ဘုရားရှင်လက်ထက်က ရဟန်းတော်တွေ ဖလန်းဖလန်းထခဲ့ကြတာဟာ သာသနာတော်ကြီး ပရမ်းပတာ ဖြစ်လို့တော့ မဟုတ်ဘူး။ သာသနာက သန့်ရှင်းပြီးသား။ တည်ကြည်ပြီးသား။ ခန့်ညားပြီးသား။ ဒါဖြင့် ဘာပြုလို့ ရဟန်းတော်တွေ ဖလန်းဖလန်းထကြတာလဲဆိုတော့ ခေတ်စကားနဲ့ ပြောရရင် သာသနာတော်ရဲ့ တံခါးဖွင့် ဒီမိုကရေစီ စနစ်ကြောင့်ဘဲ။ ဟုတ်တယ်။ အဲဒါကြောင့်။ ဒါပေမဲ့ အဲဒီဒီမိုကရေစီစနစ်နဲ့ အစမပျိုးခဲ့ရင်လဲ အဆင်ပြေမှာ မဟုတ်ပြန်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အယူအဆတွေ ၀ါဒတွေ သီအိုရီတွေ မှိုလိုပေါ်ပေါက်နေကြတဲ့ အချိန်အတွင်းမှာမှ ဘုရားရှင်က သစ္စ၀ါဒနဲ့ တမူထူးခြားပြီး ထိုးဖောက်ခဲ့ရတာကိုး။ အများက လူပြိန်းကြိုက် နိစ္စ သုခ အတ္တ သုဘတွေနဲ့ ရွှေရည်စိမ်နေကြတဲ့ ကာလမှာ ဘုရားရှင်က အနိစ္စ ဒုက္ခ အနတ္တ အသုဘဆိုပြီး ဆေးခါးကြီးတိုက်ကျွေးခဲ့ရတာမဟုတ်လား။ ဒီတော့ သူ့ရဲ့ သာသနာတော်ကိုလဲ တံခါးပွင့်ဝါဒ ကျင့်သုံးပြီး လူမျိုးမရွေး ဘာသာမရွေး အဆင့်အတန်းမရွေး ကြီးငယ်မရွေး ဒီမိုကရေစီစနစ်နဲ့ ပုံဖော်ရတော့တာပေါ့။ ဒါမှ သာသနာ့အဖွဲ့ဝင်တွေ များလာမှာ မဟုတ်လား။
ဇာတ်ခွဲခြားလွန်းလှတဲ့ အိန္ဒိယလို ပြည်ကြီးမျိုးမှာ ဇာတ်စကားလုံးဝ မပြောခဲ့တဲ့ ခေါင်းဆောင်ဟာ ဘုရားရှင်တစ်ပါးဘဲ ရှိခဲ့တယ်။ ဗမာ ကုလား တရုတ် မွန်ဂို၊ ခတ္တိယ ဗြဟ္မဏ ဝေဿ သုဒ္ဒ၊ ဘုရင် ပုဏ္ဏား သူကြွယ် ဆင်းရဲ ဘယ်ထဲကဘဲ လာလာ နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့တဲ့ အဖွဲ့အစည်းဟာ ဘုရားရှင်ရဲ့ အဖွဲ့အစည်းတစ်ခုဘဲ ရှိခဲ့တယ်။ ဒီတော့ တံခါးမရှိ ဓါးမရှိတဲ့ သာသနာမှာ အလွှာပေါင်းစုံက လာပြီး ပျော်မွေ့နေကြတာ မဆန်းပါဘူး။ မုဆိုးဖို မုဆိုးမ တစ်ခုလပ် အဘိုးအို အမယ်အို လူမမယ် အားလုံးအားလုံး လာထားဘဲ။ အဲဒီ ဒီမိုကရေစီစနစ်ကြောင့် ဘုရားရှင်ရဲ့ သာသနာဟာ နေ့ချင်းညချင်း တဟုန်ထိုး နာမည်ကြီးလာခဲ့တယ်။ ဘယ်လောက်ထိ နာမည်ကြီးခဲ့သလဲဆိုတော့ အဲဒီအဖွဲ့အစည်းထဲ မ၀င်ရရင် ခေတ်မမီဘူးလို့ ထင်ရလောက်အောင် နာမည်ကြီးခဲ့တယ်။ လူတွေလဲ ၀င်လာမစဲ တသဲသဲဘဲပေါ့။ အဖြူ အမဲ အနီ အ၀ါ ဘာကာလာမှ မရွေးဘူး အားလုံး Welcome ဘဲ။ သားပစ် မယားပစ် ချစ်သူပစ်ပြီး ၀င်လာကြသူတွေလဲ များမှများ။ ဒီလိုနဲ့ နှစ်အနည်းငယ်အတွင်းမှာဘဲ ဘုရားရှင်ရဲ့ သာသနာ့အဖွဲ့အစည်းကြီးဟာ အဆမတန်ကြီးမား တိုးပွါးလာခဲ့တယ်။
ဒီလောက်ကြီးမားတဲ့ အဖွဲ့အစည်းကြီးကို ဘာဥပဒေနဲ့ ထိန်းချုပ်မလဲ။ ဒါ လိုအပ်လာပြီ။ အဲဒီအချိန်ထိ ဘုရားရှင်က ဥပဒေတွေ မပြဌာန်းခဲ့သေးဘူး။ ခြေ/ဥလို့ခေါ်တဲ့ အခြေခံ ဥပဒေကြီးကိုလဲ မရေးဆွဲခဲ့ရသေးဘူး။ ခန္တီ ပရမံ တပေါ တိတိက္ခာ (သည်းခံခြင်းသည် အမွန်မြတ်ဆုံး) စတဲ့ သွယ်ဝိုက်ဥပဒေအနုစားလေး သုံးပုဒ်နဲ့သာ သာသနာတော်ကြီးကို ခပ်ယဲ့ယဲ့ ထိန်းချုပ်လာခဲ့ရတယ်။ ကြာလာတော့ ခပ်ထွေထွေ ရဟန်းတွေက အဲဒီဥပဒေအနုစားလေးတွေကို မမှုချင်ကြတော့ဘူး။ အဖွဲ့လိုက်ရမ်းကားကြတဲ့ ခြောက်ပါးဂိုဏ်း၊ ဆယ့်ခုနစ်ပါးဂိုဏ်းတွေ ပေါ်ပေါက်လာကြတယ်။ တစ်ပါးထဲ သတ္တိရှိရှိမိုက်ပြီး အာဏာလုယူချင်တဲ့ ဒေ၀ဒတ်လို ရဟန်းမျိုး ပေါ်ပေါက်လာတယ်။ အပျော်ကြူးလှတဲ့ ဥဒါယီလိုရဟန်းမျိုး ညစ်ပေပေလုပ်တဲ့ ဆန္နလိုရဟန်းမျိုးတွေ ဟိုနားတစ်စု ဒီနားတစ်ခု ပေါ်ပေါက်လာကြတယ်။
အဖွဲ့အစည်း စတင်ဖြစ်ပေါ်လာခါစ စည်းရုံးရေးပြုလုပ်ဆဲကာလမို့ ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်လာလိုက်တာ။ ကြာလာတော့ အဖွဲ့ဝင်တွေထဲမှာ ပရမ်းပတာတွေ များလာတယ်။ မိုက်မဲတွေဝေမှုတွေ ပေါလာတယ်။ အဲလိုပုံစံမျိုးနဲ့ ဆက်သွားရင်တော့ ဘုရားရှင်ရဲ့ သာသနာတော်ကြီးဟာ ညစ်နွမ်းလာမယ်။ နာမည်ပျက်လာမယ်။ လူတွေ ကဲ့ရဲ့စရာ ဖြစ်လာမယ်။ လူမိုက်တွေရဲ့ ကွန်းခိုရာ ဖြစ်လာမယ်။ ငတ်ကြီးကျပြီး ၀င်လာသူတွေရဲ့ စားကျက် ဖြစ်လာမယ်။ အဲဒီလို အုတ်ရောရော ကျောက်ရောရော ပရမ်းပတာဖြစ်နေတဲ့ သာသနာတော်ကြီးဟာလဲ ကောက်ရိုးမီးလို ၀ုန်းကနဲ ထလောင်ပြီး ၀ုတ်ကနဲ ငြိမ်းသွားရုံသာ ရှိပေတော့မပေါ့။
ဒီတော့ ဘုရားရှင်က ရှေးရှေးဘုရားရှင်တွေရဲ့ သာသနာ့အဖွဲ့အစည်းကြီး တည်တံ့အောင် ကိုင်တွယ်ခဲ့ကြပုံကို အာရုံပြုရပြီပေါ့။ ဟော တွေ့ပါပြီ။ ရှေးရှေးကမ္ဘာတွေမှာ ပွင့်ခဲ့ကြတဲ့ ၀ိပဿီ သိခီ ဝေဿဘူ ဘုရားရှင်တို့ရဲ့ သာသနာဟာ ရေရှည် မတည်တံ့ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဘုရားရှင်တွေက သူတို့ရဲ့ သာသနာကို ဒီမိုကရေစီစနစ်နဲ့သာ နူးညံ့စွာ အုပ်ချုပ်ခဲ့ကြလို့ဘဲ။ နောက် ဒီဘဒ္ဒကမ္ဘာမှာ ပွင့်ခဲ့ကြတဲ့ နောင်တော် ဘုရားရှင်တွေဖြစ်တဲ့ ကကုသန္ဓ ကောဏာဂမန ကဿပ ဘုရားရှင် သုံးဆူတို့ရဲ့ သာသနာအဖွဲ့အစည်းကြီးတွေကတော့ ရေရှည်တည်တံ့ခဲ့ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဘုရားရှင်တွေက သူတို့ရဲ့ သာသနာ့အဖွဲ့အစည်းကြီးကို အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခဲ့ကြလို့ဘဲ။ ရှင်းသွားပြီ။ အဖြေရသွားပြီ။ ဒီမိုကရေစီစနစ်ကို စမ်းသပ်ကာလ နှစ် ၂၀ အုပ်ချုပ်လာခဲ့ပြီ။ သိပ်မစားသာဘူး။ ဒီတော့ သာသနာ့အဖွဲ့အစည်းကြီး ရေရှည်တည်တံ့ဖို့ဆိုရင် အာဏာရှင်စနစ်မှ တစ်ပါး။
အာဏာရှင်စနစ်အောက် ရောက်လာရင် တစ်သွေးတစ်သံတစ်မိန့်ဘဲ ဖြစ်ရမယ်။ ဖြုတ်ထုတ်သတ် စနစ်နဲ့ ကိုင်တွယ်မယ်။ ဒီတော့မှ လူတွေဆီမှာ အကြောက်တရားတွေ ကိန်းဝပ်လာမယ်။ အကြောက်တရား ရှိလာပြီဆိုရင် အဲဒီအကြောက်တရားကို အကြောင်းပြုပြီး ကြိုက်ကြိုက် မကြိုက်ကြိုက် ညီညွတ်ပြရတော့မယ်။ စည်းရုံးပြရတော့မယ်။ လိုက်နာပြရတော့မယ်။ အဲဒီစနစ်နဲ့ ကိုယ်တွယ်စီမံထားတဲ့ အဖွဲ့အစည်းဟာ မယိုင်မလဲ တည်မြဲနေမယ်။ ယနေ့မျက်မှောက်ခေတ် ခပ်ကြမ်းကြမ်းကိုယ်တွယ်ထားတဲ့ အဲဒီလို အများကြောက်အဖွဲ့အစည်းကြီးတစ်ခု ဘာကြောင့် ကမ္ဘာအနှံ့ ပျံ့နှံ့တည်မြဲနေရသလဲဆို အဖြေက အဲဒါဘဲ။
ဒီတော့ ဘုရားရှင်လဲ သူ့ရဲ့ သာသနာ့အဖွဲ့အစည်းကြီး တည်ထောင်ပြီး နှစ် ၂၀ မြောက် ဖြစ်တဲ့ တပို့တွဲလပြည့်နေ့မှာဘဲ လက်ရှိကျင့်သုံးနေတဲ့ ဒီမိုကရေစီစနစ်ကို အဆုံးသတ်ရပ်နားလိုက်တယ်။ ပြီးတော့ အဲဒီနေ့မှာဘဲ အာဏာရှင်စနစ်ကျင့်သုံးတော့မယ့် အရိပ်အယောင်ပြလိုက်တယ်။ ထောင်သောင်းမက များပြားလှတဲ့ သံဃာထုကြီးက သုံးကြိမ်တိုင်တိုင် မိန့်ခွန်းချွေပေးဖို့ တောင်းပန်တာကိုတောင် လုံးဝ (လုံးဝ) လျစ်လျူရှုပစ်လိုက်တယ်။ နောက် အရိပ်အမြွက်ပြပြီး မသန့်ရှင်းမစင်ကြယ်တော့တဲ့ ရဟန်းတစ်ပါးကိုလဲ ရဟန်းပရိသတ်ထဲမှ အတင်းဆွဲထုတ်ဖယ်ရှားစေလိုက်တယ်။ ပြီးတော့ ပြတ်သားပြီး သြဇာပြည့်ဝလှတဲ့ အသံတော်နဲ့ တစ်ခွန်းတည်း ပြောချလိုက်တယ်။ ဒီနေ့ဟာ အနုစားဥပဒေလေးနဲ့တည်ထောင်ထားတဲ့ ဒီမိုကရေစီစနစ် (သြ၀ါဒပါတိမောက်)ကို ကျင့်သုံးတာ နောက်ဆုံးနေ့ဘဲ တဲ့။
အဲဒီ နှစ် ၂၀ မြောက်ကစပြီး သာသနာ့အဖွဲ့အစည်းကြီးကို အာဏာရှင်စနစ် (အာဏာပါတိမောက်)နဲ့ (Reform)လုပ်ပြီး အုပ်ချုပ်လာခဲ့တယ်။ အခြေခံဥပဒေ (ခြေ/ဥ)ကို တဖြည်းဖြည်းချင်း ရေးဆွဲလာခဲ့တယ်။ အာဏာရှင်စနစ်ပီပီ ခြေ/ဥကို ရေးဆွဲတဲ့အခါမှာ ဘယ်သူနဲ့မှ မတိုင်ပင်ခဲ့ဘူး။ ဘယ်သူ့အကြံဥာဏ်မှလဲ မယူခဲ့ဘူး။ တစ်ပါးတည်းသာ ရေးဆွဲလာခဲ့တယ်။ ဒီလိုနဲ့ နှစ်အတော်ကြာလာတဲ့အခါမှာ အမျိုးသားရဟန်းတွေအတွက် ၀ိနယသတ်ဥပဒေပုဒ်မကြီး ၇ ခု၊ ပုဒ်မခွဲ ၂၂၇ ခု၊ ပုဒ်မငယ်များစွာ၊ အမျိုးသမီးရဟန်းတွေအတွက် ၀ိနယသတ်ဥပဒေပုဒ်မကြီး ၇ ခု၊ ပုဒ်မခွဲ ၃၁၁ ခု၊ ပုဒ်မငယ်များစွာတို့နဲ့ ပြီးပြည့်စုံတဲ့ အခြေခံဥပဒေတော်ကြီး (ခြေ/ဥ)ကို ရေးဆွဲ အောင်မြင်လာခဲ့တယ်။
ခြေ/ဥရှိလာပြီတော့ မကောင်းတဲ့သူ ညောင်းပေရော့ဘဲ။ သူစိမ်းမကောင်းလဲ ညောင်း။ ဆွေမျိုးမကောင်းလဲ ညောင်း။ ဘယ်သူ မကောင်းမကောင်း အားလုံး ညောင်းဘဲ။ ခြေ/ဥဆိုတာ မိုးပေါ် ထောင်ပစ်တာမှ မဟုတ်တာ။ တည့်တည့်ဘဲ ပစ်တာ။ တည့်တည့်မှ တကယ့်တည့်တည့်။ ဘယ်လောက်ထိတည့်တည့်လဲဆို ယောက်ဖမို့လဲ မျက်နှာသာမပေးဘူး။ ဖွားဖက်တော်မို့လဲ မျက်နှာမလိုက်ဘူး။ ခြေ/ဥကို မသိလို့ ကျူးလွန်မိတာပါဆိုလဲ မရဘူး။ ဒီအဖွဲ့အစည်းထဲ ၀င်ချင်ရင် ဒီခြေ/ဥကို အလွတ်ရအောင် အရင်လုပ်။ ၀င်ပြီးမှ အိပ်ချင်ယောင်ဆောင်သလိုလိုတော့ မလုပ်နဲ့။ ရုတ်ရုတ်ရုတ်ရုတ်ဆို ဂုတ်ဂုတ်ဂုတ်ဂုတ် ဖြစ်သွားမယ်။
ဒါတောင်မှ ခြေ/ဥကို ဥပဒေလက်တစ်လုံးခြား (Loophope) လုပ်ချင်တဲ့ ရဟန်းတွေ ရှိနေသေးတယ်။ ဥပမာ ၀ိနယသတ်ဥပဒေပုဒ်မကြီး ၁ ရဲ့ ပုဒ်မခွဲ ၁ ကိုဘဲ ကြည့်။ မေထုန်မှုပြုရင် သေဒဏ် (လူထွက်) လို့ ဥပဒေက ဆိုထားတယ် မဟုတ်လား။ အဲဒီမှာ လာပြီ။ ဘုရားရှင်က လူအမျိုးသမီးတွေနဲ့ မေထုန်မှုပြုခြင်းကိုသာ တားမြစ်ထားသာ ဖြစ်မှာပါ တိရစ္ဆာန်မတွေနဲ့တော့ ပြုလို့ရကောင်းပါရဲ့ ဆိုပြီး ကျူးလွန်ပြန်ရော။ ဒီတော့ ဘုရားရှင်က ဥပဒေပုဒ်မငယ်တွေ ထပ်တိုးရပြီပေါ့။ တိရစ္ဆာန်မနဲ့ မေထုန်မှုပြုလဲ မရဘူး သေဒဏ်ဘဲ တဲ့။ အဲဒီနောက် ရဟန်းတွေက ဘာလုပ်ပြန်ကြသလဲဆိုတော့ လူထီး တိရစ္ဆာန်ထီး လူသေကောင် စတဲ့ သူတွေရဲ့ ပါးစပ် စအို စသဖြင့်စသဖြင့် လမ်းကြောင်း ရှာကြပြန်ရော။ တော်တော်လဲ တတ်နိုင်ကြတဲ့ မဇ္ဈိမသားတွေဘဲ။ သူတို့က လမ်းကြောင်းရှာလိုက် ဘုရားရှင်က လမ်းကြောင်းတွေ ထပ်ပိတ်လိုက်နဲ့ ၀ိနယသတ်ဥပဒေပုဒ်မငယ်တွေ သိန်းသန်းမက များပြားသွားတယ်။ ပြောပြီးပါပကော အာဏာရှင် စနစ်ပါဆို။ ဘယ်သူနဲ့မှ ဆွေးနွေးဖို့မလိုဘူး။ ညှိနှိုင်းဖို့ မလိုဘူး။ ကိုယ်တိုင်ရေးဆွဲထားတဲ့ ဥပဒေ။ ကိုယ်တိုင် ပြင်ချင်ပြင်မယ် ကိုယ်တိုင်နှုတ်ချင်နှုတ်မယ် ကိုယ်တိုင်ဖြည့်ချင်ဖြည့်မယ်။ ဘယ်သူမှ စောဒက လာမတက်ကြနဲ့။ စောဒကတက်ချင်ရင် အဖွဲ့အစည်းထဲကထွက် ဒါဘဲ။ အဲဒီလို ခပ်ကြမ်းကြမ်းကိုင်တွယ်ပြီး ရေးဆွဲထားခဲ့တဲ့ ဥပဒေတွေကြောင့် သာသနာ့အဖွဲ့အစည်းကြီး တဟုန်ထိုး ကောင်းသတင်းတွေ ဝေပြီး အောင်မြင်လာခဲ့တာ မဟုတ်လား။
ဒါတောင်မှ ခြေ/ဥကို ဥပဒေလက်တစ်လုံးခြား (Loophope) လုပ်ချင်တဲ့ ရဟန်းတွေ ရှိနေသေးတယ်။ ဥပမာ ၀ိနယသတ်ဥပဒေပုဒ်မကြီး ၁ ရဲ့ ပုဒ်မခွဲ ၁ ကိုဘဲ ကြည့်။ မေထုန်မှုပြုရင် သေဒဏ် (လူထွက်) လို့ ဥပဒေက ဆိုထားတယ် မဟုတ်လား။ အဲဒီမှာ လာပြီ။ ဘုရားရှင်က လူအမျိုးသမီးတွေနဲ့ မေထုန်မှုပြုခြင်းကိုသာ တားမြစ်ထားသာ ဖြစ်မှာပါ တိရစ္ဆာန်မတွေနဲ့တော့ ပြုလို့ရကောင်းပါရဲ့ ဆိုပြီး ကျူးလွန်ပြန်ရော။ ဒီတော့ ဘုရားရှင်က ဥပဒေပုဒ်မငယ်တွေ ထပ်တိုးရပြီပေါ့။ တိရစ္ဆာန်မနဲ့ မေထုန်မှုပြုလဲ မရဘူး သေဒဏ်ဘဲ တဲ့။ အဲဒီနောက် ရဟန်းတွေက ဘာလုပ်ပြန်ကြသလဲဆိုတော့ လူထီး တိရစ္ဆာန်ထီး လူသေကောင် စတဲ့ သူတွေရဲ့ ပါးစပ် စအို စသဖြင့်စသဖြင့် လမ်းကြောင်း ရှာကြပြန်ရော။ တော်တော်လဲ တတ်နိုင်ကြတဲ့ မဇ္ဈိမသားတွေဘဲ။ သူတို့က လမ်းကြောင်းရှာလိုက် ဘုရားရှင်က လမ်းကြောင်းတွေ ထပ်ပိတ်လိုက်နဲ့ ၀ိနယသတ်ဥပဒေပုဒ်မငယ်တွေ သိန်းသန်းမက များပြားသွားတယ်။ ပြောပြီးပါပကော အာဏာရှင် စနစ်ပါဆို။ ဘယ်သူနဲ့မှ ဆွေးနွေးဖို့မလိုဘူး။ ညှိနှိုင်းဖို့ မလိုဘူး။ ကိုယ်တိုင်ရေးဆွဲထားတဲ့ ဥပဒေ။ ကိုယ်တိုင် ပြင်ချင်ပြင်မယ် ကိုယ်တိုင်နှုတ်ချင်နှုတ်မယ် ကိုယ်တိုင်ဖြည့်ချင်ဖြည့်မယ်။ ဘယ်သူမှ စောဒက လာမတက်ကြနဲ့။ စောဒကတက်ချင်ရင် အဖွဲ့အစည်းထဲကထွက် ဒါဘဲ။ အဲဒီလို ခပ်ကြမ်းကြမ်းကိုင်တွယ်ပြီး ရေးဆွဲထားခဲ့တဲ့ ဥပဒေတွေကြောင့် သာသနာ့အဖွဲ့အစည်းကြီး တဟုန်ထိုး ကောင်းသတင်းတွေ ဝေပြီး အောင်မြင်လာခဲ့တာ မဟုတ်လား။
ခြေ/ဥပေါ်လာပြီးနောက်ပိုင်းမှာ သာသနာ့အဖွဲ့အစည်းကြီးထဲလဲ ၀င်ချင်တိုင်းဝင် ထွက်ချင်တိုင်း ထွက်လို့ မရတော့ဘူး။ လူရွေးပြီးမှ သေချာစစ်ဆေးပြီးမှ ကွာလီဖိုင်းဖြစ်မှ ၀င်ခွင့်ပေးတော့တယ်။ သာသနာ့အဖွဲ့အစည်းထဲမ၀င်ခင် စစ်ကြောရေးစခန်းအရင်ဝင် ဒါဘဲ။ မင်း ကြွေးတလပျစ်နဲ့ သာသနာ့အဖွဲ့အစည်းကြီးထဲ ၀င်လာတာလား။ နိုင်ငံတော်တာဝန်ကြီး တန်းလန်းနဲ့ ၀င်လာတာလား။ မိဘမသိအောင် အိမ်ကထွက်ပြေးပြီး ၀င်လာတာလား။ ရောဂါကြီးတစိုစိုနဲ့ ၀င်လာတာလား။ ၂၀+ ရော ဟုတ်ရဲ့လား။ စသဖြင့် စသဖြင့် ပြင်းပြင်းထန်ထန် စစ်ကြောတယ်။ စစ်ကြောရေးမှာ Failure ဆိုရင်တော့ အောင်ဖေညောင်းပေရော့ဘဲ။
ပြီးတော့ သာသနာ့အဖွဲ့အစည်းကြီးကိုလဲ ထောက်တိုင်များစွာနဲ့ ဖွဲ့စည်းလိုက်တယ်။ ဘုရားရှင်ကို ပင်မထားပြီး အနီးကပ်ကိုယ်ရံတော်အရာရှိကြီး ၂ ပါး၊ အရံ ကိုယ်ရံတော်ကြီး အပါး ၈၀၊ အထွေထွေအတွင်းရေးမှူးချုပ် ၁ ပါး တို့ကို Permanent ခန့်ထားပြီး အဖွဲ့ဝင်များစွာတို့ဖြင့် ကိုင်တွယ်ထားလိုက်တယ်။ တချို့ကိစ္စတွေမှာ ဘုရားရှင်ကိုယ်တိုင် ဖြေရှင်းဖို့မလိုဘူး။ ကိုယ်ရံတော်ကြီးတွေနဲ့တင် ကိစ္စပြတ်တယ်။ ဥပမာ နန္ဒောပနန္ဒနဂါးမင်းကို နိမ်နင်းတဲ့အခန်းကိုကြည့် ကိုယ်ရံတော်အရာရှိကြီးတစ်ပါးဖြစ်တဲ့ ရှင်မောဂ္ဂလာန်ကိုယ်တော်မြတ်က မာနထိပ်တက်နေတဲ့ နဂါးမင်းကို အသာကလေးဘဲ တောက်ချလိုက်တယ်။ ပြီးတော့ ဘုရားရှင်က အဖွဲ့အစည်းကို အာဏာရှင်စနစ်နဲ့ အုပ်ချုပ်တယ်ဆိုပေမဲ့ ဆုပေးဒဏ်ပေးစနစ်တော့ ရှိပါတယ်။ အပြစ်ရှိသူတွေကို ခြေ/ဥအရ ခပ်ကြမ်းကြမ်းကိုင်တွယ်ပေမဲ့ စွန့်လွှတ်စွန့်စားထူးချွန်သူတွေကိုတော့ သူရဘွဲ့ (ဧတဒဂ်ဘွဲ့) ပေးတော်မူလေ့ရှိပါတယ်။ ဥပမာအားဖြင့် ရှင်သီဝလိသည် နေရာမရွေးဒေသမရွေး လာဘ်လာဘပေါကြွယ်ခြင်း၌ ပြိုင်ဘက်ကင်း သူရဘွဲ့၊ ရှင်ပုဏ္ဏသည် လူမျိုးဘာသာမရွေး ဟောပြောမှုအတတ်၌ အတုမရှိ သူရဘွဲ့၊ ရှင်ဝင်္ဂီသသည် ကဗျာဖွဲ့စာဖွဲ့ဂါထာဖွဲ့ခြင်းပညာ၌ နိုးတူး သူရဘွဲ့ စသဖြင့် စသဖြင့်။
အဲဒီလို အာဏာရှင်စနစ်နဲ့ (ခြေ/ဥ)နဲ့ အုပ်ချုပ်လာလို့သာ ခုထက်ထိ သာသနာ့အဖွဲ့အစည်းကြီး နှစ်ပေါင်း ၂၅၀၀ ကျော် တည်တံ့လာခဲ့တာ။ နို့မို့ဆို ဇာတ်ဝါဒီတွေ ဖန်ဆင်းရှင်ဝါဒီတွေကြား မထင်မရှား ပျောက်ကွယ်ခဲ့တာ ကြာရောပေါ့။ ဒါဆို အဲဒီ ၂၅၀၀ ကျော် ခရီးကြီး ဖြောင့်ဖြူးသာယာခဲ့ပါသလား ဆိုရင်တော့ နိုးပါ။ ခြေ/ဥကို ပြင်ချင်တဲ့သူ ဖျက်ချင်တဲ့သူ နှုတ်ချင်တဲ့သူတွေ ဒုနဲ့ဒေး ပေါ်ပေါက်ခဲ့ပါတယ်။ အခုထက်ထိလဲ ပေါ်ပေါက်နေဆဲပါဘဲ။ ဒါပေမဲ့ ခြေ/ဥက ပြင်စရာ ဖျက်စရာ နှုတ်စရာမှ မလိုတာ။ အားလုံး ပြည့်စုံပြီးသား။ အခု ခြေ/ဥပြန်ရေးဆွဲ အခုဖျက် အခုဖြည့်စွက် အခုနှုတ်လို့ ရရိုးလား။ နှစ်ပေါင်း ၂၅၀၀ ကျော် တည်လာခဲ့တဲ့ ခြေ/ဥပါ။ တကယ်ကောင်းလွန်းလို့ တကယ်တည်လာခဲ့တဲ့ ခြေ/ဥပါ။ ဒါပေမဲ့ အသားထဲက လောက်ထွက်ပြီး ခြေ/ကို ပြင်ဆင် ဖြည့်ချင် နှုတ်ချင်သူတွေ ပေါ်ပေါက်လာခဲ့တာကြောင့် အဲဒီ ခြေ/ဥကို ပိုမိုတည်တံ့ခိုင်ခံ့စေဖို့ဆိုပြီး အပြည်ပြည်ဆိုင်ရာအထွေထွေသာသနာ့ညီလာခံကြီး ၆ ကြိမ်တိတိ လုပ်ခဲ့ရတယ်။ အဲဒီ အထွေထွေညီလာခံကြီးတွေကြောင့်သာ အခုထက်ထိ ခြေ/ဥ ခြေ/ဥလို့ ရည်ပန်းစားပြီး အများလေးစားစရာ သာသနာ့အဖွဲ့အစည်းကြီး ဖြစ်တည်နေနိုင်တာ မဟုတ်လား။ အဲဒါ အာဏာရှင်စနစ်ရဲ့ ကျေးဇူးဘဲပေါ့။ ဒါပေမဲ့ အဲဒီအာဏာရှင်စနစ်က ပရမ်းပတာပေါက်လွတ်ပဲစား အာဏာရှင်စနစ်တော့ မဟုတ်ဘူး။ ဝေနေယျသတ္တ၀ါတွေအပေါ် မဟာကရုဏာတော်ပြဌာန်းထားတဲ့ အာဏာရှင်စနစ်။ ။
ဆက်ပါဦးမယ်။
.
ဆက်ပါဦးမယ်။
.
3 comments:
ဒီပို့စ်လေးကို တင်တဲ့နေ့ကထဲက ဖတ်ပြီးတာ သူကြီးမင်းရေ... ကွန်မန့်ကို ရေးလိုက်ဖျက်လိုက်နဲ့ နောက်ဆုံးရောက်ကြောင်းသတင်းပို့ရင်း ဆက်ရန်လေးကို မျှော်နေတယ်လို့ ပြောခဲ့တယ်......
မျှော်နေမယ်နော် ဆက်ရန်..
တီတင့်...
အားပေးလို့ ကျေးဇူးနော်။ ဘကုန်းရွာလေးက သိတဲ့အတိုင်းဘဲ လူက တစ်စတစ်စ လုံးပါးပါးလာပြီး(
ဘုန်းနှစ်တောက်..
မကြာမီ လာမည် မျှော်ဆိုသလိုပေါ့ဘုရားး)
Post a Comment