Monday 16 January 2012

စက်ဆန်းပေါက်ကွဲမှုအလှူ ပြီးစီးခြင်း (၂) (အသံဖိုင် ပါဝင်သည်)

မနေ့တုန်းက မတင်နိုင်တဲ့ အသံဖိုင်တွေရယ် ဓါတ်ပုံတွေရယ်ပါ.။ ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့ဗျာ..ကျဆုံးသွားတဲ့ သူတွေကိုတော့ ကျွန်တော်တို့တွေ မလှောင်ပြောင်မိဖို့ လိုပါတယ်။အခုလို ဓါတ်ပုံတွေ ဖော်ပြပေးလိုက်တယ် သတင်းတွေတင်ပေးတယ်ဆိုတာကလည်း အားလုံးသိအောင် သာဓုခေါ်ဆိုနိုင်အောင်သာ ရည်ရွယ်ပါတယ်။အရာရာကို အကောင်းမြင်ကြရင် အကောင်းမြင်ပေးနိုင်ရင် မအေးချမ်းပေဘူးလားဗျာ...။ နားထောင်လို့အဆင်ပြေနိုင်မဲ့ ဖိုင်လေးတွေ တင်ပေးလိုက်ပါတယ်။ အချိန်ရရင် နားထောင်သွားကြပါခင်ဗျား။


ဒဏ်ရာကို ပြသနေတဲ့ ကျွန်တော်တို့အဖိုးအရွယ် မီးသတ်သမားတစ်ဦး

  interview with ma thidaohn by mmyg
“အိမ်က အခုလေးတင် ထွက်သွားပြီး ခဏနေတော့ သေဆုံးသွားပြီဆိုတာကို မယုံနိုင်ခဲ့ပါဘူး”ဆိုတဲ့ တပ်ကြပ်ကြီး ရဲသူရ ဇော်ဌေးရဲ့ဇနီး



“အဲဒီနေ့က ၅တန်းကျောင်းသူ သမီးလေးရဲ့ ကျောင်းကပွဲသွားမလို့ ခွင့်ယူထားတာလေ..အဲဒီမနက်မှာပဲ သမီး တို့အဖေ ဆုံးသွားခဲ့တာ”လို့ ဆိုတဲ့ တပ်ကြပ် ရဲသီဟ တင်စိုးရဲ့ဇနီး မဇာခြည်စိုး

“သားလေးကို တွေ့တဲ့အချိန်က ခေါင်းမရှိတော့ဘူးလေ..ကျွန်မဆင်ထားတဲ့ လက်စွပ်ကလေးကို ကြည့်ပြီး ဒါ ငါ့သားလေးပဲလို့ အတည်ပြုခဲ့ရတယ်”လို့ ပြောတဲ့ တပ်သားရဲသူရ မျိုးကျော်ကျော်ရဲ့ မိခင် ဒေါ်အေးအေးမြင့်



“၅ရက်နေ့ကျရင် အမေ့ကို ကျိုက်ထီးရိုးဘုရားလိုက်ပို့မယ်ဆိုပြီး ခွင့်ကြိုယူထားတာလေ..အခုတော့ သူစိတ် ချမ်းသာအောင် အမေတစ်ယောက်ထဲ သွားပေးလိုက်တယ်ကွယ်” ဆိုတဲ့ တပ်သားရဲသူရ အောင်အောင်ရဲ့ မိခင်ကြီး..

ဒဏ်ရာရ မီးသတ်တပ်ဖွဲ့ဝင်အချို့ နှင့် မြန်မာမုဒိတာအဖွဲ့ဝင်လူငယ်များ 


လေးစားစွာဖြင့်
ကိုရင်
22:51(GMT)

 မူရင်း။
မြန်မာမုဒိတာ လူငယ်များအဖွဲ့ဘလော့ဂ်မှ ကူးယူဖော်ပြပါသည်။


.

7 comments:

mstint said...

စိတ်ချ ကိုကိုမောင်ရေ နားထောင်နိုင်ဘို့ အခုထဲကစပြီး စိတ်ရှည်ရှည်နဲ့ ဖွင့်ထားတယ်။ နောက်တစ်နာရီ လောက်ဆို
ပြန်လာနားထောင်လို့ရပြီ။
တစ်ကူးတစ်ကတင်ပေးတာနဲ့တင် ကျေးဇူးတင်နေပါပြီ။
မြန်မာမုဒိတာလူငယ်များအဖွဲ့ရဲ့ အားကြိုးမာန်တက်
ဆောင်ရွက်မှုလေးတွေအတွက် သာဓု သာဓု သာဓုပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

သာဓု ပါ ကိုကိုမောင် ရေ

ရွှေစင်ဦး

စံပယ်ချို said...

2012 မှစ၍ ပြည်မြန်မာငြိမ်းချမ်းပါစေတော့ရှင်
မြန်မာမုဒိတာလူငယ်များအဖွဲ့သားများလဲ
အမြဲ ကူညီနိုင်ပါစေ ။

Candy said...

အဲ့လိုမျိုး နားထောင်ချင်ဘူး..
ဝမ်းနည်းတတ်လို့.. :( :(

San San Htun said...

ဝမ်းမြောက်စွာ သာဓုခေါ်ပါတယ်

မြသွေးနီ said...

ဆောင်ရွက်သူတွေရော...
လှူဒါန်းသူတွေရော..
သာဓုခေါ်ပါတယ်။
မြင့်မြတ်စွာအသက်ပေးကွယ်လွန်သွားသူများ ကောင်းမွန်ရာ ဘုံဘ၀သို့ ရောက်စေဖို့ ဆုတောင်းမိပါတယ်။

Anonymous said...

တက်နိုင်တဲ့နေရာကနေ အားဖြည့်ပံ့ပိုးပေးကြတဲ့ လူငယ်တွေကိုလေးစားပါတယ်ဗျာာ


မောင်ဘကြိုင်