Saturday 1 April 2017

နီ

အနီတော့ 
အနီပါပဲ
ဒါပေမဲ့
အနီလားဆိုပြန်တော့
မနီပြန်ဘူး။
ဒါဖြင့် မနီဘူးလားဆိုတော့လဲ
နီပြန်တယ်
လူတွေက
နီတာ မနီတာကို
အနီနဲ့ ခွဲနီနေကြတယ်။
တကယ်ဆို
နီတိုင်းလဲ
အနီမဟုတ်သလို
မနီတိုင်းလဲ
အနီမဟုတ်ဘူးလို့ ပြောမရပါဘူး။
အနီတွေ ထင်းနေတဲ့
နှင်းဆီမှာတောင်
နီ ဖြူ ၀ါ နက်
အနီသက်သက် မဟုတ်ကြဘူးမဟုတ်လား။
နီကြနော် နီကြ
အားရပါးရ နီကြ
ဒါပေမဲ့
တခြားနီသူတွေကိုတော့
ငါ့လောက် မနီဘူးလို့
အနီမကဲစေချင်ဘူး။
လူတိုင်းမှာ
သူ့အနီအခွင့်အရေးနဲ့
သူ နီနိုင်တယ်
သူနီချင်တဲ့အခါ နီမယ်
မနီချင်တဲ့ အခါ မနီဘူး။
သိထားရမှာက
နီတိုင်း မကောင်းသလို
မနီတိုင်းလဲ မကောင်းမဟုတ်ကြဘူးဆိုတာပါဘဲ။

1 comment:

ဂျစ်တူး ( မုံရွာ ) said...

သူကြီးနီရင်ပြီးတာပဲ
ဘယ်သူနီနီ မနီနီ
ဟွန်း