Tuesday 27 October 2009

အင်တာဗျူးကို မကြောက်ကြနဲ့တော့

လူတိုင်း စား ၀တ် နေရေးအတွက် နေ့စဉ်ရုန်းကန်လှုပ်ရှားနေကြရပါတယ်။ တစ်ချို့ သူတွေ လုပ်ငန်းကိုင်ငန်း အဆင်ပြေပြီး တစ်ချို့ သူတွေကျပြန်တော့ အဆင်မပြေဖြစ်တတ်ကြပါတယ်။ အလုပ်ရှားပါးလာတဲ့ ခေတ်ကာလကြီးထဲမှာ အလုပ်အကိုင် ရှာဖွေကြရတာလဲ အတော်လေးစိတ်ကသိကအောက် ဖြစ်စေပါတယ်။ အထူးအားဖြင့်တော့ ကုမ္ပဏီတစ်ခုခုမှာ အလုပ်လျောက်ပြီဆိုရင် အင်တာဗျူးခံရတာ ပုံသေကားချဖြစ်နေပါပြီ။ အဲဒီလို အင်တာဗျူးခံရပြီဆိုရင် ဘာတွေမေးမှာပါလိမ့်၊ ငါ ဖြေဆိုနိုင်ပါ့မလား စတဲ့ အတွေးတွေ ၀င်လာပြီး ကတုန်ကယင် မလုံမလဲ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ အဲဒီအခက်အခဲလေးတွေကို ပြေပျောက်စေနိုင်တဲ့ နည်းလမ်းတွေကို တင်ပြပေးလိုက်ပါတယ်။

အင်တာဗျူးပြုလုပ်မဲ့နေရာကို သွားတဲ့အခါ...
၁။ အ၀တ်အစား ရွေးချယ်မှုမှန်ကန်ပါစေ။ မိမိနှင့်လိုက်ဖက်ပြီး သက်တောင့်သက်သာဖြစ်မဲ့ သန့်သန့်ရှင်းရှင်း အ၀တ်အစားကိုဘဲ ၀တ်ဆင်ပါ။ အမွှေးနံ့သာတွေကို အရမ်းမဆွတ်သွားပါနဲ့။ ရတနာတွေကို တသီကြီးဝတ်ဆင်မသွားပါနဲ့။ ဖိနပ်ကို သေသပ်သန့်ရှင်းစွာဝတ်ဆင်သွားပါ။

၂။ စိတ်ထဲက ကိုယ့်ကိုကိုယ် ဒီလိုလေး အမြဲပြောနေပါ။
(က) ဒီကိစ္စကို ငါကိုင်တွယ် ဖြေရှင်းနိုင်တယ်။
(ခ) ငါ့ကိုယ်ငါ ယုံကြည်မှု အပြည့်အ၀ရှိတယ်။
(ဂ) ဒီအင်တာဗျူးအတွက် ငါ သေချာစွာ ပြင်ဆင်ခဲ့ပြီးပြီ။
(ဃ) ငါ့ရဲ့ အားသာချက် အားနည်းချက်တွေကို ငါသိတယ်။ ဒါပေမဲ့ ငါ အတတ်နိုင်ဆုံး အကောင်းဘက်ဦးတည်အောင် ပြုလုပ်နိုင်တယ်။

၃။ စိတ်ထဲက ကိုယ့်ကိုကိုယ် ဒီလို လုံးဝမပြောရဘူး။
(က) အင်တာဗျူးကို ငါမုန်းတယ်။
(ခ) ငါသေချာပေါက် ရှုံးဆုံးလိမ့်မယ်။
(ဂ) ဒီလူတွေထဲမှာ ငါ့ထက် အတွေ့အကြုံ၊ အရည်အချင်းအားလုံး သာလွန်တဲ့သူတွေ အများကြီးရှိမယ်။
(ဃ) သူတို့မေးတဲ့ မေးခွန်းတွေကို ငါဖြေဆိုနိုင်စွမ်းရှိမှာ မဟုတ်ဘူး။
(င) ငါ အလုပ်ရလိမ့်မယ်မဟုတ်ဘူးဆိုတာ ငါသိနေတယ်။

၎။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိကြောင်းပြသပါ။ ပခုံးကို နောက်ပစ်ပြီး ရင်ဘက်ကို ကော့ထားပါ။ ခေါင်းကို မတ်မတ်ထားပါ။ ပြုံးပါ။ အင်တာဗျူးလုပ်တဲ့သူက လက်ပေးလာလျှင် လက်ဆွဲနှုတ်ဆက်ပါ။ လက်ဆွဲနှုတ်ဆက်တဲ့အခါ စိတ်လှုပ်ရှားမှု မရှိစေဘဲ တည်တည်ကြည်ကြည် လက်တစ်ပြင်လုံးကို ကိုင်တွယ်ပြီး နှုတ်ဆက်ပါ။ မျက်လုံးချင်း မကြာခဏဆုံပေးပါ။

၅။ ထိုင်ဖို့နေရာပေးရင် ထိုင်လိုက်ပါ။ ဂျူရီအဖွဲ့ကအင်တာဗျူးလုပ်တယ်ဆိုရင် ကိုယ့်ထိုင်ခုံက အင်တာဗျူးလုပ်သူတွေနဲ့ အနည်းငယ် ကွာဝေးနေပါလိမ့်မယ်။ စိတ်ကသိကအောက်ဖြစ်ဖို့ကောင်းပေမဲ့ အပြုသဘောဆောင်တဲ့ စကားလေးတွေကို စိတ်ထဲကနေပြီး ကိုယ့်ကိုကိုယ် ပြောဆိုအားပေးနေပါ။ ဂျူရီအဖွဲ့လူကြီးတွေက ကိုယ့်ရဲ့ ခန္ဓာကိုယ်အမူအယာ လှုပ်ရှားမှုတွေကို အကဲခတ်နေပါလိမ့်မယ်။ ဒါကြောင့် Body Lauguage ကို အသင့်အနေအထားပြုလုပ်ထားပါ။ ခြေထောက်ကို တင်ပလ္လင်မချိတ်ထားပါနဲ့။ လက်နှင့်လက်မောင်းတို့ကို ကိုယ့်ရဲ့ ခန္ဓာကိုယ်အရှေ့ ပိုင်း ပေါင်ပေါ်မှာ ပေါ့ပါးစွာ တင်ထားပါ။ ဒါမှမဟုတ် ကုလားထိုင် လက်တန်းပေါ်တင်ထားပါ။ Body Language လှုပ်ရှားမှုကို အနိမ့်ဆုံးမှာ ထားပါ။ ဒါပေမဲ့ စကားပြောတဲ့သူ မေးခွန်းမေးတဲ့သူဘက်ကို မျက်နှာလှည့်နိုင်ပါတယ်။

၆။ မတ်မတ်ထိုင်ပါ။ အာရုံစူးစိုက်မှုရှိပါ။ နိုးကြားပါ။ စိတ်ဝင်စားမှုရှိလာအောင် ရှေ့ သို့မျက်နှာမူပြီး တည့်တည့်ထိုင်ပါ။ စကားပြောသူကို ကြည့်ပေးပါ။ မေးခွန်းမေးတဲ့ အခြားလူတစ်ယောက်ရှိရင် သူ့ဘက်ကို မျက်နှာ ပြန်လှည့်လိုက်ပါ။ သူတို့မေးခွန်းကို ဖြေတဲ့အခါ မျက်စိကို ဂျူရီလူကြီးများဆီသို့ တစ်လှည့်စီကြည့်ပြီး ဖြေပါ။ ဖြစ်နိုင်ရင် ပြုံးပြဖို့မမေ့ပါနဲ့။

၇။ ခေါင်းငိုက်ဆိုက်ကြီးနဲ့ ပျင်းရိသလိုမနေပါနဲ့။ ကိုယ့်လက်ကို ကိုယ် ငုံ့ကြည့်မနေပါနဲ့။ ပြတင်းပေါက်ကို စိုက်ကြည့်မနေပါနဲ့။ မျက်နှာကျက်ကို ငေးကြည့်မနေပါနဲ့။ ခန္ဓာကိုယ်ပေါ်မှာ လက်ကို တင်းတင်းကြပ်ကြပ် ထပ်မထားပါနဲ့။

၈။ အင်တာဗျူးပြုလုပ်တဲ့အခါမှာ မေးမြန်းသူရဲ့ နေရာကို မကျူးကျော်ပါနဲ့။ ဥပမာ မေးမြန်းသူရဲ့ ခုံပေါ် (သို့မဟုတ်) စားပေါ်ပေါ်သို့ ခွင့်မတောင်းဘဲ တစ်ခုတစ်ခုတင်ထားခြင်း၊ မေးမြန်းသူအနီးသို့ အရမ်းတိုးကပ်သွားခြင်း။ အဲဒါတွေကို ရှောင်ကြဉ်ပါ။ မေးမြန်းသူကို အခက်မတွေ့ပါစေနဲ့။

ဒီအချက်အလက်တွေအတိုင်း ကျင့်သုံးမယ်ဆိုရင်တော့ အင်တာဗျူးတိုင်းမှာ ထိပ်ဆုံးကနေပြီး အလုပ်ရမှာ
သေချာပါတယ်။ အင်တာဗျူးရန်ကို တွန်းလှန်ကျော်နှင်းနိုင်ကြပါစေ။


မှတ်ချက်။
Pauline Rowson, Communicating with More Confidence, PP, 74-76 မှ အချက်အလက်တို့ကို ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။

.....

10 comments:

လင်းကြယ်ဖြူ said...

အင်း..ဒီလိုဆိုတော့လည်း အင်တာဗျူး သွားဖြေနည်းလေး
နဲ့ စမ်းကြည့်ဦးမှပဲနော..
မှတ်သားထိုက်ပါတယ်...ခုခေတ်မှာ လိုအပ်ပါတယ်..သိထားဖို့....
ပျော်ပါစေ

မိုးစက်အိမ် said...

အင်တာက ခဏခဏ ဗျူးခံနေရတော့ အရေထူ
နေပါပြီ အစ်ကိုရာ ဟီးးးးးးးးးးး အစ်ကိုစေတနာက
တော်တော်များများအတွက် အသုံးဝင်မှာပါ :)

ဒဏ္ဍာရီ said...

လိုအပ်ချက်လေးတွေကို အသေးစိတ် ဘာသာပြန်ပြီး မျှဝေးပေးလို့ ကျေးဇူးတင်ပါတယ် အကိုရေ... မှတ်သား ကူးယူ သွားပါတယ်။

ခင်မင်လေးစားလျှက်

ခြေလှမ်းသစ် said...

လေ့လာ မှတ်သား သွားပါတယ်ဗျာ

မိုးခါး said...

မှတ်သွားပါတယ် ..း))

သိင်္ဂါကျော် said...

အင်တာဗျူး ကြောက်တတ်သူများ အတွက် အထောက်အကူ ဖြစ်မယ့် ဆောင်းပါးလေးပါပဲ။

မင်းအိမ်ဖြူ Minn Eain Phyu said...

မျှဝေခြင်းအတွက် ကျေးဇူးပါ ဗျာ

ကိုယ်နဲ့ ပါတ်သပ်တဲ့ အသိတွေလည်း ပြည့်စုံရမှာပေါ့

မင်းအိမ်ဖြူ

ကဗျာဦး said...

အင်တာဗျူးကို မကြောက် တော့ဘူး။
အလုပ်ပြုတ်ပေါင်းများလှပြီ
ဟဲ့ ဟဲ့ 

Unknown said...

ပထမဆုံးအကြိမ်လာလည်ပါတယ်ရှင်

kokogyi21 said...

Thanks for your interview tips.
this is what we really need now.
thanks again