Saturday 25 August 2012

အပျော်ဆိုတာရယ်...



ကမ္ဘာပေါ်မှာ ရေတွေကြီးလို့
မြေကြီးပြိုလို့ သေကြပြန်။
တောမီးလောင်ကာ မုန်းတိုင်းတိုက်တော့
ရန်သူတိုက်ခိုက် သေဖို့ဖန်။
ဝမ်းလျောရောဂါ မိုင်းတွင်းပိလို့
ရုပ်ရှင်ကြည့်ရင်း သေကြပြန်။
မှန်းကာသာတွေး၊ ရှင်ဖို့ရေး၊ သေဘေးဘ၀၀်လျှံ။
အဲဒါကြောင့် လောဘဒေါသ လျှော့ကြမှန်ဧကန်။


ဒီ ဒီဇင်ဘာ ၂၁ရက်မှာ
ကမ္ဘာပျက်မလား ပူရပြန်။
ဗေဒင်ဆရာ မမှားတွက်ရင်
ပြည်ရွာပျက်ဖို့ မှန်နေပြန်။
လူမိုက်ဗာလာ အင်အားကြီးလို့
ဒီလိုနည်းနဲ့  ပျက်ဖို့ဖန်။
သဘာဝဘေး၊ ကင်းဖို့ရေး၊ ရှောင်ပြေးမလွတ်ပြန်။
အဲဒါကြောင့် လောဘဒေါသ လျှော့ကြမှန်ဧကန်။


အပျော်ဆိုတာ ခဏလေးမို့
ဘ၀ပေးဖို့ မထိုက်တန်။
တရားဓမ္မာ အေးရိပ်အောက်မှာ
ချွေးသိပ်ဖျောက်ဖို့ ခိုလှုံရန်။
ဓမ္မငွေ့ရည် ချိုချိုအေးက
ပိုပိုနွေးဖို့ စွမ်းဆောင်မှန်။
ပျော်မဲ့အစား၊ ရိပ်သာသွား၊ တရားရှုမှတ်ကြံ။
အဲဒါမှ လောဘဒေါသ လျှောကျမှန်ဧကန်။

(၂၅.၀၈.၂၀၁၂ စနေနေ့ ညနေ ၆ နာရီ ၄ မိနစ်)



.. 

13 comments:

ချစ်စံအိမ် said...

လာရောက်ဖတ်ခဲ့ပါတယ်ရှင်..

လရိပ်အိမ် said...

ခုဘဲ တရားမှတ်ပြီးကာစး)

mstint said...

'ငါသည် မုချ သေရမည့် အချိန်ပိုင်းသာ လိုတော့သည်။ အသေမဦးခင် ဉာဏ်ဦးအောင် အားထုတ်ပါတော့မည်'
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မင်းဧရာ said...

ဒါနဲ့....
သူကြီးမင်း အခုဘယ်ရောက်နေလဲ ဟင်း)။

သဒ္ဓါလှိုင်း said...

လောဘ ဒေါသတွေကို လျှော့လိုက်ပြီ.... လာလေရော့..
သတိပေးဆုံးမစာလေးအတွက် သူကြီးမင်းလည်း လောဘဒေါသများ လျော့ပါစေ.. (ကမ္ဘာပျက်ထဲမပါပါစေနဲ့...)
ခင်မင်လျက်
သဒ္ဓါ

ဘုန်း၂တောက် said...

natural disaster...
ရောက်လို့ မလာမီ...
အသိကိုယ်စီ...
ရင်ဝယ်ပိုက်ကာလို့...
သွားကြစို့ ရိပ်သာဆီ...

ကူးကူးလှိုင် said...

သတိပေးစကားလေးတွေ ကဗျာလေးနဲ့ ပြောပြထားတာ အရမ်းကောင်းပါတယ်ရှင်...

Candy said...

ဟုတ်ကဲ့ လိုက်နာပါ့မယ် :)

Anonymous said...

By the way,how old are you?

မြသွေးနီ said...

ဘာရမလဲ အသံထွက်ကို ရွတ်ဆိုပစ်လိုက်တယ် .. :))

Angelhlaing(May everybody be happy and healthy! said...

ဘုရားနဲ့ ဝေးနေတာ ကြာပြီအကို...:)))
ကျေးဇူးပါလို့..

San San Htun said...

ကမ္ဘာကြီး တကယ်ပျက်မယ်ဆိုရင်တော့ မြန်မာပြည် ပြန်ချင်တယ်..တဂျီးမင်း သတိပေးမှပေပဲ..

မိုးခါး said...

လူတွေ လူတွေ ဒေါသ မောဟ တွေ ကိုယ်စီလျှော့ကြရင် ကမ္ဘာကြီးလည်း သက်ဆိုးရှည်ပါလိမ့်မယ် ..း-\