Monday 19 October 2009

ကြိုးစားထား


လုပ်ငန်းများစွာ၊ ရှိနေပါလျက်၊
စီးပွါးပျက်၊
သင့်ထက်နာသူ မရှိပြီ။


ကောင်းမှုများစွာ၊ လုပ်ခွင့်သာလျက်၊
ကျင့်တွေပျက်၊
သင့်ထက်ရှုံးသူ မရှိပြီ။


မိတ်ဆွေများစွာ၊ ချဉ်းကပ်လာလျက်၊
ခင်မင်ပျက်၊
သင့်ထက်ဆိုးသူ မရှိပြီ။


စာအုပ်များစွာ၊ ပေါများပါလျက်၊
စာမကျက်၊
သင့်ထက်မိုက်သူ မရှိပြီ။


ထိုကို ကြောင်းပြု၊ လုပ်ငန်းစုနှင့်၊
ကောင်းမှု မိတ်ဆွေ၊ မြတ်စာပေကို၊
ရိုသေ ဆက်ဆံ၊ သင်ကျက်အံသော်၊
အမှန် စီးပွါး၊ လွန်ထွန်းကား၍၊
ထင်ရှား ချမ်းသာ၊ လူ့ရပ်ရွာတွင်၊
ပညာရှိဖြစ်၊ လူ နတ် ချစ်မည်၊
နစ်နစ်ကာကာ၊ ကြိုးစားပါလော့။ ။


....

3 comments:

flowerpoem said...

ကို၂မောင်ရေ ကြိုးစားထားဗျို့

ခြေလှမ်းသစ် said...

ဟုတ်တယ်ဗျာ စာပေဆိုတာ ရှိပြီး မလိုက်စားရင် ငါမိုက်တွေလို့ အစွတ်စွဲခံရတတ်တယ်နော် ... စာအုပ်စာပေဟာ အဖိုးမဖြတ်နိုင်ပါဘူး

မိုးခါး said...

စာအုပ်များစွာ၊ ပေါများပါလျက်၊
စာမကျက်၊
သင့်ထက်မိုက်သူ မရှိပြီ။

ညီမကိုပြောလိုက်သလားပဲ .. :D