲ့လေတယ်မသိဘူးဗျနော်....၊ဘာပဲဖြစ်ဖြစ် ရသတစ်
ခုကိုအပြည့်အဝပေးနိုင်တာကတော့အမှန်ပဲဗျာ....။
ဖတ်ပြီးပြီဗျို့။ မောင်နတ်ကြီးလောက် မိုက်တာ လောကမှာ မတွေ့ဖူးသေးဘူး။ အမလေး ဘုရား၊ ဘုရား။
ဆရာဟန်ကြည်ပြောသလိုပဲ ၀ါကျတိုလေးတွေနဲ့ အရမ်းထိတယ်။ ဥပမာ၊ ထိ၏။ မိ၏။ စသည်ဖြင့်ပေါ့။ ဖတ်ရတာလည်း ပျော်လို့၊ ရွှင်လို့။
ကျန်းမာပျော်ရွှင်ပါစေနော့...
သူကြီးမင်း ရေးသော အနှီ မောင်နတ်ကြီး အား ဖတ်ရပေဦးတော့မယ်။
ခေါင်းခြောက်ခံ ၍ ရေးပေးသော ထို တုံးဖလားသူ
ကြီးမင်း အားကျေးဇူးများစွာတင်ပေအံ့တော့သည်။
သူကြီးမင်း ဒေါင်းနေတယ်........
ရေားသွားပြီ နောက်တစ်ရက်မှထပ်လာမယ်
အခုမှဒေါင်းရတာ ည နက်နေပြီ။
ကျန်းမာပါစေမင်္ဂလာပါ သူကြီးမင်း
အောင်မလေးဗျာ-မောင်နတ်ကြီးဆိုတာဘယ်သူများပါလိမ့်-ဒေါင်းသွားပြီးမှ လာပြန်ပြောတာ-
ဟိုးအရင် တင်ကတည်းက တခန်းမပြတ် ဖတ်ခဲ့ပါတယ်။ ထူးခြားတဲ့ အံ့သြထိတ်လန့်စက်ဆုပ်ဖွယ် ဇာတ်လမ်းမို့လို့ ခုထိ မှတ်မိနေသေးတယ် သူကြီးရေ။
တိုက်ဆိုင်တာ ပြောရရင် သူကြီးနဲ့ ကျနော်က ဘလော့ဂ် သက်တမ်းခြင်းလည်း သိပ်မကွာသလို ကျနော့် ဘလော့ဂ်ရဲ့ ဟိုးအရင်ထဲက အပုဒ်တိုင်း အားပေးသူက သူကြီး တစ်ယောက်ပဲ ကျန်တော့တယ်။ အဲဒါတော့ မှတ်မှတ်ရရပါပဲ။
ဒေါင်းရတာလဲဗျာ... အောင်မလေးဟဲ့ တောနတ်ရှင် လို့သာ အော်ချင်လိုက်တာပဲ... တုံးဖလားအကိုရေ... အကို့ကို ပို့စ်တစ်ပုဒ် မန့်ထားသည် ဘလောက်ဂါ(ဗလာဂေါက်)ဆိုတာဘာလဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ပါ ဟိဟိ
ခင်မင်စွာဖြင့်
ကျနော်တော့ဒေါင်းသေးဖူး ကွန်ကောင်းဖူး
း) နောက်မှလာဒေါင်းမယ်း)
မောင်ဘကြိုင်
ဒေါင်းသွားတယ် တဂျီးမင်းရေ...ဖတ်ပြီးမှ လာမန့် မယ်...
Post a Comment