Tuesday 24 November 2015

သူကြီးမင်း နေ့လယ်ခင်း မှတ်စု


မှတ်မှတ်ရရ
အဲဒီနေ့က
ဇွန်းတွေပျောက်သွားတယ်
သူတော်ကောင်းပေမဲ့
တခါတခါမှာ
ဇွန်းတစ်ချောင်းလောက်တော့
ဘတ်တတ်ကြတယ်။

လူအများစုက
ကိုယ့်ဒုက္ခကို သူတပါး မမြင်တတ်တာဘဲ
 မြင်တတ်ကြပြီး
သူတပါး ဒုက္ခကိုတော့
 ဒုက္ခအဖြစ်တောင် သတ်မှတ်ဖို့
ဝန်လေးတတ်ကြတယ်။

အချော့ခံနေကျ သူတွေက
များသောအားဖြင့်
ပြန်ချော့ဖို့ မေ့နေတတ်ကြတယ်။

စ နောက် တတ်သူ အချို့က
သူတပါး အားနည်းချက်ကို
ဖွင့်ထုတ် စ နောက် တတ်ကြပေမဲ့
ကိုယ့်အားနည်းချက်ကို
တစ်ချက်ကလေး ထိတာနဲ့
ဆွေ့ဆွေ့ခုန်တတ်ကြတယ်။

အတ္တကြီးလိုက်တာလို့
ငြီးတွားနေသူ အများစုရဲ့ အသံတွေဟာ
ကိုယ့်အတ္တနောက် မလိုက်ပါလာတဲ့အတွက်
ကိုယ်ပိုင်အတ္တရဲ့
ပေါက်ကွဲသံမျှသာ ဖြစ်တယ်။

ကမ္ဘာကြီးက မျက်ရည်မခိုင်ဘူး
တယောထိုးသံကြားတာနဲ့
သနားမျက်ရည် လည်တတ်ကြပြန်ရော။

လူတွေက
လောလောလတ်လတ်
ပန်းကိုက်တဲ့ပိုးကိုဘဲ
မြင်တတ်ကြပြီး
ပိုးကိုက်ခဲ့တဲ့ ပန်းကိုတော့
မေ့နေတတ်ကြတယ်။

ကမ္ဘာလောကကြီး
သာယာအေးချမ်းဖို့
တခါတခါမှာ
နှလုံးသားမဲ့
ပူတင်တွေ
အများကြီး လိုအပ်တယ်။

တုံးဖလားသူကြီးမင်း
(၂၄၊၁၁၊၂၀၁၅ အင်္ဂါ ၁၈း၀၀ နာရီ)

2 comments: