Monday 26 October 2009

ပထမဖြစ်ချင်ရင်


လယ်ဦးတစ်ပါး၊ စပါးပုံဦး၊
ကျီဦး အိုးဦး၊ စားဦး လှူရာ၊
ဤငါးဖြာသည်၊ လူ့ရွာ နတ်ပြည်၊
ထိပ်ရောက်စေ၏။


ပဉ္စဂ်ပုဏ္ဏား၊ ဓိဋ္ဌာန်အားဖြင့်၊
ဘုရားဗုဒ္ဓါ၊ ရှိစဉ်ခါက၊
ထိုဒါနအား၊ သံဃာများနှင့်၊
ဘုရားရှင်ကို၊ လိုလိုလားလား၊
လှူသောအားကြောင့်၊ ထင်ရှား နာမ၊
ကျော်စောရ၏။


သုံးဖြာလောက၊ ထိုဋ္ဌာန၌၊
ပထမကို၊ ဆန္ဒပိုကာ၊
ရလိုပါလျင်၊ ဦးစွာရှေးဦး၊
အလှူထူးအား၊ အထူးစေတနာ၊
ထက်သန်စွာဖြင့်၊ သမ္မာ ဒါန၊
ပေးလှူကြလော့။ ။

...

3 comments:

ဒဏ္ဍာရီ said...

ကဗျာလေးက သဒ္ဒါတရားတွေ အပြည့်အ၀ ပါနေတယ် အကို။
ကိုယ်ပြုသမျှ ကုသိုလ်သာလျှင် ကိုယ့်နောက်ကို လိုက်ပါမယ့် ဥစ္စာအမှန် ဖြစ်လို့ အကို့ကဗျာလေးကို နှစ်သက်မိပါတယ်။

ခင်မင်လေးစားလျှက်

မိုးစက်အိမ် said...

ကုသိုလ်ကို ကဗျာစပ်ထားတာတော့ ကြည်နူးစရာပါဘဲ အစ်ကိုရေ . . .

flowepoem said...

် သုံးဖြာလောက၊ ထိုဋ္ဌာန၌၊
ပထမကို၊ ဆန္ဒပိုကာ၊
ရလိုပါလျင်၊ ဦးစွာရှေးဦး၊
အလှူထူးအား၊ အထူးစေတနာ၊
ထက်သန်စွာဖြင့်၊ သမ္မာ ဒါန၊
ပေးလှူကြလော့။ ။
သယ်ရင်းပြောတာမှန်ပါတယ် ဘာလုပ်လုပ ဘုရားကို ပထမဦးစားပေးပြီး လုပ်ပါဆိုတာကို သဘောကျပါတယ်..