Sunday 4 April 2010

တော်တော်ဆိုးတဲ့ ကိုကိုမောင်

ဟား ဟား ဟား။ တကယ်ရောက်လာကြတာကိုး။ သူကြီးကိုကိုမောင်ရွှီးလိုက်လို့ လာကြည့်ကြတာထင်တယ်။
သူ့ရဲ့ ကျနော်အမြင်ကပ်ဆုံးဘလော့ဂါတစ်ယောက်အကြောင်းဆိုတဲ့ နေရာကနေ တကူးတကကူးလာခဲ့ကြတာမဟုတ်လား။ ကြိုဆိုပါတယ်ဗျာ။ သူက အဲဒီလိုပါဘဲ။ ချော့ပေါင်းနေရတာ။ အမှန်က သူကမှ တကယ့်ဆိုက်ကိုဗျ။ ဟဲ ဟဲ။ ခင်များတို့သိပါတယ်။ ကျနော်ကတော့ အပိုတွေ ပြောမနေတော့ပါဘူး။ သူ့ကိုယ်သူ တုံးဖလားရွာသူကြီးတဲ့။ စာဖတ်တဲ့သူမျက်စိထဲမှာတော့ ဘယ်လို မြင်ယောင်နေမလဲ မသိဘူး။ သူ့ပုံစံကိုပြောပါတယ်။ အမှန်ဆို တုံးဖလားရွာက အိမ်ခြေ သုံးဆယ်ထဲရှိတာဗျ။ ဈေးဆိုင်မရှိ၊ ဆေးပေးခန်းမရှိ၊ စာသင်ကျောင်းမရှိ၊ စာကြည့်တိုက်မရှိနဲ့။ တကယ့်ကို တောကျတဲ့ရွာကလေးဗျ။ ကျနော်က သူ့ရွာကို ရောက်ဖူးလို့ သိနေတာ။

တုံးဖလားရွာက အိမ်တွေကို ကြည့်လိုက်ဦးမလား။ ခနော်ခနဲ့ ဆောက်လုပ်ထားတဲ့ ခြေတံရှည်အိမ်လေးတွေ။ ခြေတံရှည်ဆောက်ထားတာ အကြောင်းရှိတယ်ဗျ။ ညအခါမှာ ကျွဲနွားတွေကို အိမ်အောက်တိုင်မှာ ချည်ထားရအောင်လို့တဲ့။ စဉ်းစားကြည့်ကြပေါ့ဗျာ။ အိမ်အောက်မှာ ကျွဲနွားတွေ ထားပြီဆိုမှတော့ ဖြုတ်တွေ ခြင်တွေ မက်တွေ ပေါမှပေါဘဲ။ ကျွဲနွားတွေကို ကိုက်လိုက်၊ လူတွေရဲ့သွေးကို စုပ်လိုက်ပေါ့။ ကျန်းမာရေးပညာပေးလဲ ရှိပုံမပေါ်ပါဘူး။ အရေးထဲ ညဘက်အိပ်မောကျနေတဲ့အခါမျိုးမှာ ကျွဲနွားတွေကြောင့် ခဏခဏ လန့်လန့်နိုးကြရတယ်။ ဘာဖြစ်လို့လဲဆိုတော့။ ကျွဲနွားတွေကို မက်တွေကိုက်ပြီး မခံရပ်နိုင်လို့ သူတို့ကိုယ်နဲ့ အိမ်တိုင်နဲ့ ပွတ်သပ်ပြီး အယားဖျောက်လို့။ တဒုံးဒုံး တဒိုင်းဒိုင်းပါဘဲ။ ကျွဲကိုယ် နွားကိုယ်တွေနဲ့ အိမ်တိုင်ကို ပွတ်တဲ့အသံတွေလေ။ ဒီကြားထဲ ကျွဲနွားအပါအ၀င် လူတွေပါ မက် ခြင် ယင် အန္တရာယ်က ကင်းလွတ်အောင်ဆိုပြီး နေလှန်းခြောက်ထားတဲ့ နနွင်းခြောက်တွေကို အိမ်အောက်မှာ မီးရှို့ ထားလေရဲ့။ မီးခိုးတွေကတော့ ပျားဖွပ်သလိုပါဘဲဗျာ။ စဉ်းစားလို့သာ ကြည့်ကြပေတော့။ မက် ခြင် ယင်တွေကတော့ မသိဘူး။ အိမ်သူအိမ်သားတွေကတော့ မီးခိုးတီးပြီး အဟွတ် အဟွတ်တွေ ဖြစ်နေကြလေရဲ့။

သူကြီးဆိုပြီးတော့ ခမ်းခမ်းနားနားကြီးတော့ မထင်လိုက်နဲ့ဗျို့ ။ မှားသွားမယ်။ အရိုးရှည်ရှည် ယပ်တောင်တစ်ကောင်ကိုင်ထားပြီး ခြင်တွေ ယင်ကောင်တွေ မက်တွေကို လိုက်ရိုက်နေရတာ။ အဲဒါ သူ့ရဲ့နေ့စဉ်အလုပ်ဘဲ။ နောက်ပြီး သူ့စာရေးဟန်တွေကြည့်ပြီး ဘုရားတရားလုပ်တယ်လို့တော့ မထင်လိုက်ပါနဲ့။ လုံးဝမှားသွားမယ်။ ဘုရားတရားဆိုတဲ့ စကားကို သူကြားဖူးတာတောင် သိပ်ကြာသေးပုံမပေါ်ဘူး။ ပြီးတော့ ပုတီးတစ်ကုံးမှာ ပုတီးဘယ်နှစ်လုံးပါသလဲဆိုတာကိုလဲ သူကောင်းကောင်းသိမဲ့ပုံမပေါ်ဘူးဗျ။ အဲဒီလောက်ထိ သူ့ဥာဏ်က ထက်တာ။ ဟာ ဟ။

မှတ်မိသေးတယ်။ ဟိုတစ်နေ့က ရွာဦးကျောင်းဘုန်းကြီးကို သူသွားမေးသံကြားလိုက်ရတယ်။ ညနေစာ ဘာဟင်းနဲ့ စားသလဲတဲ့။ အဲဒီလောက်ထိ ဗဟုသုတနည်းတာ။ ဘုန်းကြီးက ထွေးခံနဲ့ မပစ်ပေါက်ခဲ့တာ ကံကောင်း။ အမှန်က လူတွေ အချင်းချင်းတွေ့တဲ့အခါ မေးနေကျပုံစံမျိုး သူနှုတ်ဆက်လိုက်တာပါ။ သူ့ကို ဖော်ရွေတဲ့လူတစ်ယောက်လို့ အထင်ခံချင်နေတာလေ။ ဘုန်းကြီးတွေအကြောင်းလဲ သူမသိဘဲနဲ့။

ဟိုတလောတုန်းကလဲ ရွာဦးကျောင်းဘုန်းကြီး ရေတွင်းနားက ရေချိုးကန်မှာ ရေချိုးနေတာကို သူသွားကြည့်တယ်။ ရေချိုးပြီးလို့ သင်းပိုင်ကိုလဲ ၀တ်လိုက်ရော။ သူကြီးကိုကိုမောင်က ဘာပြောတယ် မှတ်လဲ။ ဘုန်းကြီးတွေ ပုဆိုးဝတ်ပုံကလဲ တစ်မျိုးကြီးဘဲနော်တဲ့။ မှတ်ကရော။ သင်းပိုင်(သင်္ကန်း)ကို ပုဆိုးတဲ့။ ကြားလို့မှ ကောင်းကြသေးရဲ့လား။ ပြောတော့ဖြင့် ကျမ်းကြီးကျမ်းငယ်အသွယ်သွယ်ကို အေတူဇက် လေ့လာထားတဲ့ပုံ။ လုပ်လိုက်ရင်တော့ တစ်လွဲတွေချည်းဘဲ။ ပြောတော့ အဟုတ်၊ လုပ်တော့ တစ်လွဲ၊ သေတော့ ငရဲ ဆိုတာ သူလိုလူမျိုး။ ဘယ့်နှယ်ဗျာ။ ဒီလောက်ထိ ဗဟုသုတနည်းတာ။ အံရော အံ့ရောပါဘဲ။ မပြောတော့ဘူးဆိုပြီး အတော်လေး ပြောမိသွားတယ်။ အမှန်က ကျနော် အဲဒီလောက်ကြီး သူများအကြောင်းကို မပြောချင်ပါဘူး။ တိုက်ဆိုင်လို့ပြောပြမိတာပါ။ သူများအတင်းတော့ မဟုတ်ရပါ၊ စပ်မိစပ်ရာ ဘာညာ ကွိစိပေါ့ဗျာ။

အလည်လာခဲ့မှတော့ ကျနော် တစ်ခုခုနဲ့ ဧည့်ခံရမှာပေါ့။ နားနားနေနေဖြစ်ပြီးမှ ပြန်ကြပါ။ အေးဆေးပေါ့။ ဟုတ်ဖူးလား။ ဘာနဲ့ ဧည့်ခံရပါ့မလဲ။ စဉ်းစားလိုက်ဦးမယ်။ မြန်မာပြည်ကနေ မှာထားတဲ့ လဘက်သုပ်ကလဲ နေ့လည်ကမှ စားလို့ကုန်သွားပြီ။ အမြဲတမ်းဝယ်ထားနေကျ ဒိန်ချဉ်တွေလဲ ညနေက အပြင်ကပြန်လာတာ မောမောနဲ့ သောက်ပစ်လိုက်တာ ကုန်သွားပြီ။ ထမင်းဟင်းကလဲ လက်ကျန်မရှိတော့ဘူး။ အဖျော်ရည်တွေကလဲ ဒိတ်လွန်လို့ သွန်ပစ်လိုက်ပြီ။ စပျစ်သီးလေးတစ်ထုတ်ဝယ်ထားပါတယ်။ အိမ်ရောက်မှ ဖွင့်ကြည့်လိုက်တော့ အပုပ်တွေ။ ကော်ဖီဖျော်သောက်ရအောင်ကလဲ ဒီနေ့မှ ကော်ဖီမှုန့်က ပြတ်သွားတယ်။

ကဲပါလေ။ စားစရာမရှိမှတော့ ကြည့်စရာလေးနဲ့တော့ ဧည့်ခံပါရစေ။ ကျနော့်ရဲ့ ပုံရိပ်ကလေးတွေပေါ့။ အပျော်သဘောနဲ့ ရိုက်ထားတာပါ။ ကြည့်ပြီး ခိုက်လဲမသွားနဲ့ဦး။ ဟိုတစ်နေ့က မိတ်ဆွေ အမျိုးသမီးတစ်ယောက်ကို ပေးပြလိုက်ပါတယ်။ ၇ ရက်တိတိ ထမင်းမစားနိုင်ဘူးတဲ့။ ဆွဲဆောင်မှုကောင်းလွန်းလို့လို့တော့ မထင်လိုက်နဲ့။ ကြည့်ရင်းနဲ့ သရဲရုပ်နဲ့တူလာလို့ လန့်ဖျပ်ပြီး ထမင်းစားချင်စိတ်ကုန်သွားတာတဲ့။ ကဲ ပြောနေတာ ကြာပါတယ်။ စက္ခု သောတ ရှုစားကြစို့လား။ သရဲကြောက်တတ်ပြီး စိတ်မခိုင်ရင်တော့ မကြည့်ကြနဲ့နော်။ အထူးသဖြင့် အမျိုးသမီးတွေပေါ့။ တော်ကြာမှ ကိုကိုမောင် အဲဒီလို မလုပ်သင့်ဘူး၊ မလှည့်စားသင့်ဘူးလို့ လာမဆဲကြနဲ့။းဝ) ။
ီ Kokomaung footage ဆိုတာလေးကို ကလစ်လိုက်ရုံပါဘဲ။ အားလုံးပြုံးပျော် မူးမောနိုင်ကြပါစေ။းဝ)

ခင်မင်လေးစားလျက်
ကိုကိုမောင် (ပန်းရနံ့)


အထူးသတိပေးချက်။
အမျိုးသမီးများ၊ နှလုံးဓါတ်ခံအားနည်းသူများ၊ သရဲတကယ်ကြောက်တတ်သူများ အထက်ပါ ကိုကိုမောင်ဗီဒီယိုဖိုင်အားမကြည့်ကြပါရန်။ အထူးသဖြင့် ညဘက်ပိုင်း၌ မကြည့်ကြပါရန်။ ကြည့်မိပြီး ခိုက်သွားလျှင်.. အဲ... ထိတ်လန့်မှုဖြစ်သွားလျှင် အနူးအညွတ်တောင်းပန်ပါသည်။ :D :P :D
....

..

14 comments:

Anonymous said...

တဂျီး.. ကျနော့်များဆော်ထားလားလို့ အပြေးအလွှားလာဖတ်ရတယ်

ဖတ်ကြည့်မှမဟုတ်မှန်းသိလာလို့..ဟီးး

တဂျီး ရာသီဥတုကပူတယ်။ ဆေးကိုလှုပ်သောက်
နေ့လည်မှာ တုံးဖလား ရွာက ဇီးယိုလေးဘာလေးလဲစားဦး..

စိုးရိမ်ရေမှတ်တော့ ရောက်နေပီ။
ဆရာဝန်ပြဦးနော်။

လစ်ပီ..

မြတ်နိုး

မောင် လေး said...

တဂျီး အတော်ဆိုးပါလားဗျဟင်..
နဂိုကမှ ကိုယ့်ရုပ်ကိုမှန်ကြည့်ရင်း ကြည့်မိရာက ထမင်းစား
ပျက်နေရတဲ့အထဲ သူ့ရုပ်ကြီးကြည့်မိလို့ ခုဆို အိပ်လို့ပါ
ပျော်မယ်မထင်တော့ဘူး..EEEEEEEEEE

မောင်မောင် said...

သူကြီးမင်း မျက်လှည့်ပြနေတာလား။
အဟုတ်မှတ်ပြီးတော့ လာဖတ်တော့ ကိုကိုမောင်
ဆိုက် ပဲ ပြန်ရောက်လာတယ်။
အဲဂလို မနောက်ပါနဲ့ ။

Anonymous said...

ကိုကိုမောင် ကတော့ လုပ်ပြီ ပုံသွားကြည့်ပါတယ် လန့်သွားတာဘဲ

ရွှေစင်ဦး

မြစ်ကျိုးအင်း said...

ငါမဟုတ်လို့ တော်သေး :)

မဗေဒါ (၈၈) said...

ကိုကိုမောင်

ွှ ထိုထိုသောနည်းဖြင့် စိတ်ဝင်စားအောင် ရေးတက်သောသူကား ဗိုလ်စကားပြော အရပ်မှာနေထိုင် သော မြန်မာပြည်ဖွား မောင်ကိုကိုမောင်ပေတည်း..။

မဗေဒါ (၈၈)

ရွှေရတုမှတ်တမ်း said...

ဟယ်.....ပေါရဲလိုက်တာ.....

သဒ္ဓါလှိုင်း said...

အမလေးလို့သာအော်ပစ်လိုက်ချင်တယ်.။
သူကြီးကိုသူကြီးနဲ့တိုင်လိုက်မယ်..။
စားစရာတွေကျတော့ကုန်သွားပြီ.ပုပ်သွားပြီနဲ့...
ဒါနဲ့..အဲဒီပုံကသူကြီးကိုကိုမောင်ပုံလား......

ခင်တဲ့
သဒ္ဓါ

ဂျစ်တူး ( မုံရွာ ) said...

သူကြီး - - -ခင်ဗျားဗျာ-အားမနာပါးမနာ-
မျက်လုံးညောင်းတာလေးမှထည့်မတွက်-
လုပ်ရက်လိုက်တာဗျာ-ဆားချက်တာကောင်းကောင်းမချက်
ဘူး-
အကြံပိုင်သော သူကြီးပါဘဲ ဗျာ-
ပြုံးရွှင်စွာရယ်(ရီ) သွားတယ်ဗျို့ 
ဟား - - - ဟား - - -ဟား - - - -

noblemoe said...

ရုတ်တရက်လန့်ပြီးအော်မိလို့  ဘေးကသူတွေတောင်လန့်ရတဲ့အခြေနေပါပဲ ဟူးးးးးးးးးးးးးးးးး

Anonymous said...

ဟုတ်ပ အကောင်းအောင်မေ့လို့ ... တော်တော်နောက်တတ်တဲ့ သူကြီး ကိုကိုမောင်ပဲ.. :)

Myanmar Good Knowledg Co., Ltd said...

ဘယ်လိုတွေဖြစ်ကုန်တာလဲ။
သဂျီးရယ်။
လုပ်ချင်တာတွေ အကုန်လျှောက်လုပ်လိုက်ရလို့ ကျေနပ်သွားပြီလား။
ကောင်းပါတယ်။ တခါတလေ ဒီလိုပဲဖြစ်တတ်တယ်နော်။
အဟဲ။ နောက်တာပါ။
စိတ်ဝင်စားဘို့ကောင်းပါတယ်။
ရီရသလို သရဲပုံဖွင့်ကြည့်မိတော့ ဖွင့်မိတဲ့ ကိုယ့်ကိုကိုယ် စိတ်ဆိုးတယ်။

ခင်မင်စွာ အားပေးလျှက်ပါ။

flowerpoem said...

အင်း ခေါင်းစဉ်နဲ့ လိုက်တယ် တကယ်ကို ဆိုးတယ် ကိုကိုမောင် ပုံကလည်း လှလွန်းလို့ မနည်း အသက်ရှုရတယ်

ဧပရယ်လ်ပူး@ပူးတေ said...

လူပြောများလို့ ပုံတွေတော့ မကြည့်သွားတော့ဘူး... မီးမီးက ကြောက်တတ်တယ်... အသဲကလြ ငယ်ငယ်လေးရယ်... ဟိုဘက်ကညွှန်းလို့ ဒီလိုပဲဖြစ်မယ်လို့ ထင်နေရက်နဲ့ ဒီဘက်ရောက်လာတယ်... ပုံတွေတော့ မကြည့်ရဲလို့တွားမကြည့်တော့ဘူးနော်...