Monday 25 March 2013

ရောပြွမ်းတွန့်လိမ်













အချစ်ရေ...
ချစ်မိုးကြီး ရွာသွန်းပါလှဲ့။

ဘ၀သံသရာထဲက
တေဘုမ္မာ လွမ်းဇာတ်နဲ့
သံသရာခရီးသည် ကိုယ်ရယ်ပါ။

သုဿာန်ကိုအသွား
ဘာဝနာပွါးခဲ့မိပေမဲ့
သုဿာန်ကအပြန်
လှည်းတန်းကို လွန်တော့။

အချစ်ရေ တမ်းတလိုက်
တေဘုမ္မာ မှန်းဆလိုက်
ချစ်မိုးကြီးမျှော်လိုက်
သံသရာခရီးလှော်လိုက်။

နောက်ဆုံးတော့
ငိုမဲ့မဲ့ နှလုံးအိမ်လဲ
ဖုတ်လှိုက် ဖုတ်လှိုက်။ 


အချစ်ရေ...(ဖြူသီ)


ချစ်မိုးကြီး...(ဖြူသီ)


ဘ၀သံသရာ... (ဦးသုခ)

 


တေဘုမ္မာ ရှင်းတမ်း... (ဦးမောင်မောင်ကြီး၊ ဒေါ်ရီရီသန့်၊ ဒေါ်တင်တင်မြ)


သံသရာခရီးသည်... (မာမာအေး)


မှတ်ချက်။
ကိုယ်ရော စိတ်ရော မအားမလပ် ဖြစ်နေပါသဖြင့် အိမ်တိုင်းစေ့ တံခါးမခေါက်နိုင်တာကို ခွင့်လွတ်ပေးကြပါလို့။ ထမင်းဟင်းအသစ်ချက် (ပို့စ်အသစ်တက်)တဲ့ အိမ်တိုင်း တိုးတိုးတိတ်တိတ် အလည်ရောက်ရှိခဲ့ပေမဲ့လဲ လက်ဆောင်(ကွန်မင့်) မပေးခဲ့နိုင်တာကိုလဲ နားလည်ပေးကြပါလို့။ ။

.

12 comments:

ညိမ်းနိုင် said...

တိုးတိုးတိတ်တိတ် ဆိုတော့လည်း တိုးတိုးတိတ်တိတ်
ပေါ့တဂျီးရယ်....၊တိုးတိုးတိတ်တိတ်နဲကျိတ်ကျိတ်ပြီး
ရောက်လာတယ်ဆိုရင်ပဲ ဝမ်းသာလှပါပြီ...။

Aunty Tint said...

မောင်ညိမ်းနိုင်ပြောသလို ဘယ်လိုနည်းနဲ့ ရောက်ရောက်ပါ သူကြီးမင်းရယ်... မရောက်တာနဲ့စာရင် ၀မ်းသာရတာပေါ့ (တံခါးမခေါက်မခြင်း စီဘောက်စ်မှာ မျက်စိနောက်အောင်လုပ်တဲ့နည်းကို အသုံးပြုနေတာ :P)
အားလုံးနားထောင်လိုက်မှ ရောပြွမ်းနေတာအမှန်ပဲး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မိုးသက် said...

အစ်ကို့ကဗျာလေးတွေလာဖတ်ရင်း နည်းနည်းချင်းစီ သင်ရတယ်.။ ကိုယ့်ကိုယ်ကို နည်းနည်းတော့ ပညာပါသွားအောင် ယူရတယ်.။ ကောင်းသဗျာ..။

ဟန်ကြည် said...

ချစ်မိုးကြီးကို မျှော်ရင်း သက်ဝေနဲ့လဲ တွေ့ရော ငါးပါးမှောက်သွားရောမဟုတ်လား သူကြီးမင်းး)

တေးဘုမ္မာထောက်ရင်း ဆေးရုံပါရောက်သွားတာလည်း မှတ်ပုံမရဘူး...

သံသရာခရီးသည်လို့ တညည်းတည်းညည်းပြီး အပြန်မှာ အပြီးသယ်သွားတာလည်း နည်းနည်းလျှော့း)

စာမေးပွဲတွင်း အလုပ်ပိသွားတာကြောင့် ပို့စ်တွေ လွတ်ကုန်တယ်ထင်ပါရဲ့...လက်ကျန်လေးတွေ တစ်ပတ်လောက် အနားရတုန်း ကောက်သင်းလိုက်ကောက်လိုက်ဦးမယ်...

မဒမ်ကိုး said...

တိုးတိုးဘဲတိတ်ရဦးမတဲ့ေ၇ာက်ရင်တော့ခြေရာခံ အဲလေ ခြေရာခြံပေါ့တော် .
ချစ်မိုးကြီးမလုပ်နဲ့ မုန်တိုင်းတိုက်မှာကြောက်နေရတယ်

စိန်ဂျာရစ်

blackroze said...

မအားမလပ်ရအောင်
ဘာတွေများတိုးတိုးတိတ်တိတ်နဲ့
ကြိတ်လုပ်နေပါသလည်းသူကြီးရယ်..

စီိအိုင်အေ ပစ်ပစ်လည်း အခုအရင်လို
သိပ်မစပ်စုနိုင်တော့ဘူးလေ..
သတင်းတွေကလည်းများတယ်မှတ်လား..
အဲတော့ စွဲစွဲ pigလို့ဘဲနာမည်ပြောင်းလိုက်တယ်..

ကူးကူးလှိုင် said...

ကဗျာဖတ်ပြီး မောသလို ခံစားရလို့ ရေအေးလေး သောက်လိုက်အုံးမယ်...

Anonymous said...

ကျန်းမာရေးတော့ ဂရုစိုက်ကွဲ့ :P

~ Kk ~

Candy said...

လုပ်ချလိုက်ပြန်ဘီ သီချင်းအားလုံးပေါင်းပြီး ကဗျာစပ်သွားသေးတယ် ဟီးးးးး

အင်း ထင်တော့ထင်သားးးးးး

သူအားရင် ဒီလို ငြိမ်မနေပါဘူးလို့ xD

ဆွေလေးမွန် said...

ကဗျာလေးက တိုတို အဓိပ္ပါယ်ပါပါ
လူ့သဘောလူ့သဘာဝလေးကို ရေးထားတာ
ှနှစ်သက်စရာ

Anonymous said...

သူကြီးလိုဘဲဗျာ....
တိတ်တိတ်လေးပြန်သွားမယ်လို့ နေတာ.
သီချင်းတွေနားထောင်ပြီး ဟိုလွမ်းသလိုလို ဒီဆွေးသလိုလိုကြောင့် လက်ဆောင်ထားခဲ့လိုက်တယ် ။

လူပြိုကြီးတွေမို့ ထင်ရဲ့ အကြိုက်ချင်းက တူ..တူရန်ကေား))။


မင်းဧရာ

Anonymous said...

လူပြို ကြီးကဘဝသံသရာဆိုလေသလားဗျာ


မောင်ဘကြိုင်