Thursday 22 October 2009

ခက်တယ်


စောစောထကာ
ကျောင်းသွားပါလည်း
ဆရာလုပ်ချက်
အတန်းပျက်၏။


အီးမေလ်းလိပ်စာ
ပေးထားပါလည်း
ကြောင်းလာမကြား
ဆရာဖျား၏။


ကုန်ကျငွေကြေး
ကျောင်းနှင့်ဝေးလည်း
အိပ်ရေးပျက်ကွက်
ပို၍ခက်၏။ ။

...

4 comments:

ခြေလှမ်းသစ် said...

ဒီနိုင်ငံမှာတော့ အီးမေးလ်နဲ့ အကြောင်းမကြားနိုင်ရင် တောင် .. ကျောင်းရဲ့ ဝက်ဘ်ဆိုဒ်မှာတော့ ကြိုတင်ပြီးတော့ အကြောင်းကြားပါတယ်ဗျာ ...

ဒဏ္ဍာရီ said...

တော်တော်ဆိုးတဲ့ ဆရာနော် .. နောက်တခါ ပိုသေချာအောင် ဖုန်းနံပါတ်ပါ ပေးထားလိုကပ်ပေါ့ အကိုရာ။

ခင်မင်လေးစားလျှက်

flowerpoem said...

သယ်ရင်းမတက်နဲ့တော့ ဒီကျောင်းကို ဆန္ဒပြလိုက် :P

ဖြူတုတ်လေး said...

We always had a substitute when things like that happened ( which is seldom by the way) or a make up class later.

Is your professor going to make up for what he missed? If not, he totally wasted your money for that particular section. Make a complaint on his evaluation. :)