Wednesday 28 May 2014

ကဗျာဖွဲ့တေးသီ




ကောင်းကင်ပြာ
တိမ်လွှာဆိုင်းပါလို့
ညိုပြာမှိုင်း ၀တ်ရည်။

တေးသီဖော်
ငှက်တော် ရိုင်းရယ်က
ကိုင်းကူးလို့ ကြည်။ 

ဖြူလွှာလွှာ
မာလာပွင့်ပါလို့
ပနာသင့် သွေးညီ။

ဖန်ခါခါ
ရူပါဆင့်လို့ရယ်
ကဗျာနှင့် တေးသီ။


7 comments:

ဂျစ်တူး ( မုံရွာ ) said...

မင်္ဂလာပါသူကြီး
ကဗျာကမဆုံးသေးဘူးနော်
ဆက်ဦး

MND said...

သဂျီး ကဗျာက အဖျားရှူးနေသလိုပဲ။ :)

Anonymous said...

ဆက်ရေးပါ အပေါ်က ကဗျာဆရာမကြီးရေ

ရွှေစင်ဦး

စုချစ် said...

ကဗျာဉာဏ်ကွန့်လူးနိုင်တဲ့သူများကြတော့လည်း သစ်ရွက်လေးလှုပ်နေတာမြင်ရုံနဲ့ ကဗျာတစ်စက ထွက်ကျလာတော့တာပဲ... အားကျပါတယ်...တဂျီးမင်းရေ... အဲ့လိုလေး ရေးတတ်ချင်လိုက်တာ... :)

စံပယ်ချို said...

ကဗျာထဲက ကောင်းကင်ပြာ
ပုံထဲက ကောင်းကင်ပြာ
ထင်ဟပ်လှတယ်

ရင်ခုန်ရသူ said...

ကဗျာအချိုး သရေတိုး ဖြိုးမောက်လှပါတယ်...

Aunty Tint said...

ဒီကဗျာလေးနဲ့တင် ဒီညဘလော့ရွာလည်ရတာ တန်သွားပြီး ....