Wednesday 16 February 2011

ပြိုင်ပွဲ

သူကြီးမင်း တုံးဖလားရွာကို အုပ်ချုပ်စဉ်တုန်းက လစဉ်ရာသီအလိုက် ပြိုင်ပွဲလေးတွေ ကျင်းပပေးခဲ့တယ်။ ရွာသူရွာသားတွေကို ပျော်ရွှင်ကြည်နူးလိုတဲ့ ဆန္ဒသက်သက်နဲ့ ကျင်းပပေးခဲ့တာပါ။ မှတ်မှတ်ရရ ၀ါလကင်းလွတ် သီတင်းကျွတ်ရောက်ပြီဆိုရင်တော့ ဆီမီးပူဇော်ပွဲပေါ့။

အဲဒီပွဲမှာ ထူးထူးခြားခြားလေးဖြစ်အောင် အပျိုလူပျိုတွေကို စုံတွဲလေးတွေ ပြုလုပ်ပေးတယ်။ တစ်တွဲတစ်တွဲကို ဖယောင်းတိုင်တစ်တိုင်စီ မီးထွန်းပေးပြီး နှစ်ယောက်အတူကိုင်စေတယ်။ ပြီးရင် အပြေးပြိုင်ခိုင်းတယ်။ လမ်းမှာ ဖယောင်းတိုင်မီး မငြိမ်းရဘူး။ တကယ်လို့ ငြိမ်းသွားရင် တာလွှတ်တဲ့နေရာကို ပြန်လာပြီး မီးပြန်ညှိရတယ်။ ပန်းတိုင်ကတော့ ရွာဦးကျောင်းဝင်းအ၀င်ဝမုခ်ဦးမှာပါ။ ပန်းတိုင်ကို ရောက်ရင် ကြိုတင်ထားတဲ့ နေရာလေးမှာ ဖယောင်းတိုင်ကို နှစ်ယောက်အတူ စိုက်စေပါတယ်။ ဖယောင်းတိုင် အရင်စိုက်ပြီးတဲ့ အတွဲဟာ ပထမဆုရရှိမှာဖြစ်ပါတယ်။ ပထမဆုရှင် စုံတွဲကို ငွေသားဆုပေးပါတယ်။

အခုလို တပို့တွဲလမျိုးမှာဆိုရင်တော့ ထမနဲထိုးပွဲပေါ့။ ဒါက ယောက်ျားလေးတွေ ပြိုင်တဲ့ပွဲပါ။ ထမနဲဒယ်ကြီးကို ယောက်ျား လေး ငါးယောက် တစ်အုပ်စုစီ ၀ိုင်းပြီး ယောက်မရှည်ရှည်ခိုင်ခိုင်နဲ့ထိုးရတဲ့ ထမနဲထိုးပြိုင်ပွဲကို ကျင်းပပေးတယ်။ အရင်ကျက်တဲ့ထမနဲအိုး၊ စားလို့အကောင်းဆုံး ထမနဲအိုးကို ပထမဆုပေးပါတယ်။

ထမနဲထိုးပြိုင်ပွဲက သိပ်စိတ်ဝင်စားစရာမကောင်းတော့ အဲဒီထမနဲထိုးပြိုင်ပွဲအစား ဘာပြိုင်ပွဲကို အစားထိုး ကျင်းပပေးရမလဲလို့ သူကြီးမင်းတစ်ယောက် စဉ်းစားနေလေရဲ့။ အခုလို ဆောင်းအေးအေးကာလမှာ ဘယ်လို ပြိုင်ပွဲမျိုးက ပိုပြီး အဆင်ပြေမှာပါလိမ့်။

သူကြီးမင်းတစ်ယောက် ဟိုရှာကြံဒီရှာကြံနဲ့ စိတ်ဝင်စားစရာပြိုင်ပွဲတစ်ခုကို ဘီဘီစီသတင်းမှာ တွေ့လိုက်ရတယ်။ အဲဒီပြိုင်ပွဲလေးကို အတော်လေး စိတ်ဝင်စားသွားမိတယ်။ ကြံကြံဖန်ဖန်ပြိုင်ပွဲလေးပါ။ တကယ့်ကို ကြံကြံဖန်ဖန် ပြိုင်ပွဲလေးပါဘဲ။ အဲဒီပြိုင်ပွဲက ဘိလပ်မှာလဲမဟုတ်ဘူး။ ရွှေနိုင်ငံမှာလဲ မဟုတ်ဘူး။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ ပြိုင်ပွဲလေးပါ။ ဘာတဲ့။ Kissing ပြိုင်ပွဲတဲ့ဗျား။ ချစ်သူများနေ့အထိမ်းအမှတ် Kissing ပြိုင်ပွဲဆိုပါလား။ Kissing ပြိုင်ပွဲဆိုတိုင်း စိတ်တွေ လှုပ်ရှားမနေကြနဲ့ဦး။ ရက်နဲ့ချီပြီး အကြာကြီး Kissing ပေးကြရတဲ့ တကယ့်ပြိုင်ပွဲကြီး။ လင်မယားတွေ၊ စုံတွဲတွေ ၀င်ပြိုင်လို့ရတယ်တဲ့။

ပြိုင်ပွဲကာလအတွင်း စားလို့ရတယ်။ သောက်လို့ရတယ်။ ပေါက်လို့ရတယ်။ ယိုလို့ရတယ်။ ဒါပေမဲ့ ဖက်ထားတာကို မလွှတ်ရဘူးတဲ့။ ကဲ မှတ်ကရော။ ဘယ်လိုလုပ်ကြမလဲ။ ပြီးတော့ မထိုင်ရဘူး၊ မအိပ်ရဘူးတဲ့။ သူကြီးမင်းဆိုရင်တော့ တစ်မိနစ်လောက်နဲ့ ပြိုင်ပွဲက ထွက်ခွါရမှာ သေချာတယ်။ ဘာဖြစ်လို့လဲဆိုတော့ Very sensative ဖြစ်လို့။ ရွံစရာမြင်လို့ကတော့ သူများရွံတာထက် အဆ ၁၀၀ လောက် ပိုရွံတတ်တဲ့ သူကြီးမင်းအဖြစ်က သနားစရာကောင်းလှပါတယ်။ စုံတွဲဆိုတော့ တစ်ယောက်က ယိုရင် တစ်ယောက်က ဘယ်လိုနေရပါ့မလဲ။ ဖက်ထားတာကို မလွှတ်ဘဲ ဘယ်လို ယိုရပါ့မလဲ။ အင်း... စဉ်းစားတာနဲ့တင် ခေါင်းမူးချင်လာပြီ။

သူကြီးမင်းကသာ စဉ်းစားနေတာ ပြိုင်ပွဲဝင်တဲ့ အတွဲက ၁၄ တွဲတိတိကို ရှိတာ။ ကြိုးစားပန်းစားပြိုင်နေကြတယ်။ ပြိုင်ဆို မက်လုံးကလဲ ပေးထားတာကိုး။ ဘာတဲ့။ ပထမဆုရှင်အတွက် ဘတ် ၅၀၀၀၀ (ပေါင် ၁၀၁၆) တန် စိန်လက်စွပ်တစ်ကွင်းနှင့် ငွေသား ဘတ် ၁၀၀၀၀၀ (၂၀၃၂ ပေါင်)တဲ့။ အဲဒီလောက် မက်လုံးပေးထားလို့လဲ ပြိုင်ပွဲဝင်တွေ ရှိကြတာပါဘဲ။

ပထမဆုရှင် စုံတွဲတစ်တွဲပေါ်ပေါက်လာတယ်။ ရိုးရိုးပထမမဟုတ်ဘူး။ ကမ္ဘာ့စံချိန်ကို ချိုးလိုက်တဲ့ ပထမ Kissing ဆုရှင်ပါ။ နာရီပေါင်း ၄၆ နာရီနှင့် ၂၄ မိနစ်တိတိ မနားမနေ Kissing ပေးနိုင်ခဲ့တဲ့အတွက် စံချိန်ချိုးသွားတာပါ။ အရင်ရှိခဲ့တဲ့ စံချိန်က ၃၂ နာရီဘဲ ဖြစ်ပါတယ်တဲ့။ ဂျာမနီက စုံတွဲတစ်တွဲရဲ့ စံချိန်ပါတဲ့။ အခုတော့ ထိုင်းက ကမ္ဘာ့စံချိန်ကို လုံးဝ ချိုးပစ်လိုက်တာပါ။

သူကြီးမင်းလဲ အဲဒီပြိုင်ပွဲကို ကြည့်ပြီး စဉ်းစားနေမိတယ်။ အခုနှစ် ချစ်သူများနေ့မှာ ကြံကြံဖန်ဖန် Kissing ပေးပွဲကို ကျင်းပပေးတယ်။ အကြာဆုံး Kissing ပေးနိုင်တဲ့အတွဲက ပထမဆုရတယ်။ ဒီလောက်နဲ့ ရပ်ထားရင် တော်ပါသေးရဲ့။ တကယ်လို့ လာမဲ့နှစ် ချစ်သူများနေ့မှာများ တစ်ဆင့်တိုးပြီး ဒီပြိုင်ပွဲထက် ပိုပြီး ဒီဂရီမြင့်တဲ့ ပြိုင်ပွဲမျိုးကျင်းပပေးမယ်ဆိုရင်တော့ မျက်စိရှက်စရာကြီးတွေ ဖြစ်ကုန်တော့မှာဘဲ။ အင်း ဒါပေမဲ့ ပြောလို့ရတာ မဟုတ်ဘူး။ အဲဒီ နိုင်ငံက သူတို့လုပ်ချင်တာ လုပ်လိုက်ကြတာ။ ဘာမှ ဂရုစိုက်တာ မဟုတ်ဘူး။ အခုလဲ ကြည့်လေ ပြိုင်ပွဲရဲ့ ရည်ရွယ်ချက်က အချစ်ရဲ့ အဓိပ္ပါယ်၊ အချစ်ရဲ့အင်အားကို ပြသချင်လို့ပါတဲ့။

စိတ်ပါဝင်စားရင်တော့ ကြိုတင်စာရင်းပေးထားကြပေါ့။ သူကြီးမင်းကတော့ "ရောမဏိ သိက္ခာပဒံ၊ အထူး ရှောင်ကြဉ်ပါ၏ ဘုရား" ပါဘဲ။ ဟဲ ဟဲ။ မလုပ်နိုင်မှာချင်းအတူတူ ဒီလိုကြိုပြောထားလိုက်တာ ပိုကောင်းတယ်။ ဒါပေမဲ့ စိတ်တော့ အ၀င်စားသား။

သူကြီးမင်းလဲ အဲဒီပြိုင်ပွဲကို စိတ်သာဝင်စားတာ။ သူကြီးမင်းတို့ တုံးဖလားရွာမှာ ကျင်းပပေးလို့ မဖြစ်ဖူးနဲ့တူပါတယ်။ တော်ကြာ တုတ်ပျံ ခဲပျံတွေ သူကြီးမင်း အိမ်ခေါင်မိုးပေါ်ဝဲလာမှ ဒုက္ခ။ ကိုယ်က စေတနာ ဗလပွနဲ့ ကျင်းပပေးပေမဲ့ တစ်ချို့လူတွေက အကောင်းမမြင်တတ်ကြဘူးလေ။းဝ)

.

15 comments:

အဖြူရောင်နတ်သမီး said...

သူကြီးမင်းနော်...
အခုမှ ဝဲရောဂါကင်းကာစရှိသေးတယ်..
ဘာတွေစိတ်ကူးနေတတုန်း..
:P

MDW said...

သဂျီးက ရွံလို့ မပြိုင်ချင်တာ မဖြစ်နိုင်ပါဘူး ပြိုင်ပွဲတူတူဝင်ရမယ့်သူ မရှိလို့များ ... လူကြားကောင်းအောင် ပြောနေသေးတယ် :P

khun said...

သူကဘဲ စိတ်ပူရတယ် ရှိသေး။
သူနဲ့တူတူပြိုင်မယ့်သူလည်း ရှိဘဲနဲ့
အဟက်... :)
ပြိုင်ပွဲဝင်ဖို့ ၁၀ နှစ်...၁၀နှစ်... :D
(ကျော်ဟိန်းလေသံဖြင့် ပြောကြည့်ပါ)

အဟဲ...နောက်တာ စိတ်မဆိုးနဲ့။တော်ကြာ စိတ်ဆိုးပြီး မခေါ်တော့ဘူးဆို ခွန့်ကိုမေးလ်ပို့ပြီး အကြောင်းကြားပေးမယ့် ရှိတော့မှာ မဟုတ်ဘူး။

ကောင်းမွန်ဝင်း said...

ကော်မန့်တွေကြည့်ရတာနဲ့တင် သဂျီးမင်းအပေါ်ထားတဲ့ အချစ်ရဲ့ အဓိပ္ပါယ်၊အချစ်ရဲ့အင်အားတွေမြင်နေရပြီ။

သဂျီးကပြိုင်ပွဲကျင်းပပေးချင်တယ်ဆိုလည်း ကျင်းပပေးပါ။

ပြိုင်ပွဲဝင်တော့မဟုတ်ဘူး။ လေ့လာသူအဖြစ်လာချင်ပါတယ်။

နေ၀သန် said...

မမေဓါဝီရဲ့ ကွန်မန့်လေးကို သဘောကျလိုက်တာ.. အဟီးဟိး.. ဒါနဲ့ သွားချည်းမင်းက လူပြိုကြီးလား... ဟီးဟီး... :P... (ခင်မင်လို့ နောက်သွားသည်..)

ခင်မင်လျက်
နေ၀သန်

နေ၀သန် said...

မမေဓါဝီရဲ့ ကွန်မန့်လေးကို သဘောကျလိုက်တာ.. အဟီးဟိး.. ဒါနဲ့ သွားချည်းမင်းက လူပြိုကြီးလား... ဟီးဟီး... :P... (ခင်မင်လို့ နောက်သွားသည်..)

ခင်မင်လျက်
နေ၀သန်

မိုးယံ said...

အော် သူကြီးသူဂျီး တူညားတွေကို ဘာဖြစ်သလေးညာဖြစ်သလေးနဲ့ သူ့မှာ ရွံ့ချင်လို့တောင် ရွံရမယ့်လူ လဲ နချိပဲရဲ့များ။

ဒါနဲ့ ထိုင်လဲမထိုင် အိပ်လဲ မအိပ်ပဲနဲ့ နှစ်ရက်နီးပါး နမ်းတယ်ဆိုတာ သေချာသွားကြည့်တော့မှ လားလား... လူတွေပါလားဗျ..

ကိုဇော် said...

ကျင်းပရင် တုတ်ပျံတွေ ခဲပျံတွေ ကျမှာ မဟုတ်ဘူး။ မကျင်းပမှသာ ကျမှာ ဒီလောက် ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်ပြီး ကမ္ဘာက ရွာဖြစ်နေတဲ့ ခေတ်ကြီးမှာ မလုပ်ရကောင်းလားလို့။ သူများတွေလို လုပ်စရာ မရှိသူတွေကျတော့လည်း ရွံတယ် လို့ ပြောရှာပေမပေါ့လေ ဟဲဟဲ။

ချော(အစိမ်းရောင်လွင်ပြင်) said...

သူဂျီးရဲ့ တုံဖလားရွာမှာ ဒီပြိုင်ပွဲသာကျင်းပလိုက်လို့ကတော့ ရွာမှာ ပွဲကြည့်ပရိတ်သတ်မရှိတော့ဘဲ အားလုံးက ပြိုင်ချင်တယ် ဆိုတာချည်းဖြစ်ကုန်ကြမယ် ထင်ပါရဲ့။
ကြည့်လဲလုပ်နော်သူဂျီး။ ဆွမ်းကပ်မဲ့သူမရှိလို့ ရွာဦးကျောင်းဆရာတော်တွေ ဆွမ်းငတ်မဲ့ကိန်းမြင်တယ်..း)

ညိမ်းနိုင် said...

ဟွန်း...တဂျီး.....၊စောစောကမပြောဘူး...။ဒီနေ့မှ ပြန်
ရောက်တာရယ်....သိလိုက်ဘူးဗျာ....သိရင်သွားကြည့်ပါ
တယ်...:)

ယင်မ မနမ်းဖူးတဲ့ကျောက် said...

သူက အီအီးပါနေတုန်း ကိုယ်က နမ်းနေရမဲ့ကိစ္စကတော့ စဉ်းစားကြည့်တော့ မလွယ်ပါလား သဂျီးရယ်...

ဂျစ်တူး(မုံရွာ) said...

ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
သူကြီးတို့ကတော့လုပ်ချလိုက်ပြန်ပါပြီ--
သူကြီးကပပြိုင်ပွဲဝင်ချင်ပုံရတယ်--ဟုတ်လား

မြစ်ကျိုးအင်း said...

သူများထက်ထူးချင်တဲ့ နိင်ငံတွေဆိုတော့ အဲဒီလိုပြိုင်ပွဲတွေပဲ သူတို့က အမြဲစဉ်းစားနေမှာ

Anonymous said...

သူကြီးမင်းလည်း ကစ်စ်ပေးချင်နေတယ်နဲ့တူတယ်..။;P
ဲုမြတ်မွန်

flowerpoem said...

သူကြီးသူကိုယ်တိုင် ပြိုင်ပွဲဝင်ချင်ပုံပဲ :P