Thursday 19 June 2014

"ဖဘပျက်စေ"


ဤသို့ပြုရ၊ ကုသလကြောင့်
ဖဘပျက်စေ၊ တောင်းဆုချွေ၏
ညနေမနက်၊ အိပ်ရေးပျက်၍
စာကျက်စာအံ၊ စာရေးဥာဏ်နဲ့
စာဟန်တွေဖောက်၊ စာယဉ်ပျောက်၏။

ရှေ့ နောက်မြောက်တောင်၊ သတင်းဆောင်ပြီး
မှန်ယောင်ထင်မှား၊ စိတ်လိုက်သွားသော်
တရားကွယ်ပျောက်၊ အမှားရောက်၍
ဖောက်လွဲဖောက်ပြန်၊ မှန်လေဟန်ဖြင့်
ဥာဏ်နီဥာဏ်နက်၊ ဥာဏ်လှည့်ကွက်အောက်
စုံးစုံးမှောက်ပြီး၊ မာန်မြှောက်မူပို
ထင်တိုင်းဆိုသော်၊ ကုသိုလ်တစ်ပဲ
ငရဲများစွာ၊ ဖြစ်တတ်ရာ၏။

ပညာမျက်စိ၊ ဥာဏ်နှင့်ညှိပြီး
သတိကိုဆောင်၊ ဂတိရှောင်၍
အမှောင်ပယ်ရှင်း၊ အမှားကင်းလော့။

ခပင်းဝေနေ၊ လွန်တွေဝေ၍
သုံးနေအွန်လိုင်း၊ ထင်ရာစိုင်းသော်
စိတ်ရိုင်းတွေဝင်၊ စိတ်ကောင်းကြဉ်ပြီး
ပူပင်စိတ်တို၊ မာနပို၍
မလိုဒေါသ၊ လိုလောဘကြောင့်
ဖဘပျက်စေ၊ တောင်းဆုချွေသည်။

များထွေကောင်းကျိုး၊ ရွက်သယ်ပိုးလော့။ 


(သူကြီးမင်း  
၁၉ .၀၆.၂၀၁၄  ၀၉း၁၁း၃၆)


5 comments:

စံပယ်ချို said...

နေရာတကာ ပါနေတဲ့သူတွေအတွက်ပျက်တာ ကောင်းပြီး မိသားစု သူငယ်ချင်း မိတ်ဆွေများနဲ့ အမှန်တကယ်ဆက်သွယ်နေတဲ့သူတွေအတွက် ပျက်တာကောင်းဘူးသာဂျီးရေ-------

သဒ္ဓါလှိုင်း said...

သတိတရ လာလည်ပါတယ်.
မရောက်တာ ကြာသွားတယ်...သူကြီးမင်း

ခင်မင်လျက်
သဒ္ဓါ

ဟန်ကြည် said...

ဟုတ်ပဗျာ...ဖွဘုတ်ပေါ်တက်မှပဲ ဘလော့ကို မေ့သလို ဖြစ်နေတာ ကြာပါပေါ့လား...ကျွန်တော်တော့ စာရေးလက်မပျက်အောင် ဖွဘုတ်မှာလည်း စာတိုပေစလေးတွေတော့ ရေးချွတ်နေတာပါပဲ...သို့ပေမင့် ဖွဘုတ်မှာက စာရှည်ရှည်ရေးလို့ မရဘူးဗျ...လူတွေက အချိန်မပေးနိုင်ကြတော့ တိုတိုနဲ့ လိုရင်းကို ရေးရတာ များတယ်...တစ်နည်းပြောရရင်တော့ သံခိပ်ရေးတတ်သွားတာပေါ့ဗျာ...ဘာပဲဖြစ်ဖြစ် ကွန့်ညွန့်ပြီး ရေးနေကျလူဆိုတော့ သံခိပ်လိုရေးရတာ အားမရတာ အမှန်ပဲဗျို့...

မောင်သီဟ said...

ပျက်သွားလည်း အေးတာပဲ သယ်ကြီးရာာာ ပျက်ပါစေး)း)

Aunty Tint said...

ဖဘမှာအပြစ်မရှိပါဘူး တဂျီးမင်းရယ် ဖဘကို တစ်ဖက်စွန်းရောက် အသုံးချနေသူတို့မှာသာ အပြစ်ရှိတယ်ထင်ပါ့ ....