Saturday 19 July 2014

ဇာနည်ဆုတောင်း



စာအုပ်ကိုဆွဲ
အခန်းထဲဝယ်
လဲလျောင်းကာသာ နေမိသည်။

ကွန်ပြူတာဖွင့်
နားကိုစွင့်သည်
ရဲရင့်သွေးတို့ နီလေပြီ။

ချိန်ခါအမီ
ပွဲတော်စည်သည်
ဇာနည်သားတို့ များလေပြီ။

ဥသြအော်မြည်
သမိုင်းချီသည်
မျက်ရည်စက်တို့ ရွှဲစေပြီ။

ဤသို့ဤပုံ
ရင်တွေခုန်သည်
ရဲဂုဏ်စိတ်တို့ မြဲပါစေ။

မျိုးချစ်စိတ်ကြီး
ကောက်ရိုးမီးသို့
ချည်းနှီးခြင်းများ လွှဲဖယ်စေ။

လွမ်းဆွတ်အတူ
သံဝေယူမည်
အပူမီးများ ငြိမ်းပါစေ။

(သူကြီးမင်း၊ ၁၉ .၀၇.၂၀၁၄ စနေ ၁၅း၅၈ နာရီ)



.

2 comments:

မောင်သီဟ said...

ကျဆုံးလေပြီသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု!!!!!!!!!!!

Aunty Tint said...

ဒီကနေ့ ရွာရိုးတစ်လျှောက်လည်ရင်း တဂျီးအိမ်လေးမှာ ကဗျာတွေ တထောကြီးဖတ်ခွင့်ရလို့ ကျေးဇူးပါကွယ်...
'အာဇာနည်နေ့တို့မမေ့'