စကူးထရစ်ပ်မို့ ပျော်စရာကောင်းသည်။ နိုင်ငံတကာမှ ကျောင်းသူကျောင်းသားများက အစုံအလင်။ ငှားလာသော လေအိတ်မီနီဘတ်စ်က ခပ်ငြိမ့်ငြိမ့်ဖြင့် စီးကောင်းသည်။ အမြန်လမ်းမပေါ်မှာ တစ်နာရီ မိုင် ၉၀ နှုန်းဖြင့် ကားလမ်းဘေးဝဲယာမှ သစ်ပင်များ တောင်ကုန်းများကို ရိပ်ကနဲ ရိပ်ကနဲ ချန်လှပ်ထားခဲ့သည်။ မရောက်ဖူးသေးသော ရှုခင်းသာကုန်းမြေတစ်ခုသို့ သွားရောက်ရမှာမို့ စိတ်ဓါတ်များ တက်ကြွရွှင်လန်းလျှက် ရှိကြသည်။ မစပ်မဆိုင် ... တောင်ပြာတန်းက သိတယ်.. သီချင်းလေးက ပါးစပ်ထဲ အလိုလို ရောက်လာသည်။
~~.မေရယ်~~~ အထင်တော့ ~~~ မလွဲလိုက်နဲ့ဦး..
~~~ စာလွှာများ မရောက်လာခဲ့ရင် ~~~
~~~ကိုယ့်အပေါ်မှာ မငြိုင်ငြင်ပါနဲ့နော်~~~
~~~.~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ကိုယ်လို လူသားဘ၀ဟာ~~
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ချစ်သူကို လွမ်းဖို့ရာ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~တခါတလေ အချိန်တော့ မပေးနိုင်ပါ.~~
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~တောင်တောကို ကျော်ကာဖြတ်လို့.~~..။
အင်း... စစ်သည်တော်များကတော့ တောင်ကြီးဖ၀ါးအောက် ဆိုသလို ခြေလျင်ခရီးဖြင့် တောတွေတောင်တွေကို ကျော်ဖြတ်ပေမည်။ သို့သော် ကျွနု်ပ်ကတော့ တောတွေတောင်တွေကို ဇိမ်ခံကားလေး တ၀ှီးဝှီးဖြင့် ကျော်ဖြတ်နေပေသည်။
~~.မေရယ်~~~ အထင်တော့ ~~~ မလွဲလိုက်နဲ့ဦး..
~~~ စာလွှာများ မရောက်လာခဲ့ရင် ~~~
~~~ကိုယ့်အပေါ်မှာ မငြိုင်ငြင်ပါနဲ့နော်~~~
~~~.~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ကိုယ်လို လူသားဘ၀ဟာ~~
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ချစ်သူကို လွမ်းဖို့ရာ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~တခါတလေ အချိန်တော့ မပေးနိုင်ပါ.~~
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~တောင်တောကို ကျော်ကာဖြတ်လို့.~~..။
အင်း... စစ်သည်တော်များကတော့ တောင်ကြီးဖ၀ါးအောက် ဆိုသလို ခြေလျင်ခရီးဖြင့် တောတွေတောင်တွေကို ကျော်ဖြတ်ပေမည်။ သို့သော် ကျွနု်ပ်ကတော့ တောတွေတောင်တွေကို ဇိမ်ခံကားလေး တ၀ှီးဝှီးဖြင့် ကျော်ဖြတ်နေပေသည်။
ရှုခင်းသာ ကုန်းမြေရောက်တော့ ရှုခင်းရှုကွက်က မျက်စိပင် မှားသလား အောက်မေ့ရသည်။ ကုန်းမြေတလျှောက် လေညှင်းခံခုံတန်းလျားလေးများက ကဗျာဆန်ဆန် အလှအပများဖြင့် အစီအရီ ရှိနေသည်။ ရှုခင်းများကို လှမ်းကြည့်လိုက်လျှင်... မြက်ခင်းပြင်... ပန်းပေါင်းစုံရှိနေသည့် သဘာဝပန်းခင်းများ... ရဲတိုက်ဟောင်းကြီးတစ်လုံး.. ပင်လယ်ကျောက်စွန်းအငူများ.. ထို့နောက် မျက်စိတစ်ဆုံး ပင်လယ်ပြင်ကြီး။ အပေါ်မော့ကြည့်လိုက်တော့ ကြည်လင်ပြတ်သားသည့် မိုးကောင်းကင်... နေခြည်က နွေးနွေးထွေးထွေး။ ပင်လယ်ယံထက် တိမ်ပန်းချီများက ဟိုနားတစ်စု ဒီနားတစ်စု... ပြီးတော့ လိုက်တမ်းပြေးတမ်း ကစားနေကြသည့် အပျံသင်နေကြည့် ကောင်းကင်ပျော် ငှက်များ။ အားပါးးးး ~~~ဘယ်ပန်းချီ ရေးလို့ မမီ....~~~ လို့ပင် ဆိုလိုက်ချင်မိတော့သည်။ အလွန်အမင်းဆိုရသော် အန္တိမပန်းတိုင်ဖြစ်သည့် မြတ်နိဗ္ဗာန်တောင် ဒီနေရာလာက်မှ အေးချမ်းကြည်နူးဖွယ် ဖြစ်ပါ့မလားဆိုပြီး သံသယ၀င်မိသည့်အဖြစ်။
ရှုခင်းများ ငေးမောခံစားနေမိသည်မှာ ဘယ်လောက်အချိန်ကြာသွားလေသည်မသိ။ နေပင် အတော်စောင်း၍ ညနေဆည်းဆာရိပ်ပင် သန်းလာပေပြီ။ ပြန်ခါနီးမှ အသီးအရွက်ဆိုင် တစ်ခု ရှုခင်းသာ ကုန်းမြေပေါ်မှာ ရှိနေတာကို သတိထားမိသည်။ တစ်ခုခုတော့ အမှတ်တရ ၀ယ်သွားဦးမှ။ ကျန်တဲ့ အသီးအနှံတွေကိုတော့ စိတ်မ၀င်စား။ ပြူးကားနေတဲ့ ပြောင်းဖူးကြီးတွေကို သွားရည်ကျနေမိသည်။
"ပြောင်းဖူးတစ်ဖူး ဘယ်လောက်ပါလဲ"
"ပြောင်းဖူးတစ်ဖူး ဘယ်လောက်ပါလဲ"
"၂၅ ပြားပါ"
"ဟန်ကျလိုက်တာ။ ဒါဆို ကျနော့်ကို တစ်ဆယ်ဖိုးပေးပါ"
ကျောင်းသူကျောင်းသားများ အလုအယက် ပြောင်းဖူးများကို ၀ယ်ကြသည်။ ပြောင်းဖူးအိတ် ကိုယ်စီဖြင့် မီနီဘတ်စ်ဆီ ပြန်လာကြသည်။ ထိုအခိုက် အသက် ခပ်ကြီးကြီး လူတစ်ယောက် ရောက်လာပြီး ပြောင်းဖူးရောင်းသူနဲ့ စကားပြောဆိုနေသံကို အတိုင်းသား ကြားရသည်။ ထိုသူသည် ဆိုင်ပိုင်ရှင် ဖြစ်ဟန်တူသည်။
"မင်း ပြောင်းဖူးကို ဘယ်လောက်ဈေးနဲ့ ရောင်းလိုက်တာလဲ"
"တစ်ဖူးကို ၂၅ ပြားနဲ့ ရောင်းလိုက်တာ"
"သောက်ကျိုးနဲ.. အဲဒီပြောင်းဖူးတွေက ၂၅ ပြားတန် ပြောင်းဖူးတွေ မဟုတ်ဘူး။ တစ်ဖူးကို နှစ်ကျပ် တန်တဲ့ ပြောင်းဖူးတွေ။ မင်း အဲဒါတွေ ပြန်လိုက်တောင်း"
ကျွန်ုပ်တို့ အပြုံးများ ပျောက်လွင့်ကုန်သည်။ ပြောင်းဖူးအိတ်များကို ပြန်ပေးပြီး ပြန်အမ်းသည့် ငွေများကို ပြန်ယူကြရသည်။ သို့သော် ကျွနု်ပ်ကမူ ပြောင်းဖူးများကို သဘောကျလှ၍ တစ်ဆယ်ဖိုး ငါးဖူး ယူလာခဲ့၏။ ပြောင်းဖြူးဆိုင်ပိုင်ရှင်ကို အတင်းတုတ်ရင်း ကျောင်းသူကျောင်းသားများ မိမိတို့၏ မီနီဘတ်စ်ထံသို့ ပြန်လာကြသည်။ သို့သော် ငှားလာခဲ့သော ဘတ်စ်ကားမှာ ပျောက်ချင်းမလှ ပျောက်ဆုံးလျှက် ရှိလေတော့၏။ အနီးအပါး စုံစမ်းကြည့်လိုက်တော့ သဘောတူငှားလာခဲ့သည့် အချိန်ထက် အချိန်များစွာ ပိုလွန်သွားသည့်အတွက် ကားဆရာ စိတ်ဆိုးပြီး ပြန်သွားသည်ဟု သိရ၏။ ထိုစဉ် ထိုမီနီဘတ်စ်နဲ့ ဆိုက်တူပုံစံတူ မီနီဘတ်စ်တစ်စင်း ထိုးဆိုက်လာလေ၏။
"ခင်ဗျားတို့ ကားဆရာက ချိန်းထားတာရှိတဲ့အတွက် မစောင့်နိုင်လို့ ပြန်သွားပါပြီ။ သူက ကျနော်တို့ကားကို အကူအညီတောင်းခဲ့လို့ ခင်ဗျားတို့ကို ပို့ဆောင်ဖို့အတွက် ကျနော်တို့ လာခဲ့ကြတာပါ။ ကဲ.. အားလုံး ကားပေါ်ကို တက်နိုင်ကြပါပြီ"
"ဒီလိုဆိုတော့လဲ ကားဆရာက မဆိုးရှာပါဘူး။ သူမစောင့်နိုင်တဲ့အတွက် ကားတစ်စီးအစားထိုးခဲ့ပေးရှာတာဘဲ" ဟု စိတ်ထဲက ချီးကျူးနေမိလိုက်သေး၏။ ထိုကားပေါ်၌ ကားဆရာအပြင် ထောင်ထောင်မောင်းမောင်း စပယ်ယာ နှစ်ယောက်ပါ ပါလာလေသည်။ ထိုကားလေးသည် ကျွနု်ပ်တို့ အုပ်စုကို သယ်ဆောင်လာကာ အဝေးပြေးလမ်းမကြီးအတိုင်း အပြင်းမောင်းနှင်လေ၏။ သို့သော် ထိုကားလေးသည် တစ်နေရာအရောက် အပြန်လမ်းမဟုတ်သည့် အခြားလမ်းတစ်လမ်းကို ရွေးချယ်ပြီး ဆန့်ကျင်ဘက်အရပ်သို့ အပြင်းမောင်းနှင်ပြန်လေ၏။
"ကားဆရာ... လမ်းမှားပြီ ထင်တယ်။ အပြန်အတွက်ဆို ဒီဘက်က လမ်းကဘဲ သွားရမှာ"
"ညီတို့ ညီမတို့ မပူကြပါနဲ့။ ပိုမြန်အောင်လို့ ဖြတ်လမ်းက မောင်းဖို့ လမ်းပြောင်းလိုက်တာပါ"
မပူနဲ့ ဆိုပေမဲ့ စိတ်က ပူချင်လာသည်။ ကားက အရှိန်ပိုမြန်လာသည်။ တစ်နာရီ မိုင် ၁၂၀ လောက် ဖြစ်လာသည်။ စိမ်းလန်းစိုပြေသည့် ကားလမ်းဘေးဝဲယာမှ အပင်များလဲ တစတစ ပျောက်ကွယ်ကုန်သည်။ ထို့နောက် အဲယားကွန်းပင် ဖွင့်ထားလင့်ကစား ခြောက်သွေ့ပူလောင်သည့် အရိပ်အငွေ့ကို ခံစားလာရသည်။ ဘေးဝဲယာကို ကြည့်လိုက်တော့ သစ်ပင်များ လုံးဝ မရှိတော့။ ကျောက်ခဲများ သဲများဖြင့် ပြည့်နှက်နေသည့် သဲကန္တာရ တစ်ခုအတွင်းသို့ ကျွနု်ပ်တို့ ရောက်နေလေပြီ။ ထိုအခိုက် အိုင်ဖုန်းဖြင့် ဂူးဂဲလ်အာ့သ် ကြည့်နေသည့် ကျောင်းသားတစ်ယောက်က ထအော်လေတော့၏။
"ကျနော်တို့ ပြန်ရမဲ့ နေရာနဲ့ မိုင်ပေါင်း ၇၀၀ လောက် ဝေးကွာတဲ့ နေရာကို အခု ရောက်နေတာ"
"ဟာ... ဒါဆို ကားဆရာက ညာခေါ်ခဲ့တာဘဲ"
"ဘာအတွက် အခုလို လုပ်တာပါလိမ့်"
"ဟေ့.. ကားဆရာ ခင်ဗျား ဘယ်လို လုပ်တာလဲဗျ။ ဒါ ကျနော်တို့ရဲ့ အပြန်လမ်း မဟုတ်ဘူး"
အသံပေါင်းများစွာ သံသယပေါင်းများစွာ စိုးရိမ်မှုပေါင်းများစွာဖြင့် ကျောင်းသူကျောင်းသားများ တစ်ယောက်တစ်မျိုးဖြင့် ကားပေါ်၌ ဆူညံနေလေတော့၏။ ထိုအခိုက်...
"ခင်ဗျားတို့ အားလုံးကို အိုင်အက်စ်နိုင်ငံတော်က လှိုက်လှဲစွာ ကြိုဆိုပါတယ် ခင်ဗျား"
ဟူသော ခပ်ဟိန်းဟိန်းအသံကြီး ထောင်ထောင်မောင်းမောင်း ကားစပယ်ယာ တစ်ယောက်ထံမှ ထွက်ပေါ် လာလေတော့၏။ ဗုဒ္ဓေါ... သွားပြီ။ ဒါဆို မလွယ်ရေးချ မလွယ်တော့။
"သိပ်ပြီးလဲ မကြောက်ကြပါနဲ့ကွ။ မင်းတို့ကို လိုအပ်လို့ ခေါ်လာတာပါ။ အခြေအနေပေးရင် ကိုယ့်အိမ်ကိုယ် ပြန်ရောက်ကောင်း ရောက်နိုင်ပါတယ်"
"ဒါမဖြစ်သင့်ဘူး"
"ငြိမ်မခံသင့်ဘူး"
"ဒါသက်သက် စော်ကားတာ"
"ပြန်တုန့်ပြန်ကြမယ်"
"ဟုတ်တယ် ဟုတ်တယ်"
"မခံဘူး ပြန်ချမယ်"
အသံပေါင်းစုံဖြင့် ကားလေးပေါ်၌ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြတော့၏။ သူတို့က စုစုပေါင်းမှ သုံးယောက်ထဲ။ ကျွနု်ပ်တို့ အဖွဲ့က မိန်းခလေးတွေ အပါအ၀င် အယောက် သုံးဆယ်လောက် ရှိသည်။ ဆယ်ယောက် တစ်ယောက်နှုန်းဖြင့်ဆို ပြန်အာခံ၍ ရလောက်သည်။ ရုန်းရင်းဆန်ခတ်ဖြစ်သည့်အတွက် ကားကို ရပ်ထားလိုက်ရသည်။ ထိုစဉ် ကျောင်းသားတစ်ယောက်က ဘယ်က ရလာမှန်းမသိသည့် တူမကြီး (ခြောက်ပေါင်တူကြီး) ဖြင့် ကျွနု်ပ်အနား၌ မတ်တပ်ရပ်နေသည့် စပယ်ယာ လူထွားကြီး၏ ဦးခေါင်းကို နင်းကန် ထုလေတော့၏။ တစ်ချက် နှစ်ချက် သုံးချက် လေးချက် ငါးချက်.... လူထွားကြီးမှာ လဲကျလိုက် ပြန်ထလာလိုက်ဖြစ်နေသည်။ တော်တော် အသက်ပြင်းတဲ့ လူထွားကြီး။ တူဖြင့်ထုသည့် ကျောင်းသား လက်ပန်းကျလာသည်။ တူကိုပင် မမနိုင်တော့။ သို့သော် လူထွားကြီးကတော့ ပန်းပန်လျှက် မတ်တပ်ကြီးပင်။
တတ်သည့် ပညာ မနေသာ ဆိုသလို ကျွနု်ပ်သည်လည်း ကြည့်မနေနိုင်တော့ပေ။ ထိုကျောင်းသားထံမှ တူမကြီးကို ယူကာ ထိုလူထွားကြီးအား အချက်ပေါင်းများစွာ ဦးခေါင်းတည့်တည့် အားရပါးရ ထုနေမိလေတော့၏။ သို့သော် ကျွနု်ပ်သည်လည်း လက်ပန်းကျကာ တူကိုပင် မနိုင်ချင်တော့ပေ။ လူထွားကြီးကတော့ ခေါင်းမှ သွေးများ ဖြာထွက်သည်မှ လွဲ၍ ဘာမှ မဖြစ်။ မတ်တပ်ကြီးပင် အနား၌ ရှိနေလေ၏။ ထူးဆန်းသည်မှာ ထိုလူထွားကြီးက ပြန်လည်တိုက်ခိုက်မှု လုံးဝ မလုပ်ခြင်းပင် ဖြစ်၏။ ထိုအခိုက် ခပ်လှမ်းလှမ်းမှ ဖုန်းတထောင်းထောင်းဖြင့် ကားအနက်ကလေး တစ်စီး လျင်မြန်စွာ ဆိုက်ရောက်လာ၏။
မျက်မှန်အနက်တပ်ထားသည့် ခပ်တောင့်တောင့် လူကြီးတစ်ယောက် ထိုကားပေါ်မှ ဆင်းလာပြီး ကျွနု်ပ်တို့အား (ကားဆရာနှင့် စပယ်ယာတွေ အပါအ၀င်) ကားအောက်သို့ ဆင်းခိုင်း၏။ ကျွနု်ပ်တို့ အားလုံး ကားအောက်သို့ ဆင်းပြီး တန်းစီရ၏။ ထိုလူကြီးက သူ၏ ကုတ်အကျီ င်္ထဲမှ စာချွန်တစ်ခုကို ထုတ်ယူကာ အသံသြဇာရှိရှိဖြင့် ဖတ်ပြီး အမိန့်ပေးလေ၏။
"အမိန့်တော် ပါတယ်။ ဒီကျောင်းသူကျောင်းသား အုပ်စုကို အန္တရာယ် လုံးဝ (လုံးဝ) မပြုရဘူး။ သူတို့ နေရာဌာနကို အန္တရာယ်ကင်းစွာ အမြန်ပြန်ပို့ပေးရမယ်။ မလိုက်နာရင် မင်းတို့ သုံးယောက် သေဒဏ်"
ထိုလူကြီးသည် ညာဘက်လက်ဖြင့် လည်ပင်းကို ဖြတ်ဟန်ပြုပြီး ထိုကဲ့သို့ အမိန့်ပေးခြင်းဖြစ်၏။ ထို့နောက် ထိုအမိန့်တော် စာချွန်ကို ထို ကားဆရာအား ပေးအပ်ထားခဲ့ကာ ကားအနက်ပေါ်သို့ တက်ပြီး မောင်းနှင်ထွက်ခွါသွားလေတော့၏။
ထိုအချိန်ရောက်မှ ကျွနု်ပ်သည် ကျွနု်ပ်တူဖြင့် ထုခဲ့သည့် စပယ်ယာကြီးအား မျက်နှာချိုသွေးကာ ဆောရီးတွေကို ထပ်ခါတလဲလဲ ပြောနေမိတော့၏။ ကျွနု်ပ်တို့အသက်ကို ကာကွယ်ဖို့ အခုလို တူမကြီးနဲ့ ထုခဲ့ရတာကို နားလည်ပေးစေလိုကြောင်း ခွင့်လွတ်ပေးစေလိုကြောင်း တဖွဖွ ပြောနေရတော့၏။ ထိုစပယ်ယာကြီးက ..ရပါတယ်.. ကိစ္စမရှိပါဘူး... ဟု ပြောပေမဲ့ သူ့လက်ကို သူ့ကုတ်အင်္ကျီ အိတ်ကပ်ထဲ နှိုက်ဖို့ ပြင်နေသည်ကို တွေ့ရ၏။ သူ့အိတ်ကပ်ထဲ မျက်လုံးကစားကြည့်လိုက်တော့ ပစ္စတိုသေနတ်တစ်လက်။ မျက်လုံးတွေ ပြာသွားသည်။ ဘုရား ဘုရား။ ကျောင်းသူကျောင်းသားတွေကို တစ်ခုခု အန္တရာယ်ပြုရင် သေဒဏ်ဆိုပေမဲ့ ကျွနု်ပ်တို့အုပ်စု သူ့ကို တူမကြီးဖြင့် အချက်ပေါင်းများစွာ ထုခဲ့သည် မဟုတ်ပါလား။ ဒါကို လက်စားချေတဲ့အနေနဲ့ သူသေကိုယ်သေ လုပ်သွားရင် ကိုယ်ကျိုးနည်းရချည်သေးရဲ့။
ကျွနု်ပ်သည်လည်း သူဒေါသပြေဖို့အတွက် ရူးကြောင်မူးကြောင်ဖြင့် ခပ်ကြောင်ကြောင် ခပ်ဖြီးဖြီး လုပ်နေရလေ၏။ သေနတ်ကို အိတ်အပြင်ထုတ်ဖို့ အဆင်မပြေလောက်အောင် ထိုသူ၏ လက်ကောက်ဝတ်နား တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး.....
"သယ်ရင်းက သည်းခံနိုင်စွမ်းရည် အရမ်းရှိတယ်။ သူတော်ကောင်းတွေသာ ဒီလို သည်းခံနိုင်တယ်။ ပြီးတော့ သယ်ရင်းက ရုပ်ရည်ခန့်တယ်။ ဂျိန်းစ်ဘွန်းမင်းသားနဲ့ တူတယ်။ ရုပ်ရှင်ရိုက်ရင် အောင်မြင်နိုင်တယ်။ ဟဲ ဟဲ အဟီးး"
စသဖြင့် တစ်နာရီခန့် ရောက်တတ်ရာရာ ပြောရင်း သူစိတ်ပြေလာအောင် အချိန်ဆွဲထားရလေ၏။ သူ့လက်ကောက်ဝတ်ကိုလဲ လုံးဝ အလွတ်မပေးရဲ။ တစ်ချက်မှားရင် ဂန့်သွားနိုင်သည် မဟုတ်လား။ သူ့လက်ကောက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားရသည့်အတွက် ကျွနု်ပ်၏ လက်များပင် ညောင်းညာလာပြီး ချွေးစေးများ ပြန်လာလေ၏။ ထိုကဲ့သို့ လက်ချောင်းများ ပိုမိုညောင်းညာ ထုံကျင်လာသည့်အတွက် ကျွနု်ပ်သည် အိပ်စက်ရာမှ လန့်နိုးလာလေတော့၏။ မျက်လုံးဖွင့်ပြီး လက်ထဲ ကြည့်လိုက်တော့ မိုဘိုင်းဖုန်းကလေး ဆုပ်ကိုင်လျှက်သား။ အော်... မိုဘိုင်းနဲ့ ဘီဘီစီသတင်းဖတ်ရင်း အိပ်ပျော်သွားခဲ့တာကိုး။
ပြုံးမိသည်။ သို့သော် တကိုယ်ကောင်လုံးကား ချွေးစက်များဖြင့် စီးကပ်နေလေပြီ။ နောက်နောင် အသိမဟုတ်သူများနဲ့ ကားကြုံလိုက်စီးဖို့ စဉ်းစားရပေတော့မည်။ ထူးဆန်းသည့် အငှားကားများ မစီးမိဖို့ သတိထားရပေတော့မည်။ ထို့နောက် သက်ပြင်းရှည်လေးတစ်ချက်ချရင်း ကော်နီရဲ့ သီချင်းလေးကို ပြေးအမှတ်ရမိလိုက်သည်။.. အိပ်မက်မို့ တို့ သက်သာတာ..။ ။
သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
သူကြီးမင်း (တုံးဖလား)
၂၄၊၁၀၊၂၀၁၄ သောကြာ ၂၁း၅၅ နာရီ။
ဤပို့စ်ဖြင့်....
စန်းထွန်း နှင့်စံပယ်ချို တို့၏ ဘီပီပီချဲလင့်ကို ဖြေပါသည်။
.
12 comments:
ထင်တယ် ထင်တယ်.... ဟုတ်မလိုလိုနဲ့ ဟွန့် .. :D
ရယ်မောစွာဖတ်သွားတယ် သူကြီးမင်းရေ။
စကားမစပ် ရှေ့တစ်ပတ် ခရီးထွက်ခွင့်ပြုအုံးနော် ဘလော့ရွာကြီးရဲ့ အိမ်လေးတွေကို မှန်မှန်လည်ရင်း စစ်ပေးစေလို:P
သကြီးကတော့ လုပ်ချလိုက်ပြန်ပြီ အိမ်မက် တွေ စိတ်ကူးယဉ် တွေနဲ့ အချိန် တွေ ကုနိပါတယိ လက်တွေ့လေး တွေ့လိုက်ရအောင် ခိခ်
ရွှေစင်ဦး
သဂျီးဂွင်က ရိုးနေပြီ။
အသစ်အဆန်းလေး ထပ်စဉ်းစားပြီး ရေးပါအုံး ။ :P
ဖြစ်ရမယ်..သူကြီးကတော့လေ
သိနေတယ်လေ...။
ဒါအိပ်မက်ပဲဖြစ်ရမယ်လို့...။ ဟွင်းဟွင်း...။
သိနေတယ်လေ...။
ဒါအိပ်မက်ပဲဖြစ်ရမယ်လို့...။ ဟွင်းဟွင်း...။
အိမ်မက်မို့သာ တော်တော့တယ် သူကြီး :) :)
တနာရီ ၉၀ မုင်နှုန်းဆိုတော့ နဲနဲလန့်သွားတယ်
နောက်မှပဲသိရတာကတော့ သာဂျီးရေ ဖတ်လို့ကောင်းတယ် တကယ်သာဆိုရင်ပိုတောင်ကောင်းအုန်းမှာနော်။
ဟဲ ဟဲ...မမေပြောသလိုပဲ...သူကြီးက အိပ်မက်တွေ အားကြီးမက်တာပဲ...း))
သို့ပေမင့် ပေါက်ပေါက်ရှာရှာ အိပ်မက်မက်တဲ့နေရာမှာတော့ နိုးတူးဗျို့...း))
အိပ်မက်မှန်းသိသားကပဲ...
ဒီက စာကြေနေပြီ... :P
ဟာ တဂျီးရာတော်တော်ဆိုးတာဘဲ အိုင်အက်စ်ဆီရောက်ပြိဆိုလို့ ဗီဒီယိုဖိုင်တက်လာပြီတောင်မှတ်တာ ဟိဟိ
လူကိုလန့်သွားတာဘဲ :P
ရေလည်မိုက်စ်
Post a Comment