Friday 25 December 2009

ထွန်းညှိပေးပါ


ကျီးတစ်သိုက်
သံစဉ်အတုတွေနဲ့
ခရစ်စမတ် ကကွက်ကို
ကဗျာလွတ် ကခုန်ကြတယ်။


နှင်းရယ်
ဘာဖြစ်လို့ ဆန္ဒတွေစောပြီး
ခရစ်စမတ်ကို ကြိုဆိုခဲ့သလဲ
ဖြူစင်တဲ့ မင်းနှလုံးသားလေး
ငှက်ဆိုးတွေအောက်
မည်းညစ်ခဲ့ရပြီ။


ပုပ်ကို လှဲချတာဟာ
ငှက်ညစ်တွေရဲ့ အောင်ပွဲလား
ထောင်ငါးစု ထက်ဝက်ဆီက
ဗုဒ္ဓရဲ့  အောင်ခြင်းတွေ
ပစ္စုပ္ပန်ကို ထွန်းလင်းပေးပါ
နေပူပူကန္တာရမှာ
ရာဟုအသူရိန်တွေ ကြီးစိုးနေလို့။

မှတ်ချက်။
ပုပ်ဆိုတာ ပုပ်ရဟန်းမင်းကြီးကို ဆိုလိုပါတယ်။ သူအလှဲချခံရတာကို ဒီမှာကြည့်ရှုနိုင်ပါတယ်။

...

4 comments:

~ဏီလင်းညို~ said...

ကိုကိုမောင်ရေ...
ကဗျာလေးကိုဖတ်ရတာ...စိတ်ထဲမှာတစ်မျိုးလေးဖြစ်သွားမိတယ်ဗျာ...။
စစ်မှန်တဲ့ အလင်းရောင်ဆိုတာ...ဘယ်လောက်ပဲသေးငယ်နေပါစေ... ဘယ်တော့မှ ချုပ်ငြိမ်းမသွားနိုင်ပါဘူးဗျာနော့်...။
ခင်မင်တတ်တဲ့
ဏီလင်းညို

flowerpoem said...

ကဗျာလေး က အနှစ်ရှိတယ်..

ကာရံမဲ့ said...

အစ်ကိုဆုတောင်းကြောင့် ဗုဒ္ဓရဲ့ အောင်ခြင်းတွေ ပစ္စုပ္ပန်ကိုထွန်းလင်းပေးမှာပါ.....

Merry Christmas!!

မိုးစက်အိမ် said...

နှင်းရယ်
ဘာဖြစ်လို့ ဆန္ဒတွေစောပြီး
ခရစ်စမတ်ကို ကြိုဆိုခဲ့သလဲ
ဖြူစင်တဲ့ မင်းနှလုံးသားလေး
ငှက်ဆိုးတွေအောက်
မည်းညစ်ခဲ့ရပြီ။
အဲအပိုဒ်လေး သဘောအကျဆုံးဘဲ အစ်ကို . . .