Thursday 11 February 2010

ကြိုးစားပါ


ရေရှိရင် ကမ်းရှိရမယ်ဆိုပြီး
သမုဒ္ဒရာထဲ လက်ပစ်ကူးခဲ့တဲ့
မဟာဇနကမင်းသား။

သေခြင်းရှိရင် မသေခြင်း ရှိရမယ်ဆိုပြီး
မိဂဒါဝုန်ထဲ မသေခြင်းကို အရှာထွက်ခဲ့တဲ့
သိဒ္ဓတ္ထမင်းသား။

ချုပ်နှောင်မှုရှိရင် လွတ်လပ်မှုရှိရမယ်ဆိုပြီး
ဆင်းရဲဒုက္ခမျိုးစုံခံကာ လွတ်လပ်မှုအတွက် ကြိုးပမ်းခဲ့တဲ့
ဗိုလ်ချုပ်အောင်ဆန်း။

သူတို့ အရမ်းပင်ပန်းခဲ့ကြတယ်။

မင့်မှာ....
လက်ရှိတယ်
တက်ရှိတယ်
လှေရှိတယ်
ဒီတော့
ဘာလိုသေးလဲ။

ပန်းတိုင်အရောက်
ဖြေးဖြေးမှန်မှန် လှော်ခတ်စမ်းပါလေ။

...

6 comments:

ကြယ်ပြာ said...

ကဗျာလေးကောင်းတယ် ...

Flower said...

ကဗျာလေးက ကောင်းတယ် မောင်လေး
ထိထိမိမိလေးရှိတယ်..
ကဗျာဖတ်ပြီး ကြိုးစားချင်စိတ်တွေ တကယ်ပေါ်လာတယ်..
တက်ကျိုးရင်တောင် လက်နဲ့လှော်လို့ရပါသေးတယ်..
အားငယ်စရာ မရှိပါဘူးနော်..

မိုးစက်အိမ် said...

တစ်နေ့ တော့ပန်းတိုင်ကိုရောက်လာမှာပါ အစ်ကိုရာ
တောင်းတိုင်းသာပြည့်ရမယ်စေဆိုရင် တောင်းဆုလေး
တွေအမြန်ဆုံးပြည့်ဝပါစေဗျာ . . .
တက်ကျိုးရုံမက လက်ပါကျိုးသွားရင်တောင်
ခြေထောက်နဲ့ ဆက်လက်ပြီး ဘ၀ ကိုလှော်ခတ်ကြတာပေါ့

မြစ်ကျိုးအင်း said...

ကောင်းသော သာယာသော ခေတ်ကို ရောက်ဖို့ ကြိုးစားကြရပါအုံးမယ်။ စိတ်ဓါတ်တွေ ခိုင်မာ နေဖို့ အဓိကပဲ မဟုတ်လား။

Myanmar Good Knowledg Co., Ltd said...

ကျောင်းတက်၊ စာကျက်နဲ့ ကြိုးစားထားသမျှ တနေ့ကျ သိရမှာပါ။ ဒီကဗျာလေး က အားရှိစေတယ်နော်။ ကျွန်မမှာ ကလေးကတဘက်၊ ရုံးတက်၊ အိမ်မှာလည်းချက်၊ တနေ့တနေ့ဖတ်ဖတ်ကို မော ၊ ရင်ဘတ်နောက်ကကျော။

ဇွန်မ said...

ကဗျာလေးက ထိရောက်တယ် အားဆေးတစ်ခွက်ပဲနော်