ပိုကြင်နာပါ။
အိမ်မက်တွေကို
ထပ်ခါထပ်ခါ
မက်ခွင့်ရဖို့အရေး
ညတွေရှိနေဖို့ လိုတယ်လေ။
ဒါ့ကြောင့်
ဘ၀ကို
အိပ်စက်ခွင့်ပေးပါ ချစ်သူ။
ဒါပေမဲ့…
မိုးမသောက်ခင်
ကိုယ့်ကိုသွားခွင့်ပြုပါ။
ခိုဝင်ဖူးတဲ့
ရင်ခွင်ဦးဆိုတာ
ကိုယ်မဟုတ်ခဲ့လို့ပါ။
လောကကြီးကို
စိတ်ကုန်တယ်။
ဒါပေမဲ့....
မနက်ဖြန်တွေကို
စိတ်မကုန်နိုင်ဘူး။
မင်းနဲ့ချစ်မိမှ
ကိုယ့်ဘ၀မှာ
မနက်ဖြန်တွေကိုမျှော်တတ်နေပြီ။
မနက်ဖြန်တိုင်း
ရင်ခွင်ချင်းအပ်
လက်ထပ်ဖြစ်ကြရင်ကောင်းမယ်။
ဒါပေမဲ့………
အဲဒီမနက်ဖြန်တွေကို
သင်ကြားတတ်မြောက်ဖို့
ကိုယ်မယုံရဲတော့ဘူး။
ကိုယ့်ဘ၀ထဲမှာ
ချစ်ဒေါသကလွဲရင်
အခြားဒေါသမရှိတော့ဘူး။
မင်းနဲ့ကွေကွင်းရမဲ့
သောကကလွဲရင်
ဘာသောကမှမရှိတော့ဘူး။
ကိုယ့်ဘ၀ရဲ့
အကြီးမားဆုံးအရာ
ပေးထားခဲ့ပါတယ်။
ရော့
ယူတတ်ရင်ယူလိုက်ပါ။
အချစ် ဆိုတာ
ကိုယ့်အတွက်
အာဟာရပြည့်စေတဲ့
သစ်သီးတစ်လုံးနဲ့တူတယ်။
ကိုယ့်အနီးနားမရှိပေမဲ့
ရင်ထဲမှာမင်းရှိနေခြင်းက
ကိုယ့်အတွက်
ထာဝရသီးနေတဲ့
အချစ်သစ်ပင်ရိပ်အောက်
ချစ်တဲ့အချစ်သီးတွေ
သီးနေခြင်းနဲ့တူတယ်။
ပမာပြောရရင်
ဆားတွေအရည်ပျော်ကျသွားလို့
ဆားပွင့်လေးတွေမရှိတော့ပေမဲ့
ဆားအရသာကတော့
မပျောက်မပျက်
ကျန်ရှိနေသလိုမျိုးပေါ့။
တစ်ခါမှာ တစ်ဘဝ
တစ်ဘ၀မှာ တစ်ခါသာ
စွဲစွဲမြဲမြဲ ရူးတတ်တဲ့
ဒီလောကီဘုံသားတွေရဲ့ 
သမုဒယနှောင်ကြိုး
တိုးတိုးလို့ ရစ်ပတ်
ဖြတ်ပစ်ဖို့ ခက်လှချည့်။
အနှိုင်းမဲ့အောင်မြင်ခြင်းဆိုပေမဲ့ ထွေထွေထူးထူးတော့မဟုတ်ပါဘူး။
ဗုဒ္ဓဘုရားရှင်က
မာရ်နတ်မင်းရဲ့ ရန်သူစစ်တပ်ကို အောင်မြင်ခဲ့တာကို ရည်ရွယ်တာမဟုတ်သလို
သိကြားမင်းက
အသူရာနတ်မင်းရဲ့ စစ်တပ်ကို ဖြိုခွင်းခဲ့တာကိုလဲ ဆိုလိုတာ မဟုတ်ပါဘူး။
အသောကမင်းကြီး
ကလိင်္ဂတိုင်းကို အောင်ပွဲရခဲ့တာကို မညွန်းဆိုသလို
ဗိုလ်ချုပ်တို့က
နယ်ချဲ့ ဗြိတိသျှကို တိုက်ထုတ်နိုင်ခဲ့တာကိုလဲ မရည်ညွန်းပါဘူး။
တစ်စုံတစ်ယောက်က
ဆယ်တန်းစာမေးပွဲအောင်မြင်တာကို ပြောနေတာမဟုတ်သလို
သန်းထီပေါက်တာကို ရှင်းပြနေတာလဲမဟုတ်ပါဘူး။
ကျနော်ဆိုလိုတာက
ဒီနေ့ ညနေ ၄ နာရီအချိန်က အိုးထရက်ဖို့ဒ်ကွင်းကြီးမှာ ကန်သွားတဲ့
မန်ယူ နှင့် ချယ်လ်ဆီး ဘောလုံးပွဲမှာ ကျနော့် ဖေးဘရိတ် မန်ယူအသင်းက အနိုင်ယူသွားတာကိုဘဲ ရည်ညွန်းတာပါခင်များ။
အနိုင်ယူသွားတာမှ နဲနဲနောနောမဟုတ်ဘူး။ သုံးဂိုး ဂိုးမရှိကြီးများတောင်။ အကြီးကျယ်ဆုံးအနိုင်ပွဲကြီးပါဘဲ။ ကျနော် အရမ်းကျေနပ်တယ်။
လက်ကျန်ပွဲတွေအားလုံးကန်ပြီးသွားရင်တော့ မန်ယူက ထိပ်ဆုံးကနေပြီး ဦးဆောင်နေမှာသေချာတယ်။ ပျော်စရာကြီးနော်။
ပြီးတော့ အဲဒီအတိုင်း အနိုင်ပွဲတွေ ဆက်သွားရင်တော့ ဒီနှစ်လဲ မန်ယူဘဲ ဖလားတွေ အများကြီး ရဦးမှာ မြေကြီးလက်ခတ်မလွဲပါဘဲ။
အဲဒီ မန်ယူရဲ့ ချယ်လ်ဆီးအပေါ် အောင်မြင်အနိုင်ယူခြင်းကိုဘဲ အနိုင်းမဲ့ အောင်မြင်ခြင်းလို့ ကျနော် ဆိုလိုတာပါ။
မန်ယူ ပရိသတ်မဟုတ်တဲ့သူတွေအတွက်တော့ ဆောရီးဘဲနော်။ ကျနော်က မန်ယူမှ မန်ယူ။ အရူးအမူးဘဲ။
မိတ်ဆွေတို့ကိုလဲ အနှိုင်းမဲ့အောင်မြင်ခြင်းမှ ကြိုဆိုလျက်ပါဘဲ ခင်များ။
3 -
0
သတင်းစာထဲက သတင်း
သတင်းထဲက အင်္ဂလိပ်စာ
အင်္ဂလိပ်စာထဲက အသုံးအနှုန်း။
လေ့လာကြဖို့ပါ။
......................
Talks= discussions> ဆွေးနွေးပွဲ
In
နယူးယောက်မြို့ မှာကျင်းပတဲ့ နှစ်ဘက်ဆွေးနွေးပွဲ ဆက်လက်ကျင်းပခဲ့တယ်။
Threat= danger> အန္တရာယ်
The forecast is for rain with the threat of thunderstorms.
ခန့်မှန်းချက်ကတော့ မိုးထစ်ခြုန်းပြီး သည်းထန်စွာရွာမဲ့အန္တရာယ်ရှိတယ်။
Vow= promise> ကတိပေးသည်။ သန္နိဋ္ဌာန်ချသည်
She vowed never to speak to him again.
သူမက သူ့ကို ဘယ်တော့မှ နောက်တစ်ကြိမ်စကားမပြောတော့ဘူးလို့ သန္နိဋ္ဌာန်ချတယ်။
Wed= marry> လက်ထပ်သည်
The couple plan to wed next summer
ဒီစုံတွဲဟာ လာမဲ့ နွေရာသီမှာ လက်ထပ်ဖို့ စီစဉ်ထားကြတယ်။
Write off= damage> ပျက်စီးစေသည်။ ဖျက်ဆီးသည်
He's written off two cars this year.
သူ ဒီနှစ်မှာ ကားနှစ်စီး ပျက်စီးစေပြီးပြီ။
Monitor= watch and check> စောင့်ကြည့်စစ်ဆေးသည်
Each student's progress is closely monitored.
ကျောင်းသားတစ်ယောက်စီရဲ့  တိုးတက်မှုကို နီးကပ်စွာ စောင့်ကြည့်စစ်ဆေးတယ်။
Fathom out= understand, find> နားလည်သည်
He couldn't fathom out what the man could possibly mean.
ဒီလူဘာဆိုလိုမှန်း သူနားမလည်နိုင်ဘူး။
Outweigh= to be greater> ပိုသာလွန်သည်
The risks are vastly outweighed by the potential benefits.
အရမ်းစွန့်စားရတာကို ဖြစ်နိုင်တဲ့ အကျိုးအမြတ်က သာလွန်နိုင်ပါတယ်။
Halt= stop> ရပ်တန့်သည်
She walked towards him and then halted.
သူမ သူ့ဆီဦးတည်သွားပြီးနောက် ရပ်တန့်လိုက်တယ်။
Stunned= shocked> တုန်လှုပ်ခြောက်ခြားသော
She was too stunned to speak.
သူမ စကားပြောဖို့ အရမ်းတုန်လှုပ်နေတယ်။
သတင်းစာဖတ်လေ့ရှိရင်
တကယ်လိုအပ်ပါတယ်။
ကျနော်လဲ လေ့လာဆဲပါဘဲ။
.........................................
Ordeal= painful experience> ကြောက်စရာအတွေ့အကြုံ
The hostages spoke openly about the terrible ordeal they had been through.
ဓါးစာခံများက ပွင့်လင်းစွာ သူတို့ကြုံတွေ့ခဲ့ပြီးတဲ့ အတွေ့အကြုံဆိုးအကြောင်းပြောပြတယ်။
Oust= push out, remove> ထုတ်ပယ်သည်။
The rebels finally managed to oust the government from power.
သူပုန်များက နောက်ဆုံးမှာ အစိုးရကို အာဏာဖြုတ်ချနိုင်ခဲ့တယ်။
Plea= request> တောင်းခံခြင်း
She made an impassioned plea for help.
သူမဟာ အကူအညီအတွက် ခခယယတောင်းပန်ရှာတယ်။
Pledge= promise> ကတိပေးသည်
We are asking people to pledge their support for our campaign.
ကျနော်တို့ရဲ့ လှုပ်ရှားမှုအတွက် သူတို့အကူအညီပေးရန်ကတိပေးဖို့ ကျနော်တို့တောင်းဆိုကြတယ်။
Ploy= clever activity> ဥာဏ်(မာယာ)များခြင်း
There are various ploys we can use if necessary.
လိုအပ်ရင် အသုံးပြုနိုင်ဖို့ နည်းအမျိုးမျိုးရှိပါတယ်။
Poll= receive particular votes> မဲရလဒ်ဖြစ်သည်
With nearly all the votes counted, Mr Soto had polled 67% of the vote.
မဲတွေအကုန်လုံးနီးပါးရေတွက်လိုက်တဲ့အခါ မစ်စတာ ဆိုတိုက မဲရာခိုင်နှုန်း ၆၇ ရပါတယ်။
Probe= investigate> စုံစမ်းစစ်ဆေးသည်။
The interviewer probed deep into her private life.
အင်ဆာဗျူးမေးသူက သူမရဲ့ ဘ၀အကြာင်းကို သေချာစစ်ဆေးမေးမြန်းတယ်။
Quit= leave, resign> ထွက်သည်။ အနားယူသည်
Would you quit your job if you inherited lots of money?
ငွေအများကြီးအမွေရပြီးရင် မင်းအလုပ်ကအနားယူမှာလား။
Riddle= mystery> ထူးထူးဆန်းဆန်းအရာ
Scientists may have solved the riddle of Saturn's rings.
သိပံ္ပပညာရှင်များက စနေဂြိုဟ်ပတ်လည်က လက်စွပ်သဏ္ဍာန်ကွင်းကြီးတွေရဲ့  ထူးထူးဆန်းဆန်းအကြောင်း ဖြေရှင်းပြီးကောင်းဖြေရှင်းပြီးဖြစ်မယ်။
Strife= conflict> ၀ိရောဓိ။ တိုက်ပွဲ
Twenty years of civil strife have left the country's economy in ruins.
နှစ် ၂၀ကြာ ပြည်တွင်းစစ်ကြီးက နိုင်ငံရဲ့ စီးပွါးရေးကို ပျက်စီးစေတယ်။