Sunday 23 August 2009

လိပ်.... သိပ်စိတ်ညစ်ချင်စရာ


မာရသွန်ရဲ့ ဘုံနန်းမှာ
ကိုရွှေလိပ်က စံဝင်လို့
ရာဇ၀င်စကားတစ်လုံးရှိခဲ့တယ်
လိပ်လိုကျင့်တဲ့။


တစ်ဘက်သာကြည့်ပြီး
ကိုယ့်ဘက်ယက်တဲ့သူတွေကို
လူတွေပြောစမှတ်ပြုခဲ့ကြတယ်
လိပ်မျိုးတဲ့။


ကဲဗျာ..
ကိုရွှေလိပ်တစ်ယောက်
ဂုဏ်မြောက်ရမှာလား
ဂုဏ်ပျောက်ရမှာလား။

.......

9 comments:

နွေဆူးလင်္ကာ said...

ဟုတ်ပဗျာ။ ခေါင်းဝှက် ခြေ၀ှက်ပြီး ကိုယ့်အခွံလေးထဲမှာပဲ ကိုယ်နေတာတောင် ပြောချင်လိုက်ကြသေး။

မိုးစက်အိမ် said...

ဟုတ်ပအကိုရာ နားလည်ရ ခက်ပဗျာ
ဟိုစကားလည်းရှိသေးရဲ. တစ်ရွာမကောင်း
သူကောင်းမဖြစ် ... အဲနောက်တခုက
သေချင်တဲ. ကျားတောပြောင်းတဲ.
အေး ရော ...

မြစ်ကျိုးအင်း said...

ဖြစ်နေတဲ့အခြေအနေပေါ်မှာ သင့်တော်တာကို ယူသုံးကြ တာပေါ့ဗျာ...။
အဲလိုလေးပြောပြီး ကိုယ့်ကိုကိုယ် စိတ်ဖြေရတာပဲ မဟုတ်လား။

လင်းကြယ်ဖြူ said...

လိုရာစွဲသုံးပေါ့လေ....သူကနားလည်ပေးပါတယ်..
တစ်ချို့ကျတော့ ပြောတယ် အသုံးမကျဖူးမပြောပါနဲ့တဲ့ဆိုပြီး ဒီလိုဆိုထားတယ်..

I am not totally useless ,at least I can be used as a bad example....

လို့ပြောသေးတာ ကိုရွှေချောတို့က...

ပျော်ပါစေ

flowerpoem said...

စိတ်ညစ်တယ် လိပ်ဖြစ်တာ အခွံထူလို့ပေါ့ :P

ဇော် said...

ခနလေးဗျာ။ ကျနော် သွားမေးကြည့်လိုက်ဦးမယ်။ =]

ချိတ်ချိုးရ၀ူးနော်။ =]

သုခုမလေဒီ said...

အင်းလေ လိပ်ဖြစ်ရတာလည်းမလွယ်ပါလား။ လိပ်ဖြစ်တာ အခွံထုလို့ ဆိုတာရှိသေးးး
အော် လိပ်..လိပ် ခုလည်းကွန်နက်ရှင်က လိပ်နေလို့း)

ပုံ့မေ said...

မွန္လိုက္တာ ကြက္တိ အစ္ကိုရ။ လိပ်ခမျာ ဟက်ကော့ကြီး ခံစားရမှာပဲ။ ဟိဟိ

မသက်ဇင် said...

ကြံကြံဖန်ဖန်တွေးတတ်တယ်
ပျော်ရွှင်ပါစေ