Tuesday 10 January 2012

အချုပ်စာရင်း အပေါ်မတက်လာလို့

 
 ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်  မီးဘေးသင့် ပြည်သူများအတွက် အလှူငွေ ကောက်ခံခဲ့ရာ နိုင်ငံတကာမှ အလှူရှင်များစွာတို့က မိမိတို့ တတ်နိုင်သလောက် လှူဒါန်းခဲ့ကြပါသည်။ ယခုအခါ၌ အလှူငွေ ကောက်ခံခြင်းများကို ရပ်နားလိုက်ပြီး အလှူငွေများကို မီးဘေးသင့်ပြည်သူများအား ကိုယ်တိုင် သွားရောက်လှူဒါန်းဖို့ စီစဉ်နေပြီ ဖြစ်ပါသည်။ အလှူငွေစာရင်းချုပ်ကို အောက်ဖော်ပြပါ လင့်ခ် တစ်ခုခုအား နှိပ်၍ ဖတ်ရှုနိုင်ပါသည်။ အောက်ပါ ဘလော့ဂ်လင့်ခ်တို့၌ ထိုစာရင်းချုပ်တို့ကို တင်ခဲ့ပြီးဖြစ်သော်လည်း တက်ကနော်လော်ဂျီ တစ်ခုခု ချွတ်ယွင်းမှုကြောင့် ထိုပို့စ်သည်  ဘလော့ဂ်ဆိုဒ်ဘား အပ်ဒိတ်လစ်ထ်တို့၌ အပေါ်သို့ လုံးဝ တက်မလာပါ။ ထို့ကြောင့် ယခုလို ဆိုင်ရာလင့်ခ်တို့အား ဖော်ပြပေးလိုက်ခြင်းဖြစ်ပါသည်။ အားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။ (ကိုကိုမောင်၊ပန်းရနံ့)







..

13 comments:

Anonymous said...

ဒဂျီး လာအားပေးတယ်နော်...2လုံပျူး ၇ှိလား..ဘာဒဂျီလဲ..ဟဲဟဲ...

ခင်မင်စွာဖြင့် မောင်တလုံး

SHWE ZIN U said...

ရုတ်တရက် ဖတ်လိုက်တော့ အချုပ်ကား အပေါ် တက်မလာလို့ ဆိုလားလို့ ဟားးးးးးး

မဒမ်ကိုး said...

update မဖြစ်တာတဲ့တဂျီးရဲ့ဘိုလုပ်ရမဲး(

လွင်ပြင်လှိုင်းငယ် said...

အချူပ်ဆိုလို့ လန့်သွားတာပဲ

ညိမ်းနိုင် said...

ဟုတ်တယ်...တဂျီး.......ကျွန်တော့ဆီမှာလည်း အပ်ဒိတ်
ဖြစ်ဝူး....။ခုတော့အိုကေဘီ........ဘလော့စပေါက ဖြစ်တာ
ထင်ရဲ့....။

ဘိုဖြူ said...

အချုပ်ဆိုတော့ခပ်လန့်လန့်ရယ်ပဲ
သဂျီရယ် ရေးမှဖြင့်--------

Angelhlaing(May everybody be happy and healthy! said...

လ...တောင် လ..တယ် အကိုရယ် . (မွန်စကားသံဖြင့်)....:):)

Candy said...

ဘာများလဲလို့ အလန့်တကြား ဟိဟိ

UK က အလှူငွေ ခြောက်သိန်းကျော်တောင် ရတယ်နော်.. ၀မ်းသာလိုက်တာ :D :D :D

ဟန်ကြည် said...

ဟုတ်ပ သူကြီးရယ်...
လုပ်လိုက်မှဖြင့် အလန့်တကြား...ဘယ်က အချုပ်ပါလိမ့်လို့ အပြေးအလွှားလာကြည့်ရတယ်...ရွှေပြည်ကြီးပြန်ရောက်ရင်တော့ ဂျာနယ်လစ်သာလုပ်စားပေရော့...ခေါင်းစဉ်ကို ပွဲဆူအောင် ပေးတတ်လွန်းလို့...း)

အလှူဒါနတွေအတွက် သာဓုခေါ်သွားပါသဗျား..

mstint said...

ခရီးရောက်မဆိုက် 'အချုပ်' စကားကြားလိုက်ရ
နားဝမချမ်းသာပါလား ကိုကိုမောင်တဂျင်းမီးရယ်း)
စာပိုဒ်ဖတ်လိုက်ရတော့လည်း မီးဘေးသင့်ပြည်သူတွေ
အတွက် စိတ်မကောင်းဖြစ်မိပြန်တယ်။
မဖိတ်ခေါ်ပဲ ရောက်လာလေ့ရှိတဲ့ ဒုက္ခတွေကများသား။
လောကလူသားအားလုံး စိတ်ဓာတ်အစဉ်ကြည်လင်
အေးမြချမ်းသာသုခနဲ့ ပြည့်ဝကြပါစေလို့-

မေတ္တာဖြင့်
အန်တီတင့်

မြသွေးနီ said...

အချုပ်စာရင်းဆိုလို့ ဘာများလဲလို့...
ခေါင်းစဉ်အပေးကောင်းတဲ့ သဂျီးမင်း...
မွန်မြတ်တဲ့အလှူမှာ ပါဝင်ခဲ့သူတွေရော၊ ဦးဆောင်ခဲ့သူတွေရော ၀မ်းမြောက်စွာ သာဓု(၃)ကြိမ် ခေါ်ခဲ့ပါတယ်။

နေ၀သန် said...

ဘလော့ခ်နဲ့အဆက်ပြတ်နေတော့ အချုပ်စာရင်း ဆိုတော့ လန့်သွားတာပဲ..း).. သာဓုပါ သူကြီးရေ... သာဓု.. သာဓု..

ခင်မင်လျက်
နေ၀သန်

essay writings service online said...

over. I do not know whether the war can be just or not, but I think the war is always cruel essay writings service online