Wednesday, 30 November 2011

ကိုရင်တက်ပု

တစ်ခုသော နွေကာလ၌
တုံးဖလားသူကြီးမင်းတစ်ယောက် အောက်အကျေ ရန်ကုန်ရွှေမြို့တော်သို့ ဘုရားဖူးဆင်းလာခဲ့သည်။ ဘုရားစုံဖူးမျှော်ပြီးနောက် တုံးဖလားရွာသို့ ပြန်ရန် ရန်ကုန်မီးရထားဘူတာရုံကြီးဆီသို့ လာခဲ့လေ၏။ ဘူတာရုံအတွင်းရှိ ဂျာနယ်ရောင်းသည့်ဆိုင်၌ အားကစားဂျာနယ်တစ်စောင် ၀ယ်ပြီး ရန်ကုန် မန္တလေး အဆန် အမှတ် ၃ ရထားပေါ်သို့ တက်ရောက်ကာ မိမိ၏ ခုံနံပါတ်အတိုင်း အထက်တန်းတွဲပေါ်ရှိ ထိုင်ခုံ တစ်လုံးပေါ်၌ ထိုင်လျက် ထိုအားကစား ဂျာနယ်အား စိတ်ပါဝင်စားစွာ ဖတ်နေလေ၏။

ထိုအခိုက်...

"သူကြီးမင်း.. နေကောင်းပါရဲ့လား"

ဟူသော အသံကို ကြားလိုက်ရသောကြောင့် အသံလာရာဆီသို့ ရုတ်တရက် လှမ်းကြည့်လိုက်ရာ နေကာမျက်မှန်ကားကားနဲ့ ဖော်မွန်လွယ်အိတ်ကြီးကို စလွယ်သိုင်းလွယ်ကာ ဘယ်ဘက်လက်ဖျံပေါ်၌ လက်ကိုင်ပ၀ါတစ်ခုကို စတိုင်လ်ကျကျ ချည်နှောင်ပြီး ရှိုးအပြည့်ထုတ်ထားသည့် ကိုရင်ကြီးတစ်ပါးကို ဗြုန်းစားကြီး တွေ့လိုက်ရလေတော့၏။

သူကြီးမင်းသည် ထိုကိုရင်ကြီးအား ထူးဆန်းစွာဖြင့် "ဘယ်က ကိုရင်ကြီးပါလိမ့်"ဟု အတွေးပွါးနေဆဲကာလ၌ ထိုကိုရင်ကြီးသည် သူကြီးမင်း သူ့အား မမှတ်မိသည်ကို သဘောပေါက်သွားပြီး သူတပ်ထားသည့် နေကာမျက်မှန်ကြီးအား ချွတ်လိုက်ပြီး သူကြီးမင်းကို ပြုံးပြကာ "ဟဲ..ဟဲ.. သူကြီးမင်း.. အခုတော့ မှတ်မိသွားပြီ မဟုတ်လား" ဟူ၍ မေးမြန်းလေတော့၏။ ထိုအခါကျမှ သူကြီးမင်းလဲ အံ့သြစွာဖြင့်..
"ဟာ... ဘယ်က ကိုရင်ကြီးများပါလိမ့်လို့ စဉ်းစားနေတာ။ လက်စသတ်တော့ လွန်ခဲ့တဲ့ ငါးနှစ်လောက်က ဒို့တုံးဖလားရွာကနေ ရန်ကုန်ကို စာသင်ထွက်လာခဲ့တဲ့ ကိုရင်တက်ပုကြီး ဖြစ်နေတာကိုး။ ကိုရင်တက်ပုတစ်ယောက် လူပျိုကြီးလုံးလုံးဖြစ်နေပြီနော" ဟူ၍ ရထားတစ်တွဲလုံးပေါ်ရှိ လူတွေအားလုံး ကြားနိုင်လောက်သည့် အသံမျိုးဖြင့် အာမေဍိတ် ပြုလေတော့၏။

ရထားပေါ်ရှိ လူတွေရဲ့မျက်စိတွေအားလုံး ကိုရင်တက်ပုအပေါ်ကျရောက်လာပြီး ရယ်ကျဲကျဲ ဖြစ်နေကြလေ၏။ ကိုရင် တက်ပုလဲ ထိုခရီးသည်တို့အား ရှက်ရွံ့သလို ဖြစ်နေသောကြောင့် သူကြီးမင်းအား.. "ဟာ.. သူကြီးမင်းကလဲ..လုပ်ရော့မယ်။ ဖီးလ်ငုတ်လိုက်တာဗျာ... အဲဒီ နာမည်ကြီး မခေါ်စမ်းပါနဲ့။ ကိုရင့်ဘွဲ့ကိုသာ ခေါ်စမ်းပါ။ ဘယ့်နှယ်.. ရှက်စရာကြီး" ဟု ရှက်ရမ်းရမ်းပြီး ပြန်ပြောလေတော့၏။ "ဒါဖြင့် ကိုရင့်ဘွဲ့နာမည်ကော ဘယ်လိုခေါ်ပါသလဲဘုရား" ဟု မေးလိုက်သောအခါ.. "ကိုရင်တေဇလေ မသိဘူးလား"ဟူ၍ မျက်မှောင်ကြုတ်ကာ ပြန်ပြောလေ၏။

"ဒါနဲ့.. ကိုရင်က အခု ဘယ်လိုလုပ်ပြီး တပည့်တော်ဆီ တန်းရောက်လာရတာလဲ။ ဆိုင်းမဆင့် ဗုံမဆင့်နဲ့"

"သူကြီးမင်းက သိပ်နေနိုင်တာဘဲ။ ရန်ကုန်ရောက်တာတောင် ကိုရင့်ကို အကြောင်းမကြားဘူး။ အခုတောင် သူကြီးမင်း သွားတည်းခဲ့တဲ့ ဘုန်းကြီးကျောင်းက ကိုရင်ညက်စိပြောပြလို့ သူကြီးမင်း စီးမဲ့ ရထားအမီ အသောနှင်ခဲ့ရတာ။ အထက်တန်းတွဲ ၁ ခုံနံပါတ် ၃ လို့ ကိုရင်ညက်စိပြောပြလို့ သူကြီးမင်းဆီ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတာလေ"

"ထားပါတော့ ကိုရင်။ အခု ကိုရင့်ကို ကြည့်ရတာ လွန်ခဲ့တဲ့ ငါးနှစ်ကနဲ့ ဘာမှ မတူတော့ဘူး။ ကြည့်စမ်းပါဦး ကတုံးပြောင်ပြောင် သင်္ကန်းရဲတောက်တောက် နေကာမျက်မှန်ကားကား လွယ်အိတ်ကြီးတစ်ရမ်းရမ်းနဲ့။ ဒီကြားထဲ ဘယ်ဘက်လက်ဖျံမှာ ပ၀ါက စည်းထားလိုက်သေး။ အတော်လေး အကြည့်ရဆိုးလှတယ် ကိုရင်"

"ဟာ.. သူကြီးမင်းကလဲ ပိန်းနေပြန်ပါပြီ။ ဒါ Current stream လို့ ခေါ်တယ်ဗျ"

"ဘာလဲ Current stream ဆိုတာက"

"Current stream ဆိုတာ ခေတ်ရေစီးကြောင်းကို ပြောတာ သူကြီးရေ။ မသိရင်လဲ မှတ်ထားလိုက်ဦး"

"အံမယ်.. ငါ့ကိုရင်က အင်္ဂလိပ်တွေ ဘာတွေ တတ်လို့ပါလား"

"တတ်ဆို အခုတောင်မှ အင်္ဂလိပ်စာ သင်တန်းကနေ သင်တန်းဆင်းဆင်းချင်း သူကြီးမင်းဆီ အပြေးလာခဲ့ရတာ။ တော်သေးတယ် ရထားမထွက်ခင် အရောက်လာခဲ့နိုင်လို့။ နို့မို့ဆို သူကြီးမင်းကို တွေ့ရမှာ မဟုတ်ဘူး"

"ဒါနဲ့.. အင်္ဂလိပ်စာသင်တန်းက ဘယ်မှာ သွားတက်တာလဲ"

"U.M.A မှာ သွားတက်တာ သူကြီးမင်း။ ဒီပန်းဆိုးတန်း ဂုံးတံတားကျော်ပြီး ၁၅ မိနစ်လောက် လမ်းလျှောက်ရင် ရောက်ပြီ"

သူကြီးမင်းသည် ကိုရင်တက်ပုအား အတော်လေး အထင်ကြီးသွားမိလေ၏။ ရထားပေါ်ရှိ ခရီးသည်တို့သည်လည်း သူကြီးမင်းနှင့် ကိုရင်တက်ပုတို့၏ ဒိုင်ယာလော့ခ်ကို မျက်စောင်းထိုးထိုးပြီး မယောင်မလည် ကြည့်နေကြလေ၏။ သူကြီးမင်းသည်.. "U.M.A ဆိုတာ အတော်ကြီးကျယ်တဲ့ တက္ကသိုလ်တစ်ခုခု ဖြစ်ရမယ်။ ကိုရင် တက်ပု အသက်ငယ်ငယ်နဲ့ ဒီလို တက္ကသိုလ်မျိုးမှာ အင်္ဂလိပ်စာ သင်နေတာဆိုတော့ အတော်လေးတော့ တိုးတက်မှာ သေချာတယ်..U.M.A ဆိုတော့(University of Myanmar Academy) များ ဖြစ်နေမလား မသိဘူး" ဟူ၍ စဉ်းစားခန်းဝင်နေပြီး စကားအဆက် ခဏပြတ်သွားလေ၏။

"သူကြီးမင်း.. ဘာတွေ စဉ်းစားနေတာလဲဗျ"

"ကိုရင် တက်နေတဲ့ U.M.A တက္ကသိုလ်အကြောင်း စဉ်းစားနေတာလေ"

"ဟာ.. သူကြီးမင်းကတော့ လုပ်ပြီ။ ဘယ့်နှယ် တက္ကသိုလ်ရမှာလဲ"

"ဒါဖြင့် U.M.A ဆိုတာ ဘာကိုပြောတာလဲ ကိုရင်"

"သူကြီးမင်းကလဲ ကိုရင်က U Mya Aung ဆီမှာ သွားတက်နေတာပါ။ အဲဒါကြောင့် U.M.A ဆိုတာ U Mya Aung အင်္ဂလိပ်စာ သင်တန်းကို ပြောတာ သူကြီးမင်းရေ့"

"ဗုဒ္ဓေါ.. လက်စသတ်တော့ ဂလိုကိုးး"

ကိုရင်တက်ပု၏ U.M.A ရှင်းပြချက်ကို ကြားလိုက်ကြသော ခရီးသည်တို့မှာ ရေသောက်ရင်း ရေသီးသူက သီး၊ အသံထွက်ပြီး ရယ်သူက ရယ်နဲ့ ပွဲအတော်လေး ကျသွားကြလေ၏။ သူကြီးမင်း၏ စိတ်ထဲ၌လဲ... "ငါလဲ တုံးဖလားပြန်ရောက်ရင် K.K.M အင်္ဂလိပ်စာ သင်တန်းဆိုပြီး ဖွင့်ရင် ရတာဘဲ" ဟု သဘောရိုးလေးဖြင့်တွေးကာ မနောပြုံးလေး ပြုံးနေမိလေတော့၏။ ထိုအခိုက်...

"သူကြီးမင်းရေ... ရွာကFather နှင့် Motherကို ပြောလိုက်ပါဦး။ ခင်ဗျားတို့ရဲ့ Sonဖြစ်တဲ့ Noviceတဇတစ်ယောက် Rangoon Capitalကြီးမှာ English သင်တန်းတက်ပြီး အင်္ဂလိပ်စာတွေ Very Know နေပြီဆိုတဲ့ အကြောင်း။ ဘုန်းကြီးကို Monk မျောက်ကို Monkey ပိုက်ဆံကို Money ပျားရည်ကို Honey စတဲ့ မီးနင်းတွေလဲ ထုံးလိုကျေ ရေလို နှောက်နေပြီဆိုတဲ့ အကြောင်း One Two Three ရေတွက်တာလဲ Hundredအထိ ကောင်းကောင်း ရေတွက်တတ်နေပြီဆိုတဲ့အကြောင်း၊ စသဖြင့် စသဖြင့် အလုံးစုံ ပြောပြလိုက်ပါဦး သူကြီးမင်း"

"ဟုတ်ပါပြီ ကိုရင် ပြောလိုက်ပါ့မယ်"

"ကဲ ဒါဖြင့် အခု ကိုရင် Go တော့မယ်။ Teacher က Homework တွေ five pages လောက် give ခဲ့တယ်။ အဲဒါတွေ Study လုပ်ရဦးမယ်။ လှိမ့်ပြီ သူကြီးမင်းရေ.."

ဟူ၍ ပါးစပ်ကလဲပြော ရထားပြတင်းပေါက်မှလဲ လွှားကနဲ အောက်ခုန်ဆင်းကာ ရထားပေါ်ရှိ သူကြီးမင်းထံ ပြန်ကြည့်ပြီး ညာဘက်လက်ဖျားကို နဖူးပေါ်တင်ကာ အလေးပြုသည့်ပုံစံပြုလုပ်ပြီး သင်္ကန်းဖိုသီဖတ်သီ လွယ်အိတ်တဖွားဖွား မျက်မှန်တကားကားဖြင့် ရန်ကုန်ဘူတာရုံကြီးထဲမှ ထွက်ခွါသွားလေတော့၏။ သူကြီးမင်းလဲ... "အင်း.. ကိုရင်တက်ပုတစ်ယောက် ဒီပုံစံမျိုးနဲ့ တုံးဖလားပြန်လာရင်တော့ အိမ်မှာမွေးထားတဲ့ ဂုတ်ကျားတစ်ကောင် မျက်စိနှောက်ပြီး တ၀ုတ်ဝုတ် ဖြစ်နေမှာ မြင်ယောင်မိပါသေးရဲ့.." ဟု စဉ်းစားကာ အနားခဏချထားသည့် အားကစား စာစောင်အား ပြန်ကောက်ကိုင်ကာ မန်ချက်စတာယူနိုက်တက်ဒ် ချန်ပီယံဖလားကြီး ကိုင်မြှောက်ထားသည့် ဆောင်းပါးတစ်ပုဒ်အား မြိန်ရှက်စွာ ဆက်ဖတ်နေလေတော့၏။ ထိုစဉ်ဝယ် မီးရထားကြီးသည်လည်း ရန်ကုန်ဘူတာရုံကြီးမှ ဘူးး ဘော် အသံပေးကာ စတင်ပြီး ထွက်ခွါလာလေတော့သတည်း။ ။ မပြီးသေးဘူးနော်။း)

.

23 comments:

Anonymous said...

bell သံတစ်ညံညံ give ပါတဲ့..
ရွာ school ကို run မြင်မိရင်
remember နေတယ် my friend ရေ
i များ baby တုန်းက ရွာအ၀င် road ဆီကနေ
လက်ချင်းယှက်ကာ.. run ကာ run ကာ
school climb လာကြတာတွေ
forget နိုင်ပါ့မလား
you တို့ i တို့. baby တုန်းကလေး))
(ကိုရင်တက်ပု.အားကျလို့ :P)

သူကြီးမင်း.ရေ..
သူကြီးမင်းရေးနေတာ..
ဘာဇာတ်လမ်းလဲဆိုတာကိုတော့
ိစိတ်ဝင်တစား..စောင့်မျှော်နေတယ်ဗျား..

စံပယ်ချို said...
This comment has been removed by the author.
ပစ်ပစ် said...

အင်းးး..ဒီလူပြိုကြီးလည်း
တခြားလူပြိုကြီးတွေကို
အားကျပြီးတော့အခန်းဆက်
စီးရီးတွေရေးတော့မယ်ထင်တယ်..

မဒမ်ကိုး said...

ဟဟဟ လို့အော်ရီလိုက်ပါတယ် အဆုံးမတော့ ..
(တို့ကိုရင်မဟုတ်ပီးတာဘဲအေ ..)
သူက ကိုရီးယား K K M K ဖြစ်နေတာကိုး ဟိဟိဟိ

AH said...

ဆက်လက် read ဖို့ လာမယ့် to be continue အခန်းလေးကို wait နေရင်း အားပေးသွားပါသည်။

ခင်မင်စွာဖြင့်
AH

လွင်ပြင်လှိုင်းငယ် said...

ကိုရင်တက်ပုတောင်တော်တော်ဟုတ်နေပြီပဲ

သဒ္ဓါလှိုင်း said...

မပြီးသေးဘူးနော် ဆိုတော့ ဆက်ဖတ်ဖို့ စောင့်နေပါတယ်။ ဒါနဲ့ ရန်ကုန်ဘူတာရုံကြီးကနေ ဘယ်ကိုများ ခရီးနှင်မှာပါလိမ့်။။။
(မရောက်တာကြာသွားလို့ ခုမှ ဖတ်နေရတယ်၊ နေကောင်းပါရဲ့လား သူကြီးမင်း)
ခင်မင်လျက်
သဒ္ဓါ

မြသွေးနီ said...

Read ရင်း Laugh သွားပါတယ်.. သူကြီးမင်း..။

ညိမ်းနိုင် said...

တဂျီးမင်းရဲ့....KKM ဘိလပ်စာသင်တန်းကြီးများဖွင့်ရင်ဖြင့်
ကျုပ်ကိုလည်း လက်တို့ပါဦးဗျာ.....ကိုရင်တတ်ပုလို
ဘိလပ်စာကို ကျွမ်းကျွမ်းကျင်ကျင်ပြောချင်လွန်းလို့ပါ...:)

ဟန်ကြည် said...

အလဲ့ ကိုရင်တက်ပုကျတော့ တယ်ဟုတ်ပါကလား...ခပ်ငယ်ငယ်တုန်းက တွေ့ဖူးတဲ့ အညာကျောင်းက ကိုယ်တော်လေးကျတော့ အဲဒီလောက်တောင်မစွမ်းရှာဘူး သူကြီးမင်းရဲ့...

အဲဒီကိုယ်တော်လေးက အင်္ဂလိပ်စာ အသံထွက်စာအုပ်ကို ဖတ်ပြီး ဘုန်းကြီးကျောင်းသားတွေကို အင်္ဂလိပ်စာသင်ပေးတာ ...
ဝှပ်-ထ အစ်-စ သစ်-စ...
သစ်-စ အစ်-စ အေ ဘွတ်-ခ...ဆိုပဲ...

ဘိလပ်သွားမယ့် သူကြီးမင်းလည်း ကိုရင်တက်ပုကို အားကျပြီး အင်တိုက်အားတိုက်ကြိုးစားခဲ့လို့ အခုလို ပေါက်မြောက်သွားတာဖြစ်မယ်ထင်ပါ့...ကိုရင်တက်ပုလိပ်စာလေးများလည်းရှိရင် မစပါလား...သင်တန်းမှာ အင်္ဂလိပ်စာပြခန့်ချင်လို့...ဒါပေမယ့် ကျောင်းသားတွေကို အဖြူရောင်မ၀တ်ဖို့ အရင်ကြိုပြောထားမှ...ဒီလောက်ဘိုလိုလွှတ်နေမှဖြင့် ကလေးတွေရဲ့ အ၀တ်တွေ ဖားဥစွဲကုန်မှာ သေချာလို့...းးး)))

mstint said...

ကိုရင်တက်ပုကိုအားကျပြီး TGM (LONDON) သင်တန်းဖွင့်ဖြစ်ရင် လှမ်းခေါ်လိုက်အုံးနော်း))
တူဒေးတော့ ပင်ပန်းလို့ အားလီး စလိတော့မယ် တဂျီးမင်းရေး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

စံပယ်ချို said...

I လဲ you တို့လို read ဖို့ လာတာပါ
အပေါ်မှာ jasmine တစ်ယောက်ပါလား
ဘယ်တိုင်းပြည်ကများလဲ
i don't know ဖြစ်သွားရတယ်
ဘူးထွားထွား...
မြန်မြန်စွံပါစေ
khin khin မင်မင် jasmine

ကိုဇော် said...

ဆက်ပါဦး . . . မျှော်လျက်

ကိုရင် said...

ကိုရင် တက်ပုဆိုလို့ နည်းနည်းတော့ တက်ပုတွားသေးတယ်..။ တော်သေးတယ်..တုံးဖလားက တက်ပု ဖစ်နေလို့.. :D

ဆိုတော့ကာ မပီးသေးတော့လည်း ဆက်ပေါ့ဗျာ..

San San Htun said...

I လည်း တဂျင်းမီးပို့ စ်ကို လာ read ရင်း smile သွားပါတယ်

ချော(အစိမ်းရောင်လွင်ပြင်) said...

သူဂျီးမင်းပိုစ့်ကိုဖတ်တော့မှ အင်္ဂလိပ်စာမှာ ကိုရင်တက်ပုလောက်တောင် မ know သေးပါလားဆိုတာ သိလိုက်ရတယ်.. U M A သွားတက်ဦးမှပါ။
ဘာဘဲဖြစ်ဖြစ် U M A မှာတက်တယ်ဆိုတော့ ဟိုလိုလို ဒီလိုလိုနဲ့ လူအထင်ကြီးခံရ နည်းလားနော်.. ကိုရင်တက်ပုဆီ လိပ်စာတောင်းထားဦးမှပါ..
ဘာတွေများ ဆက်ဦးမလဲ သူဂျီး ရယ်မောဖို့ အဆင်သင့်ပါ :P

နေ၀သန် said...

ဟားဟားဟား... ကျွန်တော်ကတော့ လက်ရှိဖြစ်နေတဲ့ မြန်မာတွေရဲ့ဖြစ်ရပ်ကို သရော်ထားတယ်လို့ပဲ မြင်မိတယ်... အင်္ဂလိပ်စာကို မြန်မာစာလုံးထဲ ညှပ်ညှပ်ပြောတာလောက် နားယားတာမရှိဘူး..... အဲဒါ ဟိုးနာမည်ကြီးဆိုတဲ့ဝတ္ထုရေးဆရာမတွေက အစ.... ဖျက်ဆီးနေတာ... မြန်မာစာကို..

ခင်မင်လျက်
နေ၀သန်

Candy said...

သူကြီးမင်း.. ခုမှ exam ပြီးလို့ free သွားတယ်လေ.. အဲ့ဒါကြောင့် လာ visit ရင်း read ဖို့ အကြွေးကျန်တာတွေ read သွားတယ်.. ဟိဟိ.. :P :P

တောက်ပကြယ်စင် said...

U. M. A လား ဘုန်းဘုန်းကမ္ဘာအေးတက္ကသိုလ်မှာ တက်စဉ်တုန်းကပေါ့။ U. M. A အရှည်ကောက်ကို မသိတဲ့ ဦးပဇင်းလေးတစ်ပါးက ဆိုင်ထဲဝင်ပြီး ဦးမာစာအုပ်ရှိလား။ တစ်အုပ်ဘယ်လောက်လည်းတဲ့။

Anonymous said...

အမြဲတမ်းလာလာ read နေတဲ့
myanrmarmalay ပါ

ဆူးသစ် said...

တမင်ရေးထားတာလားတော့မသိဘူး။ ဖိုသီဖတ်သီက ဘူတီဘတ်တီ ဖြစ်နေတာတွေ့ရတယ်။ ခေတ်ကို သရော်တတ်တယ်လို့မြင်ပါတယ်။ ရေးလက်ကောင်းသူတစ်ယောက်လို့ ထင်မြင်မိပါတယ်။

သူကြီးမင်း (တုံးဖလား) said...

ကိုဆူးသစ်ရေ...
တမင်ရေးထားတာ မဟုတ်ဘူး။ သတ်ပုံမကျေတာလေ။ ဟာ ဟ။

ပြန်ပြင်လိုက်ပြီ။ ကျေးဇူးနော်။ အခုလို ထောက်ပြပေးလို့။

နောက်လဲ သတ်ပုံတွေ မှားနေတာတွေ့ရင် အားမနာတမ်း ထောက်ပြစေချင်ပါတယ်။

ခင်မင်လျှက်

writings services online said...

basic human rights and liberties and democracy is impossible without the participation of writings services online