Saturday 30 May 2015

နှုတ်ခမ်းနှင့်သွား

ရှေးဆိုရိုးစကားတွေ ပြောင်းသင့်ရင် ပြောင်းပစ်ရမယ်။
သူကြီးကတော့ ပြောင်းလိုက်ပြီ။

"လင်နှင့်မယား လျာနှင့်သွား" ဆိုတဲ့ ဆိုရိုးစကားဟာ သူကြီးအတွက်တော့ မှားတယ်။

အမှန်က

"လင်နှင့်မယား နှုတ်ခမ်းနှင့်သွား"

အဲဒါ နှုတ်ခမ်း သွေးတွေ။
မကြာမကြာ ကိုက်မိပြီး အဲဒီလို ဖြစ်နေကျ။

ငန်ကျိကျိ စပ်သပ်သပ်နဲ့ နေရခက်ပါ့။

4 comments:

စံပယ်ချို said...

အဲလောက်သွေးတွေထွက်အောင်ကိုက်မိတာ အဆန်းသား.....
အတွေးထဲဘာတွေရှိနေတာလဲ သဂျီးမင်း

Aunty Tint said...

သူကြီးမင်းရဲ့ 'လင်နဲ့မယား နှုတ်ခမ်းနဲ့သွား' ဆိုတဲ့ အဆိုကို ထောက်ခံပေးချင်ပေမယ့်
ဒီအသက်အရွယ်အထိ တစ်ခါမှ တီတင့်မကိုက်မိဘူးတော့ ခက်သား ...... :P

Unknown said...

နှုတ်ခမ်းထော်ရင်တော့ ကိုက်မိမယ်မထင်ဘူး။ သူကြီးမင်းက မထော်လို့ပဲဖြစ်မယ်။း)

သူကြီးမင်း (တုံးဖလား) said...

စံပယ်ချို။
ထမင်းစားရင်း ကိုက်မိတာလေ။ မကြာမကြာ ကိုက်မိလေ့ရှိတယ်။ ငံကျိကျိနဲ့း)

တီတင့်။
တီတင့်တို့က ရန်တစ်ခါမှ မဖြစ်ဖူးလို့နဲ့တူတယ်။ ဒါကြောင့် မကိုက်မိတာ နေမှား)

နန်းနန်းလေး။
မှန်လိုက်လေဗျာ။ သူကြီးမင်းက နှုတ်ခမ်းမထော်ပါ။ ပြီးတော့ နှုတ်ခမ်းထော်သူကိုလဲ မကြိုက်ပါး)