Thursday 8 October 2009

ပျော်အစစ်နှင့်၊ ပျော်ရစ်ကြလော့


ပျော် သောက်စား..... ပျော်ကစား၍၊
ပျော်ပါးခုံမင်..... လွန်ပျော်ရွှင်ပြီး၊
ပျော်ပင် ပျော်လျက်..... ပျော်နေ့ရက်တို့၊
ပျော်ဖို့ထပ်တွေး..... ပျော်ရေးကိုသာ၊
ပျော်ဖို့ရှာလျင်..... ပျော်တာမရိုး၊
ပျော်သူခိုးတည်း။


ပျော်ဖို့ရာမှာ.....ပျော်လာလိမ့်နိုး၊
ပျော်အားကိုးဖြင့်.....ပျော်မိုးမီးလောင်၊
ပျော်အောင်ထပ်တိုး.....ပျော်မျိုးမျိုးနှင့်၊
ပျော်ရိုး ပျော်စဉ်.....ပျော်မရွှင်ဘဲ၊
ပျော်လျင်ပြီးမြဲ.....ပျော်ကဲ ကဲကာ၊
ပျော်မြဲ ပျော်လျက်.....ပျော်အသက်ကြီး၊
ပျော်ချည်းနှီးတည်း။


ပျော်နည်းမမှန်..... ပျော်ဟန်မဟုတ်၊
ပျော်လုပ်တစ်လွဲ..... ပျော်ခဲ ခဲပြီး၊
ပျော်ကြီး ပျော်လို့..... ပျော်ဖို့ စိတ်ထဲ၊
ပျော်မြဲ ပျော်လျင်..... ပျော်ရွှင်အစစ်၊
ပျော်နှစ်သာရ..... ပျော်ရခက်ခဲ၊
ပျော်လွဲလွဲတည်း။


ပျော်မမြဲပါ..... ပျော်ဆဲ ပျော်လျင်၊
ပျော်ပူပင်ပြီး..... ပျော်ထင်စရာ၊
ပျော်မလာလို့..... ပျော်မှာဘဲဟု၊
ပျော်မှုကိုသာ..... ပျော်ဖွေရှာလျင်၊
ပျော်မှာမဟုတ်..... ပျော်အစုတ်တည်း။


ပျော်ဝယ် ပျော်သွား..... ပျော်အများနှင့်၊
ပျော်ကားစီးကာ..... ပျော်မာယာချဲ့ ၊
ပျော်သဲ့သဲ့ဖြင့်..... ပျော်မယ့်အချိန်၊
ပျော်နှင့်ဇိမ်ယူ.... ပျော်တူတူဝယ်၊
ပျော်မူမဆုံး.... ပျော်ငွေဖြုန်းလျက်၊
ပျော်လုံးကြီးကာ..... ပျော်ချာချာတည်း။


ထို့ကြောင့် ပျော်နည်း..... ပျော်စည်းအမှန်၊
ပျော်ဟန်စစ်စစ်..... ပျော်အနှစ်ဖြင့်၊
ပျော်စစ် ပျော်တု..... ပျော်မှုခွဲခြား၊
ပျော်ကွဲပြားလျင်..... ပျော်မှားကိုပစ်၊
ပျော်စစ်စစ်နဲ့..... ပျော်ဖြစ်ဖို့သာ၊
ပျော်ရာပါလော့။ ။

.....

3 comments:

မိုးစက်အိမ် said...

ပျင်းတာလေး ပြီးတော. ပျော်စရာလေး ဖြစ်သွား
ပြန်ပြီပေါ. ကောင်းတယ်ဗျာ ... ပျော်နည်း ပျော်ဟန် လေး တွေနဲ့ အလိုအမြဲပျော်နိုင်ပါစေအစ်ကိုရေ ...

flowerpoem said...

Happy!!!!!!!!!!!!!!!!!!!!

ခြေလှမ်းသစ် said...

အပျော်ကြူးလို့ လမ်းမှားရောက်တာလေးတွေဟာ စိတ်မကောင်းစရာပါ အပျော်ကို အသုံးမချတတ်ရင် အချည်းအနှည်း ဖြစ်တတ်တာလဲ မကောင်းတဲ့ ရလာဒ်ပါပဲ ...