Friday 25 September 2015

အေးရာအေးကြောင်း


သားသုံးသား
ထင်ရှားပါတဲ့ ပြည်။

နှစ်သားမှာ ထင် မှားပါလို့
တစ်သားသာ ခင် များတော့တယ်
တင်စားလို့ နေ။

မြင်မမှားလေနဲ့
ထင်ထားသမျှ ယဉ်သကို
ရင်ဖိုလို့ ဆွေး။

မုန်းထားမတော်
ဂုံးစကား မချော်လေနဲ့
သုံးသားတွေ တူတူလှော်ကာမှ
တူတူပျော် ပြည်တော်ခရီးကို
ထိုသုံးဖော် ပျိုပြုံးပျော်များရယ်နဲ့
သွားကြမှ အေး။

(တုံးဖလားသူကြီးမင်း
၂၅ စက်တင်ဘာ ၂၀၁၅ သောကြာ
၂၃း၂၀ နာရီ)

.

2 comments:

Unknown said...

သားသုံးသားက ဘာတွေများပါလိမ့် ... @_@ ရှင်းလင်းအောင် ရေးပါ တဂျီးမင်းရယ်... နန်းတို့က ခပ်တုံးတုံးရယ်... :)

သူကြီးမင်း (တုံးဖလား) said...

ဝက်သား ကြက်ဆင်သား အမဲသားပါ နန်း။း)