ရှေးဆိုရိုးစကားတွေ ပြောင်းသင့်ရင် ပြောင်းပစ်ရမယ်။
သူကြီးကတော့ ပြောင်းလိုက်ပြီ။
"လင်နှင့်မယား လျာနှင့်သွား" ဆိုတဲ့ ဆိုရိုးစကားဟာ သူကြီးအတွက်တော့ မှားတယ်။
အမှန်က
"လင်နှင့်မယား နှုတ်ခမ်းနှင့်သွား"
အဲဒါ နှုတ်ခမ်း သွေးတွေ။
မကြာမကြာ ကိုက်မိပြီး အဲဒီလို ဖြစ်နေကျ။
ငန်ကျိကျိ စပ်သပ်သပ်နဲ့ နေရခက်ပါ့။
4 comments:
အဲလောက်သွေးတွေထွက်အောင်ကိုက်မိတာ အဆန်းသား.....
အတွေးထဲဘာတွေရှိနေတာလဲ သဂျီးမင်း
သူကြီးမင်းရဲ့ 'လင်နဲ့မယား နှုတ်ခမ်းနဲ့သွား' ဆိုတဲ့ အဆိုကို ထောက်ခံပေးချင်ပေမယ့်
ဒီအသက်အရွယ်အထိ တစ်ခါမှ တီတင့်မကိုက်မိဘူးတော့ ခက်သား ...... :P
နှုတ်ခမ်းထော်ရင်တော့ ကိုက်မိမယ်မထင်ဘူး။ သူကြီးမင်းက မထော်လို့ပဲဖြစ်မယ်။း)
စံပယ်ချို။
ထမင်းစားရင်း ကိုက်မိတာလေ။ မကြာမကြာ ကိုက်မိလေ့ရှိတယ်။ ငံကျိကျိနဲ့း)
တီတင့်။
တီတင့်တို့က ရန်တစ်ခါမှ မဖြစ်ဖူးလို့နဲ့တူတယ်။ ဒါကြောင့် မကိုက်မိတာ နေမှား)
နန်းနန်းလေး။
မှန်လိုက်လေဗျာ။ သူကြီးမင်းက နှုတ်ခမ်းမထော်ပါ။ ပြီးတော့ နှုတ်ခမ်းထော်သူကိုလဲ မကြိုက်ပါး)
Post a Comment