Thursday 1 November 2012

ပုလဲရတု တောင်းဆုပြု

နှစ်သုံးဆယ်မှာ မင်္ဂလာ
အန်တီတင့်နှင့် ခင်ပွန်းပါ။

လျှောက်လှမ်းခဲ့ရာ ထိုနှစ်သစ်
ပုလဲရတု အချစ်စစ်။

လက်ထပ်နှစ်မှာ ချစ်ထပ်ပျိုး
နှစ်ပေါင်းများစွာ အချစ်တိုး။

.
 ****
ဝန်ခံချက်။
 ဆရာဟန်ကြည်တို့လို ပြီးတော့ ကြောင်စမင်းတို့လို ဘ၀အတွေ့အကြုံ မပြည့်စုံရှာတဲ့ သူကြီးမင်းတစ်ယောက်ခမျာ သူတို့လို ပြည့်ပြည့်စုံစုံ ဆုတောင်းမပေးနိုင်ရှာဘဲ ကလေးဘ၀တုန်းက ကျောင်းဖတ်စာအုပ်ထဲမှာ ဖတ်ခဲ့ဖူးတဲ့ "ရက်သုံးဆယ်မှာ စက်တင်ဘာ" ဆိုတဲ့ ကဗျာအလိုက်ကလေးနဲ့ဘဲ တီတင့်ရဲ့ မင်္ဂလာပုလဲရတုကို ဂုဏ်ပြုလိုက်ရရှာပါပကောလား။း))

တီတင့်ရေ.. ကဗျာလေးထဲက အတိုင်းပါဘဲ။ နှစ်ပေါင်းသုံးဆယ် ပုလဲရတုတိုင်အောင် အချင်းချင်း ချစ်ခြင်း နားလည်ခြင်း ယုံကြည်ခြင်း သည်းခံခြင်း စာနာခွင့်လွှတ်ခြင်းစတဲ့ လူတော်လူကောင်းတွေရဲ့ စိတ်ဓါတ်တွေနဲ့ အတူတူ လျှောက်လှမ်းခဲ့ကြတဲ့ တီတင့်တို့ ဇနီးမောင်နှံနှစ်ယောက် အတိတ်မှာ ကျင့်သုံးခဲ့တဲ့ အချင်းချင်း ချစ်ခြင်း နားလည်ခြင်း ယုံကြည်ခြင်း သည်းခံခြင်း စာနာခွင့်လွှတ်ခြင်း စတဲ့ စံတုမမှီအချစ်တို့ထက် ပိုမိုသာလွန်နဲ့ အချစ်စစ်စစ်တို့နဲ့ ရာသက်ပန်တိုင် ထာဝရပျော်ရွှင် ရပ်တည်နိုင်ပါစေ။ ကျန်းမာချမ်းသာပြီး လူမှုရေး သာသနာရေးတို့ကို နိုင်သလောက် ဆောင်ရွက်နိုင်ပါစေလို့ တီတင့်ရဲ့ ပုလဲရတုမင်္ဂလာနေ့မှာ သူကြီးမင်း ဆုတောင်းပေးလိုက်ပါတယ်။ ။

.

9 comments:

အဖြူရောင်နတ်သမီး said...

Congratulation!!!!!!!!!!တီတင့်....

မဒမ်ကိုး said...

နှစ်သုံးဆယ်မှသည် သက်ထက်ဆုံးရွှေလက်တွဲလို့ မိသားစုပျော်ရွှင်ချမ်းမြေ့ကြပါစေ..

သူကြီးအားလာရောက်နှောက်ယှက်ရင်း တီတင့်အတွက်ဆုတောင်းပေးခဲ့ပါသည်း))


ချစ်ခင်လျှက်

ဒိုးကန်

တောက်ပကြယ်စင် said...

ကဗျာဖတ်ရင်းနဲ့ "ရက်သုံးဆယ်မှာ..."အစရှိတဲ့ကဗျာလေးကို သတိရမိသား။ တဂျီးမင်းက ကဗျာကို ပုံစံမျိုးစုံနဲ့ စပ်တတ်တယ်နော်။
ခင်မင်လျက် (အဲဗားနော်)

စံပယ်ချို said...

တော်ပါသေးရဲ့ မပြည့်မစုံဆုတောင်းလေးမို့ပါပဲရှင်
( နှစ်သုံးဆယ်မှာ မင်္ဂလာ
အန်တီတင့်နှင့် ခင်ပွန်းပါ။
လျှောက်လှမ်းခဲ့ရာ ထိုနှစ်သစ်
ပုလဲရတု အချစ်စစ်။
လက်ထပ်နှစ်မှာ ချစ်ထပ်ပျိုး
နှစ်ပေါင်းများစွာ အချစ်တိုး)
ဆိုလို့ကောင်းတဲ့ကဗျာလေးနော်
သဂျီးမင်းတော်တယ် သီတင်းလဲကျွတ်ပြီ
ဘာမှလဲမဆိုင်ဘူးနော်-----
ခင်မင်တဲ့ jasmine

Anonymous said...

သူကြီးကမှဆုတောင်းဖြစ်သေး
မောင်ဘကြိုင်က ကနေ့မှသိတား)
တီတင့်တို့ဇနီးမောင်နှံ ပျော်ရွှင်ချမ်းမြေ့ပါစေဗျာာာ

ဆက်သွယ်မှုဧရိယာပြင်ပမှ
မောင်ဘကြိုင်

လွင်ပြင်လှိုင်းငယ် said...

တီလေးတို့ ကျန်းမာပျော်ရွှင် လိုအင်ဆန္ဒတွေပြည့်ဝပါစေဗျာ ။
သူဂျီးမင်း သီတင်းတွေကလဲ ခဏခဏကျွတ်တယ်နော်
ဟိ ဘာမှမဆိုင်ဘူးလို့တော့ မတွေးပါနဲ့

နွေတေးရှင် (မင်းဧရာ) said...

အမလေး သူကြီးမင်းရယ်......
သူဂများတွေလို
အတွေ့အကြုံရှိအောင် လုပ်ထားပါလားး)။

ပုလဲရတုမှသည် နောင်ရတုပေါင်းများစွားတိုင်အောင် စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့် ဘ၀ လမ်းခရီးအား လျှောက်လှမ်းနိုင်ကြပါစေဗျာ။

mstint said...

အော်... တီတင့်နဲ့ အိမ်ဦးသခင်တို့ရဲ့ အနှစ်(၃၀) နှစ်ပတ်လည်နေ့လေးအတွက် သူကြီးမင်း အတော်လေး အားထည့်ထားတာပါလား။ ဖတ်ရတာ ကြည်နူးဝမ်းသာမိသလို တောင်းဆုလေးအတိုင်း ပြီးပြည့်စုံပါစေ ထို့အတူ သူကြီးမင်းလည်း တူညီသောအကျိုး ခံစားစံစားနိုင်ပါစေနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ကိုကိုးအိမ်(မန္တလေး) said...

မည်သို့ပင်ဆိုစေ ရေးသူရဲ့ စေတနာနဲ့ နွေးထွေးမှုတွေကိုမြင်နိုင်ပါတယ် သူကြီး.....
နှစ်လုံးပြူးကြောက်လို့ ဖားခြင်းမဟုတ်ချေ... :D
အနှစ်သုံးဆယ်ဆိုတော့ နိုင်းဟောက်စ် တောင် နတ်သက်မကြွေခင် ၈နှစ်လောက်ကပဲ.... :)

ခင်မင်စွာဖြင့်
နိုင်းဟောက်စ် (မန်းမြေ)