Saturday 22 August 2009

ကိုကိုမောင့်အပြော လောလောလတ်လတ်


ကျေးဇူးတင်နေမိတာက
အင်တာနက်ကွန်ယက်ကြီးကို တကယ်ကျေးဇူးတင်တယ်။ စာတွေရေးဖြစ်အောင် ကူညီတယ်။ စာတွေဖတ်ဖြစ်အောင် ဖေးမတယ်။ မိတ်ဆွေတွေ အများကြီး တွေ့ရတယ်။ ချစ်သူစစ်စစ်ရအောင် ဆောင်ရွက်ပေးတယ်။

ခံစားနေရတာက
အထိုင်များလို့ ဒူးညောင်း ခါးညောင်း ခါးပူ ခေါင်းညီစီစီ။ အိပ်ရေးပျက်လို့ မျက်စိခပ်စပ်စပ်ဖြစ်တဲ့ ဝေဒနာ။
အဲဒါလေးတွေ ခံစားနေရတယ်။

တွေးနေတာက

ဝက်ဘ်ဆိုက်တစ်ခုက (မိုးပြာဂိုဏ်းပေါ့ ဟုတ်လား) ဆိုပြီး ကျနော့်စီဘောက်မှာ အော်သွားတဲ့ကိစ္စကို အတော်လေး အတွေးပွါးနေမိပါတယ်။ သူဘာလဲ.. ဘယ်လဲ ပေါ့။

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်နေတာက
အသက်ကသာ ကြီးလာတယ်။ ဘာမှလဲ အသုံးမကျသေးပါလား ဆိုပြီး အိပ်ရာဝင်တိုင်း ဆင်ခြင်နေမိတယ်။

ကျန်းမာရေးအခြေအနေက
ဒေါင်ဒေါင်မြည်ဆိုပေမဲ့ ထိုင်တာများရင် ၀မ်းဗိုက်ထဲမှာ လေဖွဲ့တတ်တယ်။

ဖတ်ဖြစ်တဲ့စာအုပ်တွေက
မအားပေမဲ့ ဘလော့ဂ်လစ်ထ်ထဲက ထိပ်ရောက်လာတဲ့ ဘလော့ဂ်တွေ အကုန်ဖတ်ဖြစ်တယ်။ အင်္ဂလိပ်စာအုပ်တစ်ချို့ လဲ နဲနဲတော့ ဆားမြည်းဖြစ်တယ်။

လက်ရှိရောက်နေဖြစ်တာက
weekdays တွေမှာ ကျောင်းတက်လိုက် အိမ်ပြန်လာလိုက်နဲ့ လွန်းပျံဖြစ်နေတတ်ပေမဲ့ weekend ရောက်ရင်တော့ ကေသရာဇာခြင်္သေ့ပမာ အခန်းအောင်းနေတတ်ပါတယ်။

ရေးနေဖြစ်တာက
အခုတစ်လော ဘာမှ မရေးဖြစ်ဘူး။ Final research essay(2000 words) အတွက် နေ့မအား ညမအား ဦးဏှောက်စားနေတယ်။

ဖတ်မိတဲ့ကဗျာတွေက
ညီငယ် မိုးစက်အိမ် ရဲ့  မော်ဒန်ကဗျာလေးတွေ အားလုံး ဖတ်ဖြစ်ပါတယ်။ ပြီးတော့ လေးကျိုး တေးထပ် ရတု စတဲ့ ကာရန်ကဗျာတွေကိုလဲ တွေ့ရင် တွေ့သလို မြည်းကြည့်လိုက်တာပါဘဲ။

နားထောင်ဖြစ်နေတာက
စိုင်းထီးဆိုင်၊ ခင်မောင်တိုးတို့ကတော့ အကြိုက်ဆုံးပါဘဲ။ ထီးအိမ်သင်ရဲ့  အမေသီချင်းလေးတွေလဲ နားထောင်ဖြစ်တယ်။ ချစ်မိုးကြီးလဲ မကြာမကြာနားထောင်ဖြစ်တယ်။ (အချစ်ရေ.. ဆိုတဲ့သီချင်း ရှိရင် ညွန်းပေးကြစေလိုပါတယ်။ စကားချပ်).

ဖြစ်ချင်နေတာက
သွက်သွက်လက်လက်နဲ့ လူမှုရေးကောင်းပြီး အများကို စိတ်ချမ်းသာမှုတွေ ပေးနိုင်တဲ့သူ ဖြစ်ချင်တယ်။ (၀ယ်လို့ရရင် ၀ယ်လိုက်ချင်တယ်။ တကယ်ပြောတာပါ။ အခုတော့ စိတ်သွားတိုင်း ကိုယ်က မပါဘူး။)

စားဖြစ်နေတာက
အဝေးမှာ ရောက်နေပေမဲ့ မြန်မာ့ထမင်းနှင့်မြန်မာ့ဟင်းပါဘဲ။ တစ်ခါတစ်လေ ကြက်သားကြော် ၀ယ်စားဖြစ်တယ်။

သနားနေမိတာက
မိဘနှင့်ခွဲခွါပြီး ပြည်ပမှာ ကျောင်းတစ်ဘက် အလုပ်တစ်ဘက်နှင့် ဘ၀ကို ရုန်းကန်နေကြတဲ့ ကျောင်းသူ ကျောင်းသားတွေ၊ ဘာသာရေးပဋိပက္ခတွေမှာ လူတတ်လုပ်ပြီး ဝေဖန်ကြတဲ့သူတွေ၊ ဣဿာ မစ္ဆရိယ အရမ်းများတဲ့ သူတွေအားလုံးကို တကယ်ဘဲ သနားမိပါတယ်။

လွမ်းနေမိတာက
တည်ငြိမ်မှု အပြည့်ရှိလာမဲ့ အမိမြန်မာနိုင်ငံကြီးကို တကယ်ဘဲ လွမ်းမောနေမိပါတယ်။ ဖြစ်နိုင်ရင် အခုဘဲ ပြန်သွားချင်တယ်၊ အေးအေးချမ်းချမ်းနေရမယ်ဆိုရင်ပေါ့။

ခါးသက်နေမိတာက
အက်စ်ပရက်ဆို၊ ကော်ဖီလတ်၊ ကပုချီနီတွေ ခါးပေမဲ့ ကြိုက်တယ်။ တကယ်ခါးသက်မုန်းတီးနေမိတာက သူများအတင်းကို အရမ်းပြောသူနှင့် စကားကို တင်စီးပြီး လူတတ်လုပ်ပြောဆိုတတ်သူတွေကိုပါဘဲ။

မုန်းနေမိတာက
ခန္ဓာကိုယ် ထွားကြိုင်းချင်လို့ လေ့ကျင့်ခန်းတွေ လုပ်ပေမဲ့ ပေါင် ၁၃၅ လောက်မှာဘဲ ရပ်တန့်နေလို့ ခန္ဓာကိုယ်ထဲက ဆဲလ်လေးတွေကို မုန်းမိတယ်။

အမြဲတမ်းတနေမိတာက
မဖြစ်နိုင်တော့တဲ့ အရာတွေပါ။ မိဘနှစ်ပါး ညီအစ်ကိုတွေနဲ့ အတူတူနေချင်တယ်။ ဒါပေမဲ့ မိဘနှစ်ပါးလုံး ဆုံးသွားကြပြီ။ အစ်ကိုတစ်ယောက်လဲ ထိုင်းနိုင်ငံထဲမှာ ပျောက်ဆုံးနေတာ ဆယ်စုနှစ်ကျော်သွားပြီ။

ချီးကျူးနေမိတာက
မက်မက်ဆိုတဲ့ စင်္ကာပူက ကောင်မလေးကို ချီးကျူးမိတယ်။အွန်လိုင်း တက်ခ်နီကယ်ပိုင်းဆိုင်ရာကို စိတ်ရှည်ရှည်ရှင်းပြပေးလို့။ တကယ်ချီးကျူးမိတာက စင်္ကာပူကနေပြီး ကျနော့်ကွန်ပျူတာထဲကို ၀ိဥာဉ်တစ်ခုလို အရောက်လာပြီး ကျနော့်ကွန်ပျူတာကို အသုံးပြုပေးသွားလို့။ (ဒီနည်းစနစ်ကို သိပြီးသူတွေကတော့ ကိုကိုမောင် အတော်တုံးတာဘဲ လို့ ပြောကောင်းပြောနိုင်ပါတယ်။ ဒါပေမဲ့ အခုလောလောဆယ်မှာ မက်မက်ကို တကယ်ချီးကျူးနေမိတာပါ။)

အထင်သေးမိတာက
ကျနော့်ကို ကျနော် အတော်အထင်သေးမိတယ်။ လူတွေရှေ့ မှာ စကားပြောရင် confidence မရှိသလိုဖြစ်နေလို့။

ဆန္ဒမရှိတဲ့နေရာက
စရိုက်မတူတဲ့လူများစုဝေးရာနေရာကို ဘယ်တော့မှ ဆန္ဒမရှိပါ။

ဆန္ဒရှိနေတာက
စကော့တလန်ဘက်ကို အလည်အပတ်သွားချင်တယ်။ နွေရာသီလေးမကုန်ခင်ပေါ့။ စကော့တလန်ရှုခင်းတွေက အရမ်းလှတယ်တဲ့။

ချစ်နေတာက
အမြဲတမ်း စိတ်ကို လှုပ်ရှားစေတဲ့ ခပ်ချောချော ခပ်ထက်ထက် ကျနော့်ချစ်သူလေးကို ချစ်ခဲ့ ချစ်ဆဲ ချစ်နေဦးမှာပါဘဲ။

စိတ်ပျက်နေမိတာက
ကိုယ့်ဘက်ကို အရမ်းယက်ပြီး သူတစ်ပါးရဲ့  ခံစားမှုကို လုံးဝ မစဉ်းစားတတ်တဲ့လူတွေကို တကယ်စိတ်ပျက်မိပါတယ်။

စွဲလန်းနေမိတာက
ချစ်သူလေးနဲ့ ကြည်ကြည်နူးနူး စကားပြောနေရတာကို အရမ်းစွဲလန်းနေမိပါပြီ။

လိုအပ်နေတာက
စိတ်ချမ်းသာမှုပါ။ စိတ်ကို ရှင်းရှင်းလင်းလင်းနဲ့ အေးအေးချမ်းချမ်း နေဖို့ တကယ်လိုအပ်နေတာပါ။ ဒါပေမဲ့ လူဆိုတော့ အခက်သား။

တောင်းနေမိတဲ့ဆုက
အမုန်းခံဘ၀မှ လွတ်ပါရစေသား။ သူတစ်ပါးကို မမုန်းတတ်တဲ့သူ ဖြစ်ပါရစေသား။

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
ကိုကိုမောင်.... မင်း စာမကြိုးစားဘဲ... ဘာတွေ အရှုပ်လုပ်နေတာလဲ???

ဝန်ခံချင်တာက
ငါ ဘာမှ အသုံးမကျသေးပါလား။


ကဲ ပန်းကဗျာ နှင့် မြတ်နိုးတို့ရေ...
တဂ်ထားတာလေးကို ကျနော် ကြိုးစားပြီး ပေါင်းရေးလိုက်ပါတယ်။ နဲနဲနောက်ကျသွားလို့ တကယ်အားနာပါတယ်။ ဖြစ်နိုင်ရင် ချက်ချင်းရေးပေးချင်ခဲ့တာပါ။ ဒါပေမဲ့ စိတ်ကသာ ရေးချင်ပေမဲ့ မအားမလပ်ဖြစ်နေလို့ အခုမှဘဲ ရေးဖြစ်လိုက်တော့တယ်။ အားလုံး ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ။ ။

.....

6 comments:

မိုးစက်အိမ် said...

အစ်ကိုရေ ၀မ်းလည်းသာတယ် ကျေးဇူးလည်းတင်တယ်
စိတ်လည်းမကောင်းဘူးဗျာ ... ၀မ်းသာတာကတော.
အကိုခုလိုတိုးတက်နေတာ ကြိုးစားနေတဲ.အတွက်ပါ
ကျေးဇူးတင်တာကတော. ကျွန်တော်.မကောင်း
မကန်းကဗျာလေးတွေရဲ. ပင်အမာခံအားပေးနေတာ
အထူးကိုကျေးဇူးတင်ပါတယ် အစ်ကို ... ၀မ်းနည်း
တာကတော. အကို.မိသားစု အကြောင်းလေးပေါ.ဗျာ...
အကိုအနာဂါတ်မှာ အကို.ချစ်သူ နဲ. သာယာပျော်ရွှင်
ပြီး ပြီးပြည်.စုံလေး ကမ္ဘာလေး ရာသက်ပန်တည်ဆောက်
နိုင်ပါစေလို. ဆုမွန်ကောင်းတောင်းအပ်ပါတယ်...
ခင်ရာဆွေမျိုး မိန်ရာဟင်းကောင်းဆိုသလို အစ်ကို ကိုညီအစ်ကို
တစ်ယောက်လို ခင်မင်မိပါတယ် ခင်ဗျ ... :)

နှင်းနဲ့မာယာ said...

အကိုရေ
စာမကျက်ပဲ ဘာတွေလုပ်နေတာလဲ.....
စာကျက်တော့....
လောလောလတ်လတ်လေးကိုဖတ်ပြီး
ဆဲလ်တွေကို စိတ်နာမိတယ်..
ချစ်သူလေးးနဲ့ အဆင်ပြေပါစေနော်...

flowerpoem said...

ကိုကိုမောင် ကျေးဇူး အများကြီးတင်ပါတယ် ရေးပေးတာ ကျွန်မထင်တာမမှား ဘူး ကျွန်မတဂ်လိုက်တဲ့ လူတွေက စာတွေကို ညွှန့်နေအောင်ရေးတတ်တယ်
ဖြစ်ချင်တာတွေဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်ရှင်
ဘာပဲပြော၂ ရေးပေးတာကို အထူးကျေးဇူးတင်လျှက်
ပန်းကဗျာ

မေဇင် said...

ko ko mg........... ;))

လင်းကြယ်ဖြူ said...

ဟုတ်တယ် ကိုယ့်ဖက်အရမ်းယက်ပြီး သူတပါးဖက် ကို မစဉ်းစားပေးတဲ့လူတွေက တော်တော်စိတ်ပျက်ဖို့ကောင်းတယ်ဗျ..
လန်းစရာလေးတွေတွေ့ပါစေ..

မြစ်ကျိုးအင်း said...

စာလေးလည်းကျက် ဘလော့လေးလည်း လည်ပေါ့ မျှမျှတတလုပ်ဘို့ အားပေးသွားတယ်။