Thursday, 15 September 2016

ကိုယ့်ကိုကိုယ်ကြည့်

ကိုယ်၏လောဘ၊ ကိုယ်ကြည့်ကြလော့
ကိုယ်မှမကြည့်၊ ဘယ်သူကြည့်လိမ့်။

ကိုယ်၏ဒေါသ၊ ကိုယ်ကြည့်ကြလော့
ကိုယ်မှမကြည့်၊ ဘယ်သူကြည့်လိမ့်။

ကိုယ်၏မောဟ၊ ကိုယ်ကြည့်ကြလော့
ကိုယ်မှမကြည့်၊ ဘယ်သူကြည့်လိမ့်။

ကိုယ်၏အတ္တ၊ ကိုယ်ကြည့်ကြလော့
ကိုယ်မှမကြည့်၊ ဘယ်သူကြည့်လိမ့်။

ကိုယ်၏မာန၊၊ ကိုယ်ကြည့်ကြလော့
ကိုယ်မှမကြည့်၊ ဘယ်သူကြည့်လိမ့်။

ဆွေ့ဆွေ့ခုန်ထ၊ ခိုက်ဒေါသနှင့်
လောဘမောဟာ၊ ဖြစ်စဉ်ခါဝယ်
မျက်နှာပုပ်သိုး၊ လွန်ရုပ်ဆိုး၍
ရှိခိုးခြင်းငှာ၊ မထိုက်ရာတည်း။

ငါငါ ငါ့ဟာ၊ ငါ့ဥစ္စာနှင့်
ငါမှာတည်စွဲ၊ ငါအမြဲလျှင်
ငါပဲအမှန်၊ ငါ့အကြံသာ
ဧကန်စင်စစ်၊ အမှန်ဖြစ်ဟု
ငါချစ်နေသူ၊ အတ္တထူသည့်
ထိုသူဗာလ၊ လူ့အန္ဓသည်
မာနထောင်လွှား၊ ဆောင့်ဆောင့်ကြွား၍
လူများအလယ်၊ ရှက်စဖွယ်တည်း။

မောင်ငယ်ညီသွေး၊ ညီမလေးတို့
မှတ်တေးကာထား၊ နှလုံးသားဖြင့်
မုန်းပွါးစေရာ၊ အတ္တ ငါနှင့်
လောဘာ ဒေါသ၊ မိုက်မောဟ၀ယ်
မာနတစ်ချက်၊ ထည့်ရောစွက်၍
အမျက်ချောင်းချောင်း၊ ထွက်မကောင်းဘူး
ရှက်ကြောင်းအမှန်၊ ကိုယ်၏ထံသို့
ထိုကံကျိုးပေး၊ နတ်ရွာဝေးသည်
ဝေးဝေးကပင်၊ ရှောင်ရှားကြဉ်လော့။


မေတ္တာဖြင့်
တုံးဖလားသူကြီးမင်း (15 Sept 2016 04:06pm)

1 comment:

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ကဗျာဖတ်ပြီး
သတိနဲ့ အသိလေးယှဉ်ပြီး ဆင်ခြင်ဖို့ကြိုးစားပါ့မယ်ဘုရား