Sunday 8 April 2012

ဒုတိယပျိုးခင်း ၂

မရမ်းချောင်း အလှူမှတ်တမ်း ဓါတ်ပုံများနှင့် ဗီဒီယို ဖိုင်ကို အလှူရှင်များနှင့် မုဒိတာပိုင်ရှင်များ မုဒိတာဖြစ်စေဖို့ မုဒိတာဘလော့ဂ်မှ တစ်ဆင့် ကူးယူဖော်ပြပေးလိုက်ပါတယ်။

.


ဆက်ပါအုံးမယ်ခင်ဗျား။နှင်းဆီရင်ခွင်အဖွဲ့သားတွေ ပြောသလို ပြောရရင်တော့ မြန်မာပြည်က အလှုဓါတ်ပုံများ ကျွန်တော်တို့ဆီရောက်အောင် ပို့နိုင်ဖို့ “မီးးးးစက် လိုပါတယ်ခင်ဗျား”။တစ်ခုကောင်းရင် တစ်ခု ဆုတ်ယုတ်တဲ့ ဓမ္မတာအရ မီးလည်း လာရော လှည်းတန်းက ဂုံးကျော်တံတားတည်ဆောက် ရာမှာ ဒီနေ့ပဲ မြေတွေတူးတယ်လို့ သိရပြီး အင်တာနက်လိုင်း ထပ်မံပြတ်တောက်ပါတယ်။အကယ်၍ ကျွန်တော်မနက်ဖန်မှာ အလှုစာရင်းရှင်းတမ်း မတင်ပေးနိုင်သေးရင် သည်းခံပြီး ခဏစောင့်ပေးကြပါအုံးလို့ အလှုရှင်များအား မေတ္တာရပ်ပါတယ်။
မရမ်းချောင်း ဧည့်သည်မှတ်တမ်း

 မုဒိတာအလှုရှင်အားလုံးရဲ့ကိုယ်စား white board မှာ အမည်ရေးထိုးပါတယ်။
အလှုပစ္စည်းများနဲ့ အလှုခံအဖိုးအဖွားများ
ဝှီးချဲလ်ဆယ်စီးပါ..။
ခြေထောက်လေးများရဲ့ အလှုရှင်များ ဖြစ်ပါတယ်ခင်ဗျား..။
၁။ကိုငြိမ်းချမ်း (ဂျပန်နိုင်ငံ)၊ ၂။အရှင်ဇနက @ အင်္ဂါမောင် (ဗြိတိန်)
၃။မနိုင်းနိုင်းစနေ (အမေရိကန်နိုင်ငံ)၊ ၄။မချစ်စံအိမ် (မြန်မာနိုင်ငံ)
၅။ ဦးချစ်ထွန်း + ဒေါ်အိနန်း (သမီး) မစန်းစန်းခိုင် (စင်ကာပူ)၊၆။ဦးကိုကိုနိုင်+ဒေါ်မြင့်သဲစုစံ(သား)မောင်ဇွဲလုလင်နိုင် (စင်ကာပူ)
၇။မဟေမာမြတ်ခိုင်၊ မနန္ဒာထွန်း (ဗြိတိန်)၊ ၈။မမီမီသန်းဌေး (ဂျပန်)
၉။ZYL & KPS (စင်ကာပူ)၊ ၁၀။နိုင်ချစ်စိန် + မိအုံးရီ (သမီး) မိမြစန္ဒာ (စင်ကာပူ)
ဝှီးချဲလ်အလှုရှင် ကိုငြိမ်းချမ်း (ဂျပန်နိုင်ငံ) နှင့် အရှင်ဇနက @ အင်္ဂါမောင် (ဗြိတိန်)တို့ ကိုယ်စား ကျော်စွာစိုးမြတ်မှ လှုဒါန်းပေးပါတယ်။
ဝှီးချဲလ်အလှုရှင် ဦးချစ်ထွန်း + ဒေါ်အိနန်း (သမီး) မစန်းစန်းခိုင် (စင်ကာပူ)နှင့် ဦးကိုကိုနိုင်+ဒေါ်မြင့်သဲစုစံ (သား)မောင်ဇွဲလုလင်နိုင် (စင်ကာပူ)တို့ ကိုယ်စား ကိုကြည်လှိုင်ဝင်းမှ ပေးလှုခဲ့ပါတယ်။
ဝှီးချဲလ် အလှုရှင် မနိုင်းနိုင်းစနေ (အမေရိကန်နိုင်ငံ) နှင့် မချစ်စံအိမ် (မြန်မာနိုင်ငံ)တို့ကိုယ်စား သမီးစံမှ ပေးလှုခဲ့ပါတယ်။
ဝှီးချဲလ်အလှုရှင် ZYL & KPS (စင်ကာပူ) နှင့် နိုင်ချစ်စိန် + မိအုံးရီ (သမီး) မိမြစန္ဒာ (စင်ကာပူ)တို့ကိုယ်စား MMYG မှ ညီမငယ်တစ်ဦးမှ ပေးလှုခဲ့ ပါတယ်။
ဝှီးချဲလ်အလှုရှင် မဟေမာမြတ်ခိုင်၊ မနန္ဒာထွန်း (ဗြိတိန်) နှင့် မမီမီသန်းဌေး (ဂျပန်)တို့ကိုယ်စား ဖိုးတာမှ လှုဒါန်းပေးခဲ့ပါတယ်။
မရမ်းချောင်းဂေဟာ မီးရရှိရေးအတွက် အလှုရှင်များအားလုံးကိုယ်စား MMYG လူငယ်များနှင့် FEEL Restaurant Group တာဝန်ရှိသူများမှ မတည်ငွေ ကျပ်၁၀သိန်းအား ဂေဟာမှုးကို ပေးလှုပါတယ်။
မရမ်းချောင်းဂေဟာရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပဒေသာပင်ထဲသို့ အလှုရှင်များအားလုံး ကိုယ်စား MMYG လူငယ်များနှင့် FEEL Restaurant Groupမှ တာဝန်ရှိသူများက ကျပ် (၁၁)သိန်းအား ဂေဟာမှုးသို့ ထပ်မံလှုဒါန်းပါတယ်။
ဂေဟာမှုးမှ  ဂုဏ်ပြုမှတ်တမ်းလွှာကို အလှုရှင်များကိုယ်စား MMYG သို့  ပြန်လည်ပေးအပ်ပါတယ်။
မရမ်းချောင်းဂေဟာ မီးရရှိရေးအတွက် မတည်ငွေ ကျပ်ဆယ်သိန်း လှုဒါန်းနိုင်ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု ပဒေသာပင်ထဲသို့ ကျပ် ဆယ့်တစ်သိန်း နှစ်ခုပေါင်း ငွေသား ကျပ် နှစ်ဆယ့်တစ်သိန်းတိတိ လှုဒါန်းနိုင်ခဲ့ပါတယ်ခင်ဗျား။အစောပိုင်းက သူတို့ဈေးဝယ်ရင် ဆိုင်ကယ်ရီခ မတန်တဆ ပေးရတယ်ဆိုတာကြောင့် ၀ယ်လှုဖို့ စီစဉ်ခဲ့သော်လည်း ဂေဟာမှာ ရှိပြီးသား ဖြစ်နေပြီ ဖြစ်တာကြောင့် အလှုငွေချည်းပဲ လှုဒါန်းပေးခဲ့ဖြင်း ဖြစ်ပါတယ်။
အလှုရှင်များခင်ဗျား..မရမ်းချောင်းဂေဟာက ယနေ့အချိန်ထိ မီးမရရှိသေးပါဘူး။ဒါပေမဲ့ ယနေ့မှာ မရမ်းချောင်းဂေဟာအနီးထိ လမ်းမီးများ ရရှိနေပြီး မိမိတို့ အစီအစဉ်နဲ့ မီးရယူမယ်ဆိုရင် ရယူနိုင်နေပါပြီ။အဲ့ဒီအတွက် စုစုပေါင်း ကုန်ကျစရိတ် ၂၅ သိန်းဝန်းကျင်ခန့် ကုန်ကျနိုင်ပါသည်။အကယ်၍ လှုဒါန်းလိုသူများ ရှိပါက မိမိတို့ရဲ့ အစီအစဉ်နဲ့ မရမ်းချောင်းဂေဟာ မီးရရှိရေးအတွက် သွားရောက်လှုဒါန်းနိုင် ပါသည်ခင်ဗျား...။
ဂေဟာမှ အလှုခံပုဂ္ဂိုလ် အဖိုး၊အဖွားများရဲ့ ဆုပေးကြပုံနဲ့ ဂေဟာရဲ့ လည်ပတ်စောင့်ရှောက်ပုံ၊အလှုအကြောင်းကိုသူတို့ရဲ့ ဆန္ဒအရ ကိုကျော်စွာစိုးမြတ်မှ ရှင်းလင်းပြခဲ့တာတွေကို အောက်က မူဗီဖိုင်ထဲမှာ ကြည့်ရှုနိုင်ပါတယ်ခင်ဗျား..
“မီးလေးများရရင် ကျုပ်တို့က ပန်ကာလေးနဲ့ အေးအေးလေးနေရတော့ တော်ယုံနဲ့ မသေနိုင်တော့ဘူးပေါ့ဗျာ..။ခင်ဗျားတို့ လှုဒါန်းတာလေးတွေကို စားပြီး တရားဘာဝနာကို အေးအေးဆေးဆေး အားထုတ်ချင်သေးတယ်”ဆိုတဲ့ အဖိုးတစ်ယောက်ရဲ့ စကား “နိုင်ငံတော် အစိုးရက ဂေဟာမှ လူတစ်ယောက်အတွက် တစ်နေ့ကို ကျပ် ၅၀ ထောက်ပံ့ပေးပါတယ်” ဆိုတဲ့ ဂေဟာမှုးရဲ့ ပြောစကားတွေက အလှုရှင်တွေရဲ့ရင်ဘတ်ကို တိုက်ရိုက်ထိစေပါလိမ့်မယ်..ကြည့်လိုက်ပါအုံးဗျာ..။

မှတ်တမ်း ဗီဒီယို ဖိုင်ကို ဒီနေရာမှာ သွားကြည့်နိုင်ကြပါတယ်။ ။


မနက်ဖန်ကျရင်လည်း မီးစက်နှိုးပြီးပို့အုံးမှာ ဖြစ်လို့ ထပ်ပြီးဆက်ပါအုံးမယ်ခင်ဗျား..>>>>
လေးစားစွာဖြင့်
MMYGလူငယ်များ အားလုံးကိုယ်စား
ကိုရင်
18:02 (GMT) 

.

4 comments:

ဟန်ကြည် said...

အရင် သာဓု သုံးခါခေါ်လိုက်ပါသဗျား...မီးစက်အကြောင်း ကြားရတော့လည်း စိတ်ထဲက သိပ်တော့ မကောင်းဘူးပေါ့လေ...ဒီအချိန်မှာတော့ တစ်နေ့နေ့မှာ ထိထိရောက်ရောက် လုပ်ဖို့ စိတ်ထဲမှာ တေးထားရုံပဲ တတ်နိုင်သေးတာပ...

သာဓုခေါ်ပြီးတော့ မေတ္တာပို့ဦးမှ...
ကိုယ်တိုင်ရေးလေး ဘာလေးများလည်း လုပ်စမ်းပါဦးသူကြီးရယ်...ဘလော့ရွာကြီး စိုစိုပြည်ပြည် ဖြစ်သွားအောင်လို့...ဒီမှာ ကလေးတွေနဲ့ချည်း နည်းနည်းနဲ့ ကြဲကြဲဝိုင်းနေရတယ်...အလုပ်များတာလည်း များတာပေါ့...သူကြီးက အဖြစ်သားနဲ့ အပျင်းကြီးနေပုံရတယ်...း)

ဒီတစ်ပတ်အတွင်း ကိုယ်တိုင်ရေး တင်ပါဗျို့...တစ်ပတ်ကနေ တစ်ရက်နောက်ကျတိုင်း သူကြီးမင်း အိမ်ထောင်ကျဖို့ တစ်နှစ်ပိုစောင့်ရပါစေလို့ မေတ္တာပို့ခဲ့တယ် ဟဲ ဟဲ ... ရေးဖြစ်အောင်ရေးပေတော့း)

နွေးတေးရှင်(မင်းဧရာ) said...

သာဓု သာဓု သာဓု။

သူကြီးမင်းရေ.......
ပြုပြုသမျှ ကုသိုလ်ကောင့်းမှု့အစုစုအတွက် ကြည်နူးနေလျှက်ပါဗျာ။

သူကြီးမင်း (တုံးဖလား) said...

ဆရာဟန်ကြည်ရေ...
ဆရာပို့သတဲ့ မေတ္တာတွေကို လန့်လွန်းလို့ လတ်လတ်လောလော ပို့စ်တစ်ပုဒ် တင်လိုက်ပြီးပြီနော်။

ပျင်းလွန်းလို့ခွေနေတာကို တုတ်နဲ့ လာလာထိုးနေတယ်။း)

ဘာနေ ... said...

သာဓု သာဓု သာဓု ပါဗျာ ..