Sunday 8 January 2012

တဂ်လို့မို့ ရေးရပါတဲ့ (တစ်နေ့တာ)

 
တဂ်ပို့စ်ဆို
မက်ဖို့မလို
ခက်လို့ကို မရေးဘူး။

မျက်နှာအေးအောင်
တဂ်စာရေး  ပြန်ဖြီးလိုက်တယ်
သူကြီး ခေါင်းတွေမူး။
.
အတိုလေးမို့
မငိုကြွေးလိုက်ပါနဲ့
ပျိုလေးရဲ့ ရှိုက်ရင်ဖို။

တိုနှဲ့နှဲ့
အပိုမချဲ့ပေမဲ့
ညိုနွဲ့ရဲ့ အမေးတော့
ဖေးမ ရေးပြဆို။


ပြောပြခက်
ဒေါသမထွက်ပါနဲ့
ချောနှမ မျက်ရည်ယို။

သဒ္ဓါပျက်
ဗျာပါဖက်ရင်တော့
အထာမညက်သူမို့
သူ့အတွက် သနားပို။
 ....


အိပ်ယာကနိုးနိုးချင်းအရင်ဆုံးဘာလုပ်သလဲ
မျက်လုံးဖွင့်ပါတယ်။

မနက်စာကို  ဘယ်လိုအစားအစာ  စားရတာကြိုက်ပါသလဲ
စကော့ဘရိတ်ဖာ့စ်ထ်။
  
လောလောဆယ်နေ့တိုင်းစားဖြစ်နေတဲ့   မနက်စာ...
ကော်ဖီနှင့်ပေါင်မုန့်။

နေ့လည်စာကို   ဘယ်လိုနေရာမျိုးမှာစားရတာကြိုက်ပါသလဲ
ကြယ်ငါးပွင့်ဟိုတယ်ပေါ်မှာ။

အခုလက်ရှိအစားချင်ဆုံးဟင်းကိုပြောပြပါ
အညှီနံ့ကင်းတဲ့ ငါးရံ့ခေါင်းဟင်းချိုရည်။

အလုပ်မှာကော်ဖီ  ဘယ်နှစ်ခွက်  သောက်ပါသလဲ
ပုံမှန်မရှိပါ။

ညနေစာကိုဘယ်မှာစားတတ်ပါလဲ
နေအိမ်မှာပါ။

ညနေစာစားရင်းနဲ့  အများဆုံးစဉ်းစားဖြစ်တတ်တဲ့  အကြောင်းအရာ
   စားပြီးရင် သွားတိုက်ရဦးမယ်ဆိုတဲ့အကြောင်း။

အလုပ်ဆင်းတဲ့အချိန်မှာခံစားချက်..
  ထွေထွေထူးထူး မရှိပါ။

အိမ်ပြန်ရောက်ရောက်ချင်းဘာအရင်လုပ်တတ်သလဲ
   အိမ်တံခါးကို ဖွင့်ပါတယ်။

ဒုတိယလုပ်မိတာလေး..
    လွယ်ပိုးလာတဲ့ အိတ်ကို ပစ်ချပါတယ်။

ညမအိပ်ခင်ကော်ဖီသောက်တတ်ပါသလား..
   မသောက်ပါ။

ညအိပ်ယာထဲဝင်ဝင်ခြင်းအချိန်ဘာအရင်ဆုံးလုပ်ပါသလဲ...
တုံးလုံးလှဲလိုက်တာပါ။

အိပ်မပျော်တဲ့ညတွေမှာ  ဘာလုပ်သလဲ
အင်တာနက်ပေါ်က စာပေါင်းစုံဖတ်ဖြစ်ပါတယ်။

တအားစိတ်ဓါတ်ကျလာတဲ့အခါမျိုး     စိတ်အားငယ်တဲ့အခါမျိုးတွေမှာ  ဘာလုပ်တတ်သလဲ
ဘာမှ မလုပ်ဘဲ နေလိုက်တယ်။

အပြင်သွားတဲ့အခါ  အမြဲတမ်းသတိထားပြီးယူတတ်တဲ့ပစ္စည်း
သော့ ဖုံး ပိုက်ဆံပါတဲ့ ပိုက်ဆံအိတ်

မိသားစုဝင်တွေထဲမှာ   အချစ်ရဆုံးသောလူ
အမေ

သူစိမ်းတွေအထဲမှာ   မိမိအယုံကြည်ရဆုံးသူ
N/A

အလုပ်ထဲမှာကိုယ်အခင်ဆုံးသူ
N/A

ကိုယ်မှာရှိတဲ့ပစ္စည်းတွေထဲကအကြိုက်ဆုံးပစ္စည်းလေးတခု..
  လက်ရှိအသုံးပြုနေတဲ့ လက်ပ်တော့ ကွန်ပျူတာ။

လက်ဆောင်ရထားတဲ့အထဲကအကြိုက်ဆုံးပစ္စည်းလေးတခု
   မရှိပါ

ကိုယ့်ပတ်သက်ဖူးတဲ့သူတွေထဲမှာကိုယ့်ကို   နားလည်ခွင့်လွှတ်ပေးနိုင်ဆုံးသူ
N/A

အခုလောလောဆယ်အဖြစ်ချင်ဆုံးဆန္ဒ
ယူရိုမီလျံဂျက်ပေါ့ ပေါက်ချင်တယ်။း)

.

15 comments:

ခရစ္စတလ် said...

အတိုအထွာလေးပေမယ့် ပျိုကညာဝက်ကလေးကတော့ ကြိုက်မှာပါ :)

သဒ္ဓါလှိုင်း said...

အဖြစ်ချင်ဆုံးဆန္ဒအမြန်ဆုံးဖြစ်ပါစေလို့ ဆုမွန်တောင်းပါတယ်။
ခင်မင်လျက်
သဒ္ဓါ

စံပယ်ချို said...

သဂျီးရေ
ပြောမလားမပြောဘူးလားအရင်မေးမယ်နော် မပြောလို့ကတော့ တစ်ရွာလုံးကို သောင်းကျန်းလိုက်မယ်
N/A-----ဆိုတာဘယ်သူတုန်း????????????????
ကိုယ်ရွာက ရွာသူရွာသားတွေမေးတဲ့မေးခွန်းကိုတော့သဂျီး
ဖြေရမယ်နော်
ဖြေပေးပါ---ဒါဗြဲ

Angelhlaing(May everybody be happy and healthy! said...

ခပ်ရှင်းရှင်းနဲ့ ပြတ်ပြတ်ပဲပေါ့လေ အကိုကတော့..:):)
ယူရိုမီလျံဂျက်ပေါ့ ပေါက်ရင် အိန်ဂျယ်ကိုလဲ သတိရပါနော် ...:P:P

San San Htun said...

တဂျီးက တိုတယ်ပြောလို့  ထပ်ထည့်လိုက်တာ အခု စန်းထွန်းက တဂျီးထက် ရှည်သွားပြီ
အမေးအဖြေအတိုဆုံးဆု ဆုချရမယ်။း) ဆိုတာ တဂျီးမင်းမှ အစစ်..:P
ယူရိုမီလျံဂျက်ပေါက်ရင် ဘာအစီအစဉ်တွေရှိတုန်း လင်းစမ်းပါဦး..:P

blackroze said...

ယူရိုမီလျံဂျက်ပေါက်ရင်
သူများကိုလည်း မုန့်ဘိုးပေးဖို့
မမေ့နဲ့နော်..

Candy said...

တဂျင်းမီးရေးထားတဲ့ ကဗျာလေး သဘောကျတယ်။ ကန်ဒီပိစိကိုလည်း တပုဒ်လောက်ရေးပေးပါလား :D :D :P

Anonymous said...

အိပ်ရာထလျှင်
မျက်လုံးဖွင့်ကာ
စကောနဲ့ မနက်စာ စားပါ့မယ်။

ငါးပွင့်ဟိုတယ်
ငါးရံ့ခေါင်းတွယ်တော့
လည်ချောင်း အရိုးမျက်ပေါ့ကွယ်။

ညစာပြီးလျှင်
သွားတိုက်လွန်းလို့
ရေစီးကမ်းပြို ဖြစ်တော့မယ်။

အိပ်ရာဝင်လျှင်
တုံးလုံးလှဲလျက်
အင်တာနက်မှာ ချတ်သေးတယ်။

စိတ်ဓာတ်ကျလျှင်
ဗုဒ္ဓရှေ့မှာ
နားပူတိုက်ကာ ရွတ်ဖတ်မယ်။

ယုံသူနတ္ထိ
ခင်သူမရှိတဲ့
သဂျီးရဲ့ဘ၀က သနားစဖွယ်။

ဂျက်ပေါ့ ပေါက်ရင်
ဂျက်လေယာဉ်နဲ့
ဂျက်ကီချန်းကို သွားတွေ့မယ် ...
တွေ့ မယ် ... တွေ့ မယ် ... ။

မဒမ်ကိုး said...

NA ဆိုတာ နုနုအေးကို အတိုကောက်ခေါ်တာလေ
မသိကြဘုးလား အော်ခက်ပါဘိတော့တယ်

လာပြန်ပြီနောက်တစ်ယောက် ပေါက်ကြပါစေ ပေါက်ကြပါစေး)

AH said...

ဂျက်ပေါ့ကြီး ပေါက်ပါစေဗျား

လွင်ပြင်လှိုင်းငယ် said...

NA ဆိုတာ နုအေးတဲ့ ဟုတ်လား ဂျီးမင်း

ဘိုဖြူ said...

ကိုကိုမောင် သဂျီမင်းရေ
အဖြစ်ချင်ဆုံးဆန္ဒအမြန်ဆုံးဖြစ်ပါစေလို့ ဆုတောင်းပါတယ်ဗျာ

ချော(အစိမ်းရောင်လွင်ပြင်) said...

ကြယ်ငါးပွင့်ဟိုတယ်မှာတဲ့လား သူဂျီးရယ်
ပြောမှ ပြောတတ်ပလေ..
ကောင်းတော့မှာပေါ့လေ..
စကားမစပ် တုံးလုံးလှဲတယ်ဆိုတာ ဘာမှ မပါတော့ဘူးလားး)
စကောဖ့် ဘရိတ်ဖတ်က ဘာတွေတဲ့တုန်း သူဂျီး
အခွင့်သင့်ရင် ပုံလေးဘာလေးနဲ့ လုပ်ပါဦး
မြင်ဖူးတယ်ရှိအောင်

mgmyo said...

ကျနော်တော့ သူကြီးအဖြေတွေဖတ်ပြီး မဖြေချင် ဖြေချင် နဲ့ဖြေထားတဲ့ မျက်နှာပုတ်ပုတ်နဲ့ဖြေနေတဲ့ ဦးလေးကြီးပဲ မြင်တော့တယ် ။

essay writings services online said...

and indifferent to the fate of soldiers. Nevertheless, I am never giving in and I do not have essay writings services online