စက္ကန့်ပိုင်းအတွင်း
ကမ္ဘာအနှံ့
ခြေဆန့်နေတဲ့
ဒီစိတ်။
မျက်စိတစ်မှိတ်အတွင်း
ကုဋေချီပြီး
ဖြစ်ပျက်နေတဲ့
ဒီစိတ်။
လျပ်တစ်ပြက်အတွင်း
ကောင်းခြင်းမကောင်းခြင်းကို
စုဆောင်းတတ်တဲ့
ဒီစိတ်။
လက်ဖျစ်တစ်သွက်အတွင်း
ပလီပလာနဲ့
လိုချင်တာများလှတဲ့
ဒီစိတ်။
ဒီနေ့မှာတော့
အဲဒီစိတ်ကို
အာရုံတစ်ခုထဲပေါ်
တစ်နေ့လုံး တင်ထားလိုက်တယ်။
ချစ်သူ..
မပူပန်လေနဲ့
အဲဒီအာရုံဟာ
မင်းလေး ကိုယ်တိုင်ပါဘဲ။ ။
ကမ္ဘာအနှံ့
ခြေဆန့်နေတဲ့
ဒီစိတ်။
မျက်စိတစ်မှိတ်အတွင်း
ကုဋေချီပြီး
ဖြစ်ပျက်နေတဲ့
ဒီစိတ်။
လျပ်တစ်ပြက်အတွင်း
ကောင်းခြင်းမကောင်းခြင်းကို
စုဆောင်းတတ်တဲ့
ဒီစိတ်။
လက်ဖျစ်တစ်သွက်အတွင်း
ပလီပလာနဲ့
လိုချင်တာများလှတဲ့
ဒီစိတ်။
ဒီနေ့မှာတော့
အဲဒီစိတ်ကို
အာရုံတစ်ခုထဲပေါ်
တစ်နေ့လုံး တင်ထားလိုက်တယ်။
ချစ်သူ..
မပူပန်လေနဲ့
အဲဒီအာရုံဟာ
မင်းလေး ကိုယ်တိုင်ပါဘဲ။ ။
....
8 comments:
စိတ်ကူးတိုင်းလည်း သူပါပဲ ပေါ့။
ကောင်မလေးကတော့ ကြွေမှာ သေချာနေပြီနော် :)
ချစ်သူများနေ့မှာ ပျော်ရွှင်ပါစေဗျာ
အယ် လူကြီး ပြောတော့ ဖေဖော်ဝါရီ ၁၄ က ဘာမှန်းမသိဘူး ဆို ဟဟဟ
ခင်တဲ့ညီမငယ်
ဝက်ဝံလေး
စိတ်တွေ အတော်ရောက်ရက်ခက်နေပုံပဲ...
ဆေးလေးမှန်မှန်သောက်လေ ငါ့အစ်ကို :P
ဟဲ...နောက်တာနော်။
ချောကလက်လေးတောင် နဲနဲ မျှမကျွေးဘူး :(
စိတ်တွေအမြန်ငြိမ်းချမ်းပါစေ
ခွန်သဒ္ဒါ
ရုတ်တရက် ထချစ်ကြည့်တဲ့ကဗျာလေးကလဲ
အချစ်တွေအပြည့်နဲ့မို့ ဖတ်လို့ကောင်းပါတယ်..
လာအားပေးသွားပါတယ်ရှင်
ချစ်သူများနေ့မှာ ပျော်ရွှင်ပါစေ ကိုကိုမောင်ရေ။
ကဗျာလေးကောင်းလှပါတယ်။
ဒီစိတ်နဲ့ တစ်နေကုန် အလုပ်ရှုပ်နေတာတော့ ကျုပ်ပဲဗျို့။
Happy Valentine ပါ သယ်ရင်း
ချစ်သူနဲ့ ထာဝရ ပျော်ရွှင်ပါစေ.
Post a Comment