Thursday 31 December 2015

နှစ်ဟောင်းနှစ်သစ် တောင်းဆုစစ်

နှစ်ဟောင်းကိုကွယ် စွန့်ကာထားလို့
နှစ်သစ်များနဲ့ ပျော်ကြမယ်။

မကောင်းမှုတွေကို ထားကျန်ရစ်ပေါ့
ကောင်းတာဖြစ်ဖို့ အားထုတ်ကွယ်။

လွှင့်ပစ်ပါကွယ် အမုန်းများကို
အပြုံးများနဲ့ အစားထိုးမယ်။

ဒုက္ခတွေကို မေ့ကာထားလို့
သုခပွါးဖို့ ကြိုးစားကွယ်။

ကျန်းမာချမ်းသာ လာဘ်တွေကောင်းဖို့
ဆုတွေတောင်းလို့ ပေးလိုက်တယ်။

ကိုယ်စိတ်နှစ်ဖြာ မှန်စွာသစ်လို့
နိုင်ငံသစ်သို့ ချီတက်မယ်။

တက်မယ် တက်မယ်။

.

3 comments:

AH said...

ချီတက်ကြပါစို့ သကြီးရေ... :P

သူကြီးမင်း (တုံးဖလား) said...

ချီတက်ကြမယ်လေ။
ပျောက်ချက်သားကောင်းလှတဲ့ ဦးအွတ်ထောင်။

Aunty Tint said...

အွတ်ထောင်လဲပျောက်
သူကြီးလည်းပျောက်
ဗာလင်တိုင်းရောက်မှမြင်လိုက်ရတဲ့ နှစ်ယောက် :P