Sunday 31 August 2014

"ဘလော့ဒေးမို့" ထပ်ကွန့်တေးထပ်


ဘလော့ဂါ ဖြစ်ကာစ၊ ထစ်မာန ပုံပုံပင်
ဖြစ်တာက စုံစုံလင်သည်၊ ပုံပြင်တွေ မနဲ။
နှစ်ထောင့်ရှစ် သက္ကရာဇ်မှာ၊ စလှစ်ခါ ရေးဖြစ်ဖို့ ခဲ။ 
အင်တာနက် အွန်လိုင်းပေါ်ဝယ်၊ ထင်တိုင်းပျော် နေမြဲ။ 
မြင်မဆိုင်း ကြွေအသဲ ဟာမို့၊ တွေဝေဆဲ ချိန်ခါ။
မြှောက်ပင့်ဆို ထိုကွန်မင့်တွေက၊ လွန်အတင့် ပျော်ဆင့်သည်သာ။
ခုများတော့ တုမှားစရာကို၊ မုသားဆို ရှက်လွန်းလို့
ထက်နန်းမှာ စာပုလွေ၊ ရေးကြစို့လေ။
ဘလော့အရေးမို့ အသော့ပေးနေသည်၊ မလျော့ရေးကာ နေဦးကွဲ့လေး။
ဘလော့ရေးဖို့ အသော့ပေးပါသည်၊ အလျော့ပေးကာ နေဦးနဲ့လေး။
ဘလော့ဒေးမို့ အသော့ရေးချင်သည်၊ အလျော့ပေးကာ နေဘူးကွဲ့လေး။ ။



.

13 comments:

လက်ဝဲ said...

ခေတ်ပြိုင် တေးထပ် မိုက်

မိုးသက် said...

ဟီးဟီး တေးထပ်မရေးတတ်သေးဘူးဗျာ. ကြိုးစားကြည့်ဦးမယ်..။

သူကြီးမင်း (တုံးဖလား) said...

-အမောင်လက်ဝဲ ထိပ်ဆုံးကပါလား။ ဘလော့ပေါ် သစ္စာရှိပါဘိ။း)

-ကမိုးသက်.. သူကြီးလဲ တတ်လို့တော့ ဟုတ်ဘူး။ ဒီလိုဘဲ ရမ်းသမ်းမှန်းတုတ်ကြည့်လိုက်တာ။ ပြင်ပေးမဲ့သူများ ပေါ်လာမလားလို့။ ရွှေလူမျိုးတို့ကလဲ ခွန်းကြီးခွန်းငယ်သာ ထွက်ရဲကြတာ တစ်ဘက်လူရဲ့ စာပေ အမှားကို ပြင်ပေးရမယ်ဆို အားနာပြီး လက်တွန့်နေကြရော။ ဟဲ ဟဲ။ ကိုယ်လဲ တူတူဘဲ။း)

မိုးညချမ်း said...

အဲလို တေးထပ်လေး ရေးတတ်ချင်စမ်းပါဘိ … :)

Aunty Tint said...

သိနေတယ် သိနေတယ် သူကြီးမင်း ရေးမယ်ဆိုတာ လူကသာနေမယ် ပညာကရှောင်မလွဲလေ.. သူကြီးမင်း ဘယ်တော့ မြန်မာပြည်အလည် ပြန်လာမလဲ ခဏလေးဖြစ်ဖြစ် တွေ့ခွင့်ပေးပါ။ အပွိုင့်မဲန့် ကြိုတောင်းထားလိုက်ပြီနော် ...
သူကြီးလုပ်ပေးခဲ့တဲ့ MBCD နောက်ပိုင်းမှာ ဘလော့လေးတွေ တစစပြန်လှုပ်ရှားလာတာမို့ ကျေနပ်ဝမ်းသာနေမိတယ် သူကြီးမင်းရယ်....

ရင်ငြိမ်းသူ (Yin Nyein Thu) said...

အဲလိုကဗျာလေးတွေရေးတတ်ချင်မိ။

MSSK said...

တိုတိုလေးနဲ့ ထိအောင်ရေးတတ်တယ် သူကြီး

blackroze said...

နေမကောင်း ဖြစ်နေတုန်းဘဲသူကြီး..အဲတာလာပြောတာ

ဟန်ကြည် said...

အရီးဂတိုး သူကြီး...

( မြန်မာလို အနက်တော့ မပြန်ခိုင်းနဲ့ဗျို့...သီဟတင်စိုးဇာတ်ကားထဲက မှတ်ထားတာရယ်... )

ကိုင်း ဘာပဲဖြစ်ဖြစ် ပုံမှန်ဂင်းဖို့ တကယ်ကို စိတ်ပိုင်းဖြတ်လိုက်ပြီဗျား...

Cameron said...

Happy Blog Day ပါ သကြီးမင်း..း) တေးထပ်လေးသိပ်ကြိုက်တယ်

သူကြီးမင်း (တုံးဖလား) said...

မိုးညချမ်း။
ရေးကြည့်ရင် မိုးညချမ်းတို့က ခဏလေးနဲ့ တဘက်ကမ်းခပ် တတ်လောက်ပါတယ် စမ်းကြည့်နော်။

တီတင့်။
ဒီတစ်ခါ အလည်ပြန်လာရင် ဆက်သွယ်လိုက်မယ်နော်။ အွန်လိုင်းပေါ်တင်ပြီးသား အစားအစာတွေ အကုန်စုပေါင်း ကျွေးရအောင်သာ ပြင်ထား။း)

ရင်ငြိမ်းသူ။
စမ်းကြည့်နော်။ နာမည်လေးက ကဗျာဆန်နေပြီဘဲ။ ကဗျာတွေ ရေးတတ်ဖို့တော့ အေးဆေးနေမှာ။

ဇော်ဝင်းမောင်။
တိုတိုလေးနဲ့ ထိတယ်ဆိုတော့ နောက်လဲ တိုတိုလေး ထပ်ရေးမှ ထင်တယ်။ ရေးရတာလဲ သက်သာ ထိလဲထိ။ ဟာ ဟ။း)

ဝက်မလေး။
နေမကောင်းရင်လဲ နေမကောင်း ဖြစ်ခဲ့ရခြင်းအကြောင်းကို ချရေးပေါ့။ စာတစ်ပုဒ်လဲဖြစ် ဆင်ခြင်သင့်တာတွေကိုလဲ အသိပေးပြီးသား။ ကောင်းဘူးလား။

ဆရာဟန်။
အရီးဂတိုး ပါ ဆန်းဆေးဟန်။း)
ဒီတခါတော့ ဆရာဟန် တကယ် ဂတိပေးသွားတာဘဲ။
မြင်ရတော့မယ် ပို့စ်တွေ ဘကုန်းရွာမှာ။

မိုးငွေ့။
မင်္ဂလာပါ မိုးငွေ့ရေ။ တေးထပ်လေးကို ကြိုက်တယ်ဆိုလို့ ၀မ်းသာပါတယ်။ ကျေးဇူးလဲတင်ပါတယ်။

အနှိုင်းမဲ့ said...

ကလောင်ကထက်မြတ်ချက် သူကြီးရယ်

မြစ်ကျိုးအင်း said...

သိပ်ကောင်းတဲ့အစီအစဉ်ပါပဲသူကြီးမင်းရေ..
ဒီအစီအစဉ်သာ အောင်မြင်လာရင် ဘလော့ဂ်လောက လှုပ်လှုပ်ရှားရှား ဖြစ်လာမှာပါ။