Saturday 17 September 2016

တွေးကြောက်ဖွယ်

သူများမကောင်း၊ ကိုယ့်အကောင်းကို
အကြောင်းမရှိ၊ ပြောမမိနဲ့
ပြောမိထိုကံ၊ ကိုယ်ဆီထံသို့
ဧကန်ပြန်ရောက်၊ တွေးပြီးကြောက်လော့။

သူများအတင်း၊ မှားသတင်းကို
ရင်းမြစ်မမြဲ၊ စွပ်မစွဲနဲ့
စွပ်စွဲထိုကံ၊ ကိုယ်ဆီထံသို့
ဧကန်ပြန်ရောက်၊ တွေးပြီးကြောက်လော့။

သူများချစ်ခြင်း၊ မိတ်ဆွေရင်းကို
ပျက်ယွင်းစေလို၊ ကုန်းမဆိုနဲ့
ဆိုမိထိုကံ၊ ကိုယ့်ဆီထံသို့
ဧကန်ပြန်ရောက်၊ တွေးပြီကြောက်လော့။

ပက်လက်ထွေးထုတ်၊ တံတွေးပုပ်သည်
အဟုတ်မှန်ရာ၊ ကိုယ်ဆီသာဝယ်
ပြန်ကာကျရိုး၊ သဘောမျိုးသို့
ဆိုးကျိုးအပြန်၊ ထိုသည့်ကံလည်း
ကိုယ့်ထံပြန်ရောက်၊ ပြန်၍နှောက်သည်
တွေးကြောက်ဖွယ်ချည်းပါတကား။

မေတ္တာဖြင့်
တုံးဖလားသူကြီးမင်း (17 Sept 2016 10:16am)

No comments: